သတိလစ်မေ့မြောနေတဲ့သခင်ရဲ့အသက်ကိုကယ်နိုင်ဖို့ လူနာတင်ယာဉ်ကို လမ်းပြခေါ်ပေးခဲ့တဲ့ခွေးလေး

BBSEUzU.jpg

ပြီးခဲ့တဲ့သီတင်းပတ်ရဲ့ဗုဒ္ဓဟူးနေ့က အမျိုးသားတစ်ဦးဟာ ရှန်စီ (Shanxi) စီရင်စု၊ ယွန်ချန် (Yuncheng) ရပ်ကွက်လေးအတွင်းက လမ်းကြားတစ်နေရာမှာ သတိလစ်မေ့မြောနေခဲ့ပါတယ်။ ဒီအကြောင်းကို အာဏာပိုင်တွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေဟာ ခွေးလေးတစ်ကောင်ကတစ်ဆင့် အသိပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ခွေးလေးဟာ လူနာတင်ယာဉ်ကို သခင်ဖြစ်တဲ့မေ့မြောနေသူအမျိုးသားရှိရာဆီ လမ်းပြခေါ်ဆောင်လာနိုင်ဖို့ လမ်းတစ်ဝက်မှာခဏနားလိုက်၊ လူနာတင်ယာဉ်ကို လှည့်ကြည့်လိုက်နဲ့ စောင့်ရင်း၊ ပြေးရင်းခေါ်လာပေးခဲ့တာ ဖြစ်ပါတယ်။ သူ့နောက်မှာလူနာတင်ယာဉ်လိုက်လာပြီဆိုတာ သေချာတော့မှ ဆက်တိုက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီခွေးလေးရဲ့သခင်ဖြစ်သူဟာ အိမ်နီးချင်းတွေရဲ့အိမ်က ပုလင်းလွတ်တွေကိုကောက်နေစဉ်အချိန်တွင်း အဲဒီနောက်ဖေးလမ်းကြားမှာပဲ လဲကျသွားခဲ့တာလို့ဆိုပါတယ်။ ၎င်းအမျိုးသားဟာ အရက်အလွန်အကျွံသောက်သုံးထားမှုကြောင့် သတိလစ်မေ့မြောသွားတာဖြစ်ပြီး ယခုအခါမှာတော့ ဆေးကုသမှုခံယူရင်း သားဖြစ်သူက ပြုစုပေးနေတယ်လို့သိရပါတယ်။

လူနာတင်ယာဉ်ကို လမ်းပြခေါ်ဆောင်ပေးခဲ့တဲ့ ခွေးလေးရဲ့ရုပ်သံကိုတော့ အောက်ကလင်ခ့်ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

https://bit.ly/2Rlc9OM

Ref: 9gag “Golden Retriever Leads Ambulance Through a Maze of Alleyways to Save His Owner”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply