ကိုယ်ချင်းစာစိတ် နှင့် တာဝန်ယူမှု

person-lying-on-the-ground-after-a-car-accident-GYT9HBA.jpg

၂၀၁၅၊ ဇူလိုင်လ၊ ၁၁ရက်၊ ည၉:၃၀။ ။ ရန်ကုန်မြို့၊ သံသုမာလမ်းရှိ လမ်းဘေးဆီဆိုင်ရှေ့တွင် အသက်၄၅နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား ဆလွန်းကားတစ်စီးမှ တိုက်ပြီး ထွက်ပြေးခဲ့သည်။

တိုက်သွားသော ကားမောင်းသူမှာ သေသလား၊ ရှင်သလားတောင် ဆင်းမကြည့်ခဲ့ပေ။ ဓာတ်ဆီဆိုင်မှ လူများမှ အရေးပေါ်သို့ ဖုန်းဆက် အကြောင်းကြားခဲ့ရပါတယ်။ ဦးခေါင်းခွံ ပေါက်ပြဲပြီး ကျောရိုးပါ ကျိုးသွားပါသဖြင့် လမ်းပြန်လျောက်နိုင်ဖို့နေနေသာသာ အသက်လုနေရတဲ့ အနေအထားမှာ ရှိနေပါတယ်။

လူတိုင်းအမှားနှင့် မကင်းနိုင်ပါ။ သို့သော် မိမိအမှားကြောင့် တဖက်သား ထိခိုက်နစ်နာခဲ့လျင် ကိုယ်ချင်းစာစိတ် ထားရှိခါ တာဝန်ယူလိုစိတ် ရှိသင့်ပါသည်။ တာဝန်မယူလိုလျင်၊ မိမိအပြစ်အတွက် ပြန်မပေးဆပ်လိုလျင် အမှားကင်းအောင် အစကတည်းက ဆင်ခြင်သင့်ပေသည်။ မိမိ၏ မကောင်းမှုကို တခြားသူ မသိအောင် ဖုံးကွယ်ထားလို့ ရကောင်းရပေမယ့် မိမိစိတ်ကို မိမိကိုယ်တိုင် အမှောင်ရိပ်ထဲ ထောင်ချထားပြီး သေသည်အထိ စိတ်မသန့်ဘဲ အထိတ်ထိတ် အလန့်လန့် နေနေရပေလိမ့်မည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top