ရန်ကုန်တိုင်းမြို့နယ်နှစ်ခုက လူဦးရေ (၆) သိန်းကျော်ကို ကုလသမဂ္ဂက စားနပ်ရိက္ခာတွေ ထောက်ပံ့ပေး

58460502_636304066793309_192468333621149696_n.jpg

ရန်ကုန်၊ သြဂုတ် (၁၁)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းက ထိခိုက်လွယ်သူ လူဦးရေ (၆) သိန်းကျော်ကို စားနပ်ရိက္ခာ၊ ငွေသားနဲ့ အာဟာရတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“လူဦးရေ စုစုပေါင်း (၆၅၀,၀၀၀) ကို ထောက်ပံ့ပေးခဲ့တာပါ။ အဲ့ဒီထဲမှာ မိခင်၊ ကလေးငယ်၊ မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်တယ်။” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အနေနဲ့ ၂၀၂၁ ခုနှစ်၊ ပထမ ခုနှစ်လအတွင်း မြန်မာနိုင်ငံကပြည်သူ လူဦးရေ စုစုပေါင်း (၁.၂၅) သန်း ကို စားနပ်ရိက္ခာ၊ ငွေသားနဲ့ အာဟာရတွေ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

ဒါ့ပြင် ဖေဖော်ဝါရီ (၁) ရက်နောက်ပိုင်း နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူ လူဦးရေ (၁၇,၅၀၀) ဦးကိုလည်း ကူညီထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ မြို့ပြစားနပ်ရိက္ခာ အ‌ထောက်အပံ့စီမံချက်ကို မေလက စတင်ခဲ့တာဖြစ်ပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply