ကမ္ဘာ့လူလည်ပတ်ချင်မှုအများဆုံးကျွန်း – Galapagos islands

Galapagos.jpg

အမေရိကန် အခြေဆိုက် ခရီးသွား မဂ္ဂဇင်း တစ်ခုရဲ့ စစ်တမ်း ကောက်ချက် အရ Galapagos islands လို့ခေါ်တဲ့ Galapagos ကျွန်းများဟာ ကမ္ဘာ့ လူသွားချင်မှု အများဆုံး နေရာ အဖြစ် စံချိန်တင်ခဲ့ပါတယ်။

သူပြီးတော့မှ အင်ဒိုနီးရှားရဲ့ ဘာလီကျွန်းက ဒုတိယ လိုက်ခြင်း ဖြစ်ပါတယ်။

တောင်အမေရိကတိုက် အနောက်မြောက်စွန်းမှာ ရှိတဲ့ အီကွေဒေါနိုင်ငံရဲ့ ပိုင်နက် ကျွန်းစု တစ်ခု ဖြစ်ပြီး ပြည်မကြီးနဲ့ မိုင် ၆၀၀ ဝေးပါတယ်။ ပစိတ်ဖိတ် သမုဒ္ဒရာတွင် တည်ရှိနေခြင်း ဖြစ်ပါတယ်။ ကျွန်းမှာ သန္တာကျောက်တန်းများ အပြင် ဧရာမ လိပ်ကြီးများ၊ ဖျံများ နဲ့ အခြားသော ကုန်းနေ၊ ရေနေ သတ္တဝါများလည်း ရှိပါတယ်။

ကျွန်း တစ်ခုနဲ့ တစ်ခုကြား ရေထဲမှာ လှေစီးခြင်း၊ ခရီးသွားရခြင်းကို နှစ်သက်ကြပြီး ယင်းနေရာဟာ အပေါ်စီးကနေ ဓာတ်ပုံရိုက်ရင် ပြန်လည် ပြုပြင်ထားတဲ့ ပန်းချီကား တစ်ခုပမာလို့တောင် ထင်ရပါတယ်။ အစိမ်းရောင်၊ ကျောက်စိမ်းရောင်၊ စိမ်းပုပ်ရောင်၊ အပြာရောင်များ ပြည့်နှက်နေတဲ့ နေရာ ဖြစ်ပါတယ်။

ကျွန်းမှာ ရေငုပ်ခြင်း၊ သတ္တဝါနဲ့ သန္တာကျောက်တန်းများ လေ့လာခြင်း၊ ရေပေါ် ခရီးသွားခြင်း၊ ကမ်းခြေတွင် အပန်းဖြေခြင်းတို့အပြင် ကျွန်းပေါ်က အပန်းဖြေရန် စားသောက်ဆိုင်များ၊ ဟိုတယ်များလည်း ရှိပါတယ်။

Ref: wiki

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top