ပဲခူးမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့မှ ရေဘေးဒဏ်ခံခဲ့ရသည့် မိဘပြည်သူများ အဆက်အသွယ်မပြတ်ရှိနေအောင် အူရီဒူးမြန်မာက 2.7 GB ဒေတာအစီအစဉ်ကို ထပ်တိုးပံ့ပိုးပေး

16.10.23-yyl-9.jpg

အူရီဒူးမြန်မာသည် ပဲခူးမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့မှ ရေဘေးဒဏ်ခံခဲ့ရသည့် မိဘပြည်သူ များအား ဆက်လက်ပံ့ပိုးပေးသည့်အနေဖြင့် 2.7 GB ဒေတာ (တစ်ရက်ကို 400MB နှင့် ၇ ရက်စာ) ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့အထိ အသုံးပြုနိုင်ရန် အခမဲ့ ထပ်တိုး ပေးအပ်လိုက်သည်။ ရေဘေးသင့်မိဘပြည်သူများ ပြန်လည်ထူထောင်ရေးကာလအတွင်း နေ့စဉ်အရေးကြီးသတင်း အချက်အလက်များကို ပြတ်တောက်မှုမရှိ ရရှိနေစေရန်နှင့် အဆက်အသွယ်မပြတ်ရှိနေစေရန် အူရီဒူးမြန်မာမှ ၇ ရက်တာ ဆက်တိုက် အသုံးပြုနိုင်သည့် နေ့စဉ်သုံးဒေတာများကို အခမဲ့ ထည့်သွင်းပေးသွားမည်ဖြစ်သည်။

ပဲခူတိုင်းဒေသကြီးအတွင်း ရေလွှမ်းမိုးမှုများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့်အတွက် ရေဘေးဒဏ်ခံခဲ့ရသည့် ပဲခူးမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့မှ မိဘပြည်သူများအား ၎င်းတို့၏ မိသားစု၊ မိတ်ဆွေများနှင့် အဆက်အသွယ်မပြတ်ရှိနေအောင် အမြန်ဆုံးကူညီပေးရန် အူရီဒူးမြန်မာမှ အောက်တိုဘာလ (၁၀) ရက်နေ့ကစတင်ပြီး အူရီဒူးအချင်းချင်း မိနစ် ၁၀၀ အခမဲ့ ဖုန်းခေါ်ဆိုခွင့်ကို ချက်ခြင်း ပေးအပ်ခဲ့သည်။

အဆိုပါရေလွှမ်းမှုသည် ပဲခူးမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့မှ ဒေသခံပြည်သူများအတွက် အခက်အခဲများစွာကိုဖြစ်ပေါ်စေခဲ့သည်။ အခြေအနေ၏ အရေးပေါ်ဖြစ်မှုကို နားလည်သိရှိသည် နှင့်အညီ ရေးဘေးဒဏ်ခံခဲ့ရသည့် မိဘပြည်သူများ အဆက်အသွယ်မပြတ် ရှိနေစေရန်၊ ပြန်လည်ထူထောင်ရေးကာလအတွင် အရေးကြီးသတင်းအချက်အလက်များကို ရရှိနေစေရန် အူရီဒူးမြန်မာမှ ယခင်ပေးအပ်ခဲ့သည့် အခမဲ့ ဖုန်းခေါ်ဆိုခွင့်များအပြင် ဒေတာအစီအစဉ်များကိုပါ ထပ်တိုး၍ ပံ့ပိုးပေးလိုက်ခြင်းဖြစ်သည်။

အူရီဒူးမြန်မာမှ ရေဘေးဒဏ်ကြုံတွေ့ခံစားခဲ့ရသည့် မိဘပြည်သူများ၏ အခက်အခဲများကို ထပ်တူသိရှိနားလည်ခံစားရပြီး တတ်နိုင်သည့်ကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိပါသည်။ ယခုပံ့ပိုးမှုမှ ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများစွာထဲမှ ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲမရှိအောင် ထောက်ပံ့ပေးနိုင်မည်ဟု ယုံကြည်ပါသည်။ အူရီဒူးမြန်မာအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လူမှုအကျိုးပြု လုပ်ငန်းအစီအစဉ်များစွာဖြင့် မြန်မာပြည်သူများ၏ လူမှုဘဝတိုးတက်ကောင်းမွန်စေရန် တတ်အားသမျှ ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top