ပုဂံ ကမ္ဘာ့အမွေအနှစ်ခရီးသို့

53456106_2104696032942481_2321545744655319040_n.jpg

၂၀၁၉ ဇူလိုင်လ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကုမြို့မှာကျင်းပမယ့် 43 Session UNESCO Meeting မှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင် မဝင် ဆုံးဖြတ်တော့မှာဖြစ်တယ်လို့ ဒီဇိုင်း ကိုမျိုးဆွေသန်း ((နှလုံးသားထဲကပုဂံအဖွဲ့)) ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ ပုဂံ ကလည်း ၂၀၁၉ ကမ္ဘာ့အမွေအနှစ်စာရင်း ဆုံးဖြတ်ချက်ကို နာခံဖို့စောင့်ဆိုင်းနေပြီဖြစ်

တခြားနိုင်ငံ (၃၆) နိုင်ငံနှင့်အတူ မြန်မာနိုင်ငံရဲ့ ပုဂံ ကလည်း ၂၀၁၉ ကမ္ဘာ့အမွေအနှစ်စာရင်း ဆုံးဖြတ်ချက်ကို နာခံဖို့စောင့်ဆိုင်းနေပြီဖြစ်ပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံက အဲဒီအစည်းအဝေးကို ဒီဇိုင်း မျိုးဆွေသန်းနဲ့အတူ အောက်ပါပုဂ္ဂိုလ်တွေက ပုဂံကိုချစ်တဲ့ နိုင်ငံသားတွေရဲ့ကိုယ်စား ကိုယ့်စားရိတ်နဲ့ကိုယ် လိုက်ပါ တက်ရောက်ကြမှာပါ။

တက်ရောက်မယ့်သူစာရင်း

ကိုမျိုးဆွေသန်း (နှလုံးသားထဲကပုဂံအဖွဲ့)၊ ကိုနေဇာလင်း၊ ကိုမျိုးမင်းဦး၊ ကိုဝေဖြိုး၊ ကိုအောင်ပြည့်စိုး၊ကိုပြည့်ဖြိုး၊ ကိုတင့်ဇော်ရွှေ ၊ ကိုမင်းကောင်းခန့်၊ ကိုကြည်ဖေသော်၊ ကိုလေးဖြူ(ပထမနိုင်ငံတော်တေးသီချင်း လှုဒါန်းသူများအဖွဲ့)၊ ကိုပြည့်ဖြိုးအောင်(ပထမနိုင်ငံတော် တေးသီချင်းလှုဒါန်းသူများအဖွဲ့)၊ ကိုဇေမျိုးလင်း၊ ကိုဝင်းအောင်၊ ကိုစိုးနိုင်ထွန်း၊ ကိုအယ်လ်နောင်း၊ ကိုအောင်၊ ကိုစိုင်းစိုင်းခမ်းလှိုင်၊ ကိုကျော်ဇောဟန်၊ မဖြူဖြူစိုး၊ ခမအေးဝတ်ရည်သောင်း၊ မစွမ်းစွမ်း၊ မမေခမြတ်မွန်၊ မဝတ်ရည်ဝင်း၊ မနွယ်စင်ဦး

ဒီအဖွဲ့ဟာ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကုမြို့အစည်းအဝေးမှာ ပုဂံ အမွေအနှစ်ထိန်းသိမ်းရေးကော်မတီ BAGANCOM ရဲ့လမ်းညွှန်မှုနဲ့အတူ နှလုံးသားထဲက ပုဂံပြပွဲများကရရှိတဲ့ရန်ပုံငွေနဲ့ အလှည့်ကျ အဖွဲ့အဝင်နိုင်ငံတွေထံ ပုဂံအတွက် ပုဂံအမွေအနှစ်နဲ့ သက်ဆိုင်တဲ့နိုင်ငံသားတွေက ပေးအပ်တဲ့လက်ဆောင်အဖြစ် လက်ဆောင်ပစ္စည်းတွေ ပေးအပ်သွားကြဖို့ရှိနေပါတယ်။

နှလုံးသားထဲကပုဂံပြပွဲတွေကနေ ဓာတ်ပုံ၊ အမှတ်တရပစ္စည်းတွေဝယ်ယူလှုဒါန်းမှုတွေကို ပုဂံ ကမ္ဘာ့အမွေအနှစ်ခရီးမှာ အထောက်အပံ့အဖြစ်
အသုံးပြုထား

နှလုံးသားထဲကပုဂံပြပွဲတွေကနေ ဓာတ်ပုံ၊ အမှတ်တရပစ္စည်းတွေဝယ်ယူအားပေးခဲ့ကြသူတွေအနေနဲ့ သူတို့ရဲ့ ဝယ်ယူလှုဒါန်းမှုတွေကို ပုဂံ ကမ္ဘာ့အမွေအနှစ်ခရီးမှာ အထောက်အပံ့အဖြစ်အသုံးပြုထားတာကြောင့် သာဓုခေါ်ဆိုနိုင်ကြောင်းလည်း ကိုမျိုးဆွေသန်းက ရေးသားဖော်ပြထားပါတယ်။

မြန်မာလူမျိုးတွေရဲ့နှလုံးသည်းပွတ်ဖြစ်တဲ့ ပုဂံဒေသကြီး UNESCOရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်စေဖို့ ရိုးရာလေးက ဆန္ဒပြုလိုက်ပါတယ်…။

Ref: Myo Swe Than’s FB
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top