ခြောက်သွေ့တဲ့ အသားအရေကို ပြန်လည်ကောင်းမွန်လာစေမယ့် အစားအစာများ

portrait-of-young-woman-touching-her-face-PCWJCKT.jpg

ဆောင်းရာသီရဲ့ ပိုအေးတဲ့ အပူချိန်ဟာ အသားအရည်တွေကို ပျက်စီးစေပါတယ်။ နွေရာသီနဲ့စာရင် လေထုထဲမှာ ရေငွေ့ပါဝင်နှုန်း ပိုနည်းလာတဲ့အတွက် အသားအရည်ဟာ ပိုပြီး ခြောက်သွေ့ ယားယံပြီး သက်တောင့်သက်သာ မဖြစ်တာမျိုးကို ခံစား လာရစေပါတယ်။ တစ်ခါတလေမှာ နီရဲပြီး အရေခွံကွာတာမျိုးတွေတောင် ဖြစ်တတ်ပါသေးတယ်။ Moisturizer တွေ များများသုံးခြင်း၊ အပူအအေး ချိန်ညှိခြင်းနဲ့ ရေငွေ့ပေးစက်တွေကို အသုံးပြုခြင်းတွေအပြင် အောက်ပါ အစားအစာများကို စားသုံးခြင်းက ခြောက်သွေ့နေတဲ့ အသားအရည်ကို ပြန်ကောင်းလာစေပါတယ်။

ရေ

အစားအစာရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သင့်အသားအရည် ခြောက်သွေ့ခြင်း မဖြစ်ဖို့ ထိန်းသိမ်းခြင်းအတွက် အကောင်းဆုံးနည်းလမ်းက ရေဓာတ် ဖြည့်တာပါပဲ။ ရေသောက်ခြင်းဟာ အရည်ပြား သွေးလည်ပတ်မှုကို မြှင့်တင်ပေးဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံ လိုအပ်ချက်ပါ။ stat calculator ကိုသုံးပြီး သင် ရေဘယ်လောက် သောက်သင့်သလဲ ဆိုတာကို တွက်ချက်ကြည့်ပါ။ ရေသောက်ခြင်းအပြင် ဖရဲသီး၊ ပန်းသီး၊ လိမ္မော်သိး၊ နာနတ်သီး၊ တရုတ်နံနံနဲ့ သခွားသီးစတဲ့ ရေပါဝင်နှုန်း မြင့်မားတဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေကိုလည်း စားပေးသင့်ပါတယ်။

Omega-3 ဖက်တီးအက်ဆစ် မြင့်မားတဲ့ အစားအစာများ

သင့်အတွက် ကောင်းမွန်စေတဲ့ အဆီဓာတ်တွေဟာ ခြောက်သွေ့တဲ့ အသားအရည်ကို ပျော့ပျောင်းစေပြီး အစိုဓာတ်ကို ထိန်းထားပေးနိုင်ပါတယ်။ အစိုဓာတ်က ပိုပြီး ပြည့်ဝစေပြီးတော့လည်း အရေးအကြောင်း ဖြစ်ပေါ်စေခြင်းကို လျှော့ချပေးနိုင်ပါသေးတယ်။ (မျက်နှာ အသားအရေကို ချက်ချင်းပင့်တင် ပေးတာမျိုးပေါ့) ။ အဓိကကတော့ Omega-3 လိုအပ်ခြင်းဟာ အသားအရည် ခြောက်သွေ့ခြင်းကြောင့် ဖြစ်လာမဲ့ လက္ခဏာတွေကို ဖြစ်ပွားစေနိုင်ပြီး အချို့သော ကိစ္စရပ်တွေမှာ အင်ပြင်ထခြင်းကိုတောင် ဖြစ်စေနိုင်ပါတယ်။ Omega-3 မြင့်မားစွာပါဝင်တဲ့ အစားအစာတွေကတော့ ဆယ်လ်မွန်၊ တူနာ စတာတွေ ဖြစ်ပါတယ်။ တကယ်လို့ ငါးက သင့်အကြိုက်မဟုတ်ခဲ့ဘူးဆိုရင် flaxseed တွေ ထောပတ်သီးတွေနဲ့ သစ်ကြားသီးတွေကို စားသောက်နိုင်ပါတယ်။

ဇင့်ပါဝင်သော အစားအစာများ

တကယ်လို့ အသားအရည်ဟာ ခြောက်သွေ့ အက်ကွဲနေတယ်ဆိုရင် ဇင့်ပါဝင်တဲ့ စားစရာတွေကိုစားပါ။ ဇင့်ဓာတ်ဟာ အနာတရဖြစ်နေတဲ့ အရေပြားကို ပြန်ကျက်အောင် ကုသပေးနိုင်ပြိး ပိုဆိုးမလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဂုံး၊ ပဲ၊ ကြက်ဆင်၊ ဂဏန်းနဲ့ အဆီမပါတဲ့ အမဲသားတွေဟာ ဇင့်ဓာတ် ကြွယ်ဝတဲ့ စားစရာတွေပါ။

ဗီတာမင် A ကြွယ်ဝစွာပါဝင်သော စားစရာများ

ဗီတာမင် A ဟာ ခြောက်သွေ့ အက်ကွဲနေတဲ့ အသားအရည်ကို ပြန်လည် စိုပြည်လာစေနိုင်ပြီး သစ်ရွက်စိမ်းကဲ့သို့သော အစိမ်းပုပ်ရောင်တွေမှာ အလွယ်တကူ တွေ့နိုင်ပါတယ်။ ဗီတာမင် A ဟာ အသားအရည် ပျက်စီးခြင်းကိုလည်း ပြန်လည်ကုသပေးနိုင်ပါတယ်။ (လေတိုက်ထဲမှာ သို့မဟုတ် နေရောင်ထဲမှာ အနေကြာတဲ့အခါမျိုးမှာ သူက ကူညီပေးနိုင်ပါတယ်) သစ်ရွက်စိမ်းတွေမှာ သာမကပါဘူး။ မုန်လာဥနီ၊ ကန်စွန်းဥ၊ butternut squash တွေနဲ့ ဖရုံသီးတွေမှာလည်း ဗီတာမင် A ပါဝင်ပါတယ်။

ဗီတာမင် E မြင့်မားစွာ ပါဝင်တဲ့ အစားအစာများ

ဒီစွမ်းအားပြည့် ဗီတာမင်ဟာ အသားအရည်ကို နဂိုမူလ အစိုဓာတ်အတိုင်း ထိန်းသိမ်းပေးနိုင်တဲ့အပြင် UV ဒဏ်ကိုလည်း ပိုပြီးခံနိုင်ရည် ရှိလာစေပါတယ်။ Vitamin E မြင့်မားစွာပါဝင်တဲ့ စားစရာတွေထဲမှာ အခွံမာသီးတွေ၊ အစေ့တွေ၊ ထောပတ်သီး၊ ဂျုံ၊ ground flaxseed / flaxseed ဆီ၊ အစိမ်းရောင် အရွက်များနဲ့ ပန်းဂေါ်ဖီစိမ်းတို့ ပါဝင်ပါတယ်။

ရေးသားသူ Wathun Myat Chal

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top