မင်္ဂလာပွဲမှာ သမီးလေးကိုနှမြောတသဖြစ်ပြီး ငိုကြွေးခဲ့တဲ့ဖခင်

taiwan1.png

ထိုင်ဝမ်နိုင်ငံ၊ Chiayi မြို့က ဖခင်တစ်ယောက်က ရိုးရာမင်္ဂလာပွဲအခမ်းအနားအတွင်း မိသားစုဝင်တွေနဲ့ အွန်လိုင်းအသုံးပြုသူတွေကို မျက်ရည်လည်စေခဲ့ပါတယ်။ အကြောင်းအရင်းကတော့ အဲဒီမင်္ဂလာပွဲကျင်းပနေစဉ်မှာ အဖေတစ်ယောက်က သူ့ရဲ့သမီးကို အခြားလူလက်ထဲကို ထည့်မပေးလိုက်ချင်တာကြောင့် နှမြောတသဖြစ်ပြီး ငိုကြွေးခဲ့လို့ပါပဲ။

သတို့သား သူ့ရှေ့ရောက်လာခဲ့တဲ့အချိန်မှာ စိတ်မကောင်းဖြစ်နေသလို သတို့သမီးရောက်လာပြီး ဒူးထောက်ကာ အဖေကို ရေနွေးကြမ်းဆက်သတဲ့အချိန်မှာလည်း ရုတ်တရက်ကြီး ဖခင်က “ငါ မလိုချင်ဘူး” လို့ ပြောရင်း မျက်ရည်တွေကျလာခဲ့ပါတယ်။

သူ့ရဲ့အဖိုးတန်သမီးလေးကို သတို့သားလက်ထဲ ထည့်မပေးလိုက်ချင်တဲ့အတွက် အခုလိုခံစားချက်မျိုးဖြစ်လာခဲ့တာဖြစ်ပါတယ်။

သတို့သမီးဖြစ်သူ Xuan Xuan က “ဒယ်ဒီ ငိုကြွေးတာကို မြင်ရတာ ပထမဆုံးပါပဲ။ ကျွန်မ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်ခဲ့ပါတယ်” ဆိုတဲ့ စာသားလေးနဲ့ ပုံကို လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့ပြီး အဲဒီဓာတ်ပုံကို မျှဝေတဲ့သူ ၃၀၀၀၀ ကျော်ရှိခဲ့ပါတယ်။

သူ့ရဲ့အဖေက သမီးလေးကို ပေးလိုက်ဖို့ စိတ်သက်သာရာရသွားတဲ့အချိန်မှာ မင်္ဂလာပွဲအခမ်းအနားက ပျော်ပျော်ရွင်ရွှင်နဲ့ အဆုံးသတ်လိုက်ရပြီး “သမီးနဲ့ သမီးရဲ့ခင်ပွန်းတို့ ပျော်ရွှင်ကြပါစေ” လို့ သူ့ရဲ့အဖေက ဆုတောင်းပေးခဲ့ပါသေးတယ်။

Ref: AsiaOne “Sobbing dad in Taiwan unwilling to give daughter away at wedding”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply