ကမ္ဘာ့ဈေးအကြီးဆုံးလို့ဆိုရလောက်တဲ့ ကော်ဖီတစ်ခွက်

co.jpg

ကော်ဖီသောက်ရတာကို ကြိုက်နှစ်သက်သူတွေကတော့ ကောင်းမွန်တဲ့ ကော်ဖီတစ်ခွက်ကို ဈေးကြီးပေးပြီး ဝယ်သောက်ကြတာပါပဲ။ ဒါပေမဲ့လည်း ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ ကော်ဖီ တစ်ခွက်ဈေးနှုန်းက အလွန်ဈေးများနေပြီး ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီတစ်ခွက်လို့ သတ်မှတ်ရတော့မှာပါ။ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့က ကလပ်ချ် (Klatch) ကော်ဖီဆိုင်မှာ ကော်ဖီတစ်ခွက်ကို ဈေးကြီးစွာ ရောင်းနေပါတယ်။

ကလပ်ချ်ကော်ဖီဆိုင်မှာ ကော်ဖီတစ်ခွက်ကို (၇၅) ဒေါ်လာ ပေးရပြီး စနေ၊ တနင်္ဂနွေနေ့ အားလပ်ရက်တွေဆို လူတွေ ပြည့်လို့နေပါတယ်။ အယ်လီဒါ ဂီရှ နာထာရယ် (Elida Geisha Natural) လို့ လူသိများတဲ့ သဘာဝကော်ဖီစေ့က လေလံတင်ပွဲမှာ (၁) ပေါင်ကို (၈၀၃) ဒေါ်လာ ဈေးရှိပါတယ်။ ကလပ်ချ်ကော်ဖီဆိုင်ဟာ ကော်ဖီစေ့ကို (၁၀) ပေါင်အထိ ဝယ်ယူထားပြီး ကော်ဖီကြိုက်သူတွေအတွက် အရသာရှိတဲ့ကော်ဖီကို ဖန်တီးပေးထားပါတယ်။

ကလပ်ချ်ကော်ဖီဆိုင်ရဲ့ပူးတွဲပိုင်ရှင် ဘို သီအာရာ (Bo Thiara)က ” ဒီကော်ဖီက တခြားဆိုင်မှာလုပ်ဖျော်တဲ့ ကော်ဖီတွေလိုမဟုတ်ပါဘူး။ အရင်ခေတ်က ဖျော်တဲ့ကော်ဖီပုံစံမျိုးလုပ်ထားတာပါ”လို့ ပြောပြပါတယ်။ ကလပ်ချ်ကော်ဖီဆိုင်ကို ကော်ဖီလာသောက်တဲ့သူတွေကတော့ ကော်ဖီတစ်ခွက်ကို (၇၅) ဒေါ်လာထိ ပေးရပေမဲ့လည်း အရသာကောင်းတဲ့ကော်ဖီဖြစ်တာကြောင့် မနှမြောဘဲ ရက်ရက်ရောရော ပေးသောက်နေကြပါတယ်။

ကလပ်ချ်ကော်ဖီဆိုင်က ကော်ဖီစေ့ကို အွန်လိုင်းမှာလည်း ရောင်းချနေပြီး ကော်ဖီစေ့ (၁၈) ဂရမ်ကို (၇၅) ဒေါ်လာရှိပါတယ်။ တကယ်လို့ အကန့်အသတ်နဲ့သာရနိုင်တဲ့ အဲဒီကော်ဖီစေ့ကို (၇၅) ဒေါ်လာ ပေးရလို့ အရမ်းဈေးကြီးတယ်ဆိုရင် တခြားနေရာတွေမှာ ကော်ဖီစေ့ (၁၂) အောင်စကို (၁၂) ဒေါ်လာနဲ့ ဝယ်ယူလို့ရပါတယ်။ ကော်ဖီတစ်ခွက်က ဘယ်လောက်ဈေးကြီးကြီး ကော်ဖီကြိုက်တဲ့သူတွေကတော့ သောက်လို့ကောင်းတယ်ဆိုရင် သောက်နေကြတာပါပဲ။

Ref: CNN “Is this the world’s most expensive cup of coffee?”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top