Venice Film Festival မှာ The Sun Rises on Us All ဇာတ်ကားနဲ့ အကောင်းဆုံးမင်းသမီးဆုရ မင်းသမီးချော ရှင်ကျီလိန်ဟာ စားပွဲထိုးဘဝကနေ မင်းသမီးဖြစ်လာခဲ့သူပါ။ စက်တင်ဘာ ၆ ရက်နေ့က ဒီဆုကြီးကို ရရှိခဲ့ကတည်းက သူ့ရဲ့ဘဝဇာတ်ကြောင်းက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာပါ။ လူမှုကွန်ယက်အသုံးပြုသူတွေက နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုနဲ့ အခုလိုဆုရရှိခဲ့တဲ့အတွက် ဂုဏ်ပြုခဲ့ကြပါတယ်။
မဖွံ့ဖြိုးသေးတဲ့မြို့တစ်မြို့ဖြစ်တဲ့ ဟိုင်ဂန်မှာ မွေးဖွားခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် ရှင်ကျီလိန်ရဲ့မိဘတွေက ကာယလုပ်သားတွေပါ။ သူ့မှာ မောင်လေးနဲ့ ညီမလေးရှိပါတယ်။ သူ့မိသားစုက အရမ်းဆင်းရဲတာကြောင့် အလယ်တန်းကျောင်းသူဘဝမှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ခဲ့တာပါ။ သူကြီးပြင်းလာတော့ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကို သိရှိလာပြီး ဟဘင်းမြို့က နာမည်မရှိတဲ့ ကျောင်းမှာ ဖက်ရှင်ဒီဇိုင်းကို လေ့လာခဲ့ပါတယ်။ အဲ့ဒီမှာပဲ မတော်တဆမှုကြောင့် မသန်စွမ်းဖြစ်သွားတဲ့ သူ့အဖေကို ပံ့ပိုးပေးဖို့အတွက် မော်ဒယ်အနေနဲ့ အချိန်ပိုင်းအလုပ်လုပ်ခဲ့ပါတယ်။
ဟောင်ကောင်မင်းသားကြီး ဒွန်နီယန်းရဲ့အဖွဲ့ဟာ ၂၀၀၅ ခုနှစ်က ပြည်တွင်းရုပ်သံဌာန စီစဉ်ခဲ့တဲ့ ပွဲတစ်ခုမှာ ရှင်ကျီလိန်ရဲ့အရည်အချင်းကို မြင်တွေ့ခဲ့ပြီးတဲ့နောက် ဒွန်နီယန်းရဲ့ကုမ္ပဏီက သူ့နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ Box Office အောင်မြင်မှု မရှိတာကြောင့် တရုတ်နိုင်ငံမှာ သူ့ကို သိပ်မသိကြပေမဲ့ ဒါက နာမည်ကြီးတစ်ယောက်ဖြစ်ချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ကို မရပ်တန့်စေခဲ့ပါဘူး။ သူက အစားအသောက် ဒါမှမဟုတ် ကွန်ပျူတာကို ဘယ်တော့မှ ဝယ်ဖို့မတတ်နိုင်ဘူးလို့ မျှော်လင့်တဲ့အတွက် ပိုက်ဆံလိုချင်စိတ်ရှိတယ်လို့ ဝန်ခံထားပါတယ်။
၂၀၁၀ ခုနှစ် သူ့အဖေမသေဆုံးခင် ၅ နှစ်လောက်က သူ့ညီအစ်ကိုတွေနဲ့ အွန်လိုင်းကနေ စကားပြောနိုင်ဖို့ ကွန်ပျူတာဝယ်ပေးဖို့ သူ့ကို တောင်းဆိုခဲ့တာပါ။ အဲ့ဒီတုန်းက ရှင်ကျီလိန်ရဲ့ဝင်ငွေက တစ်လကို ယွမ် ၃၀၀၀ ထက်နည်းပြီးရတာမို့ သူ့အဖေရဲ့တောင်းဆိုချက်ကို ငြင်းခဲ့တာပါ။ အဲ့ဒီကတည်းက သူ့အဖေကို ငြင်းခဲ့တဲ့အတွက် နောင်တရနေခဲ့တာပါ။ သူ့အဖေက မရှိတော့ဘူး။ နှစ်တိုင်းတော့ သူ့အဖေရဲ့အုတ်ဂူရှေ့မှာ စက္ကူနဲ့လုပ်ထားတဲ့ကွန်ပျူတာကို မီးရှို့ပေးတယ်လို့ သူ့အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
တီဗီစီးရီး Blossoms Shanghai ထုတ်လွှင့်တဲ့အချိန် ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ ရှင်ကျီလိန်က နာမည်ကြီးလာခဲ့ပါတယ်။ ခေါင်းဆောင်မင်းသမီးတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ သူက သူ့ရဲ့ဇာတ်ရုပ်အတွက် ပရိသတ်တွေရဲ့ချီးမွှမ်းမှုကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း သူဟာ Shanghai Magnolia Stage Performance Awards မှာ Prima Facie ပြဇာတ်နဲ့ Best Leading Performance ဆုကို ရရှိခဲ့ပါသေးတယ်။
Ref: Xin Zhilei, Venice Film Festival best actress, from poverty to discovery by Donnie Yen team
WL (ရိုးရာလေး)

