ဂူဂဲလ်ရဲ့ အကူအညီနဲ့ ပိုင်(pi) တန်ဖိုးကို ကမ္ဘာ့စံချိန်တင် တွက်ချက်မှုလုပ်ခဲ့တဲ့ ဂျပန်နိုင်ငံသူ

in7.jpg

ဂူဂဲလ်ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ ဂျပန်နိုင်ငံသူတစ်ဦးဟာ ပိုင်(pi)တန်ဖိုးကို ကမ္ဘာ့စံချိန်တင် တွက်ချက်မှု လုပ်ခဲ့ပါတယ်။ အရင်တုန်းက ပိုင်(pi)တန်ဖိုးကို ကိန်းဂဏန်းအရေအတွက် (၂၂) ထရီလျံအထိ တွက်ချက်ခဲ့ဖူးပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်အမျိုးသမီး ဟာရူကာအိုင်ဝါအို(Haruka Iwao)ဟာ ဂူဂဲလ်ကုမ္ပဏီရဲ့ Cloud တွက်ချက်ရေးစနစ် အကူအညီနဲ့ ကိန်းဂဏန်းအရေအတွက် (၃၁) ထရီလျံရတဲ့အထိ တွက်ထုတ်နိုင်ခဲ့တာပါ။ စက်ဝိုင်းတစ်ခုရဲ့ စက်ဝန်းနဲ့ အချင်းကို အချိုးချရင် ပိုင်(pi)ဆိုတဲ့ တန်ဖိုးထွက်ပါတယ်။ ပိုင်(pi)တန်ဖိုးကို (၃.၁၄) လို့ လူသိများပေမဲ့ တန်ဖိုးအတိအကျ တွက်ထုတ်မယ်ဆိုရင်တော့ အဆုံးမရှိအောင် ရှည်လျားတယ်လို့ ဆိုပါတယ်။

ပိုင်(pi)တန်ဖိုးမှာ (၃.၁၄) နောက်က ကိန်းဂဏန်းတွေဟာ ပုံစံသတ်မှတ်ချက်မရှိပါဘူး။ အဲဒီအတွက် ပိုင်(pi)တန်ဖိုးကို တွက်ထုတ်နိုင်ဖို့ အရမ်းခက်ခဲပါတယ်။ ပိုင်(pi)တန်ဖိုးကို တွက်ချက်နိုင်ဖို့ ဒေတာ 170 TB(တေးသီချင်းအပုဒ်ရေ ၂၀၀၀၀၀ တွင် 1TBသာ ရှိသည်)၊ စက်ကိရိယာ (၂၅) လုံး လိုအပ်ပြီး (၁၂၁) ရက် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ အိုင်ဝါအို တွက်ထုတ်ထားတဲ့ ပိုင်(pi)တန်ဖိုးအားလုံးကို ပါးစပ်နဲ့ရေရွတ်ရင် နှစ်ပေါင်း (၃၃၂၀၆၄) ကြာမြင့်နိုင်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top