WLC အမှတ်တံဆိပ်ကို ဆေးမင်ကြောင်ထိုးကာအားပေးသည့်ပရိသတ်များအတွက် WLC က တစ်သက်တာပွဲကြည့်ခွင့်ပေးအပ်

wlc.jpg

WLC ရဲ့အမာခံပရိသတ်တွေဟာ WLC အမှတ်တံဆိပ်ကို ဆေးမင်ကြောင်ရေးထိုးခြင်းနဲ့ အားပေးထောက်ခံကြောင်းပြသနေကြပြီး လက်ရှိမှာ ဆေးမင်ကြောင်ထိုးရန်ဖို့အတွက် ရန်ကုန်မြို့က စာရင်းပေးထားသူ အယောက် (၃၀) ကျော်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

အခုလိုအမာခံပရိသတ်တွေ ဆေးမင်ကြောင်ရေးထိုးမှုအတွက် ကုန်ကျစရိတ်ကို WLC က တာဝန်ယူကျခံပေးတဲ့အပြင် ဆေးမင်ကြောင်ရေးထိုးအားပေးတဲ့ ပရိသတ်တွေအတွက် WLC ပြိုင်ပွဲအားလုံးမှာ VIP အနေနဲ့တစ်သက်တာကြည့်ရှုခွင့် (Lifetime All Event VIP Pass) ကိုလည်း ပေးသွားမှာဖြစ်တယ်လို့ WLC တည်ထောင်သူ ဦးဇေသီဟက ထုတ်ဖော်ပြောကြားထားပါတယ်။

WLC အမှတ်တံဆိပ်ဆေးမင်ကြောင်ကို အမာခံပရိသတ်တွေအတွက် ဆေးမင်ကြောင်ပညာရှင် ကိုဇော်လေး (Heaven Tattoo Studio) က ရေးဆွဲပေးနေပြီး မန္တလေးမြို့ကစာရင်းပေးထားသူ အမာခံပရိသတ်တွေကိုလည်း သြဂုတ်လ (၂) ရက်နေ့မှာကျင်းပမယ့် WLC: KING OF NINE LIMBS (WLC 9) မတိုင်မီ မန္တလေးမြို့မှာလာရောက်ရေးဆွဲပေးသွားမယ်လို့လည်း သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top