ဖရဲ – ဖရုံ ၂ မျိုးစပ်အသီးကို တရုတ်တောင်သူ စမ်းသပ်စိုက်ပျိုးနေ

22.6.2023-yyl-1.jpg

တရုတ်တောင်သူတစ်ဦးဟာ ဖရဲ – ဖရုံ အရသာနှစ်မျိုးလုံး ရရှိစေမယ့် ဖရဲ- ဖရုံ ၂ မျိုးစပ်အသီးကို စမ်းသပ်စိုက်ပျိုးနေပါတယ်။ အသက် ၄၀ ဝန်းကျင် ရှိတဲ့ ဖရဲစိုက်တောင်သူဟာ တရုတ်နိုင်ငံ အန်ဟွေးပြည်နယ်၊ ဖူယန်းမြို့က ဖြစ်ပြီး တရုတ်သတင်းဌာနတွေမှာတော့ မစ္စတာအေလို့ ဖော်ပြကြပါတယ်။

သူဟာ ဖရဲတစ်ဝက်၊ ဖရုံတစ်ဝက် အသီးကို စမ်းသပ်စိုက်ပျိုးနေတာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က တရုတ်လူမှုကွန်ရက် စာမျက်နှာ Weibo ပေါ်မှာ ထူးခြားတဲ့အသီးရဲ့ ဓာတ်ပုံတွေ တင်ခဲ့ပါတယ်။

” ဖရုံစေ့ကို ဖရဲစေ့ထဲ ပေါင်းစပ်ထည့်သွင်းဖို့ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့တာပါ။ နောက်ဆုံးတော့ အောင်မြင်ပါပြီ။ စိုက်ပျိုးဖြစ်ထွန်းနိုင်ခြေ ရှိပါတယ်” လို့ မစ္စတာအေက ဆိုပါတယ်။ ဖရဲ – ဖရုံ ၂ သီးစပ်အသီးကို စိုက်ပျိုးရာမှာ ထင်တိုင်းမပေါက်သေးလို့ ပြီးပြည့်စုံအောင် ဆက်လုပ်ဖို့တော့ လိုနေသေးတယ်လို့ သူက ပြောပါတယ်။ မစ္စတာအေက ဖရဲတစ်ဝက်၊ ဖရုံတစ်ဝက် အညီအမျှ ကြီးထွားလာချင်ပေမဲ့ တချို့အသီးတွေက ဖရဲ ၁၀ ရာခိုင်နှုန်း၊ ဖရုံ ၉၀ ရာခိုင်နှုန်း ဖြစ်နေတာပါ။

Ref: Chinese Farmer Claims to Have Created Half-Melon Half-Watermelon Hybrid Fruit

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top