ထိန်းသိမ်းခံထားရတဲ့ လူမည်းတစ်ယောက် သေဆုံးခဲ့လို့ ရဲအရာရှိ လေးယောက်ကို ရာထူးကနေ ထုတ်ပယ်

27-5-2020-yyl-010.jpg

ထိန်းသိမ်းခံထားရတဲ့ လူမည်းတစ်ယောက် သေဆုံးခဲ့ပြီး ရဲအရာရှိတစ်ယောက်က သူ့ ဇက်ကို ဒူးနဲ့ ဖိထားသည့် ရုပ်သံမှတ်တမ်း ထွက်ပေါ်လာပြီးနောက် မင်နီဆိုတာပြည်နယ်က ရဲအရာရှိလေးယောက်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အခုချိန်မှာ အဲဒီ ၄ ယောက်လုံးက ရဲအရာရှိဟောင်းတွေ ဖြစ်သွားပြီလို့ မင်နီယာပိုလစ်မြို့ ရဲမှူးချုပ် အာရာဒွန်ဒိုက ပြောပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းမှာ ဂျော့ဖလွိုက်ဆိုတဲ့ လူမည်းအမျိုးသားက နာကျင်မှုဝေဒနာကြောင့် ညည်းညူနေပြီး ” ကျွန်တော် အသက်ရှူ မရတော့ဘူး”လို့ ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ၂၀၁၄ ခုနှစ်က နယူးယော့ခ်မြို့မှာ ဖမ်းဆီးခံရတုန်း သေဆုံးခဲ့တဲ့ လူမည်းအမျိုးသား အဲရစ်ဂါနာရဲ့အဖြစ်ကိုလည်း ပြန်အမှတ်ရစရာ ဖြစ်စေခဲ့ပါတယ်။ မင်နီယာပိုလစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကို စုံစမ်းစစ်ဆေးသွားမယ်လို့ အက်ဖ်ဘီအိုင်က ပြောပါတယ်။ ဂျော့ဖလွိုက်ဟာ စားသောက်ဆိုင်တစ်ခုမှာ လုံခြုံရေးအစောင့်အကြပ် လုပ်နေသူဖြစ်ပြီး စာရွက်စာတမ်း အတုလုပ်မှု ကျူးလွန်တယ်လို့ သံသယရှိခံရသူဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top