3D Printer အကူအညီနဲ့ ဆရာဝန်တွေအတွက် အကာအကွယ်ပစ္စည်းတွေကို ပြုလုပ်လှူဒါန်းခဲ့တဲ့ ဖိလစ်ပိုင်ကျောင်းသားလေး

2-4-2020-yyl-054.jpg

ဖိလစ်ပိုင်နိုင်ငံက မာကတ်စ် ချူဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့ဆုံးကနေ တိုက်ဖျက်နေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ ကြိုးစားအားထုတ်တဲ့အနေနဲ့ သူ့ရဲ့ 3D Printer အကူအညီနဲ့ ပလတ်စတစ်မျက်နှ ာအကာအကွယ်ပစ္စည်းတွေကို ပြုလုပ်နေတယ်လို့ သတင်းမီဒီယာအရ သိရပါတယ်။

အဲဒီကောင်လေးက သေရေးရှင်ရေးဖြစ်နေတဲ့အချိန် အကာအကွယ်ပစ္စည်းတွေ ပြတ်လပ်နေတဲ့အတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ အသုံးပြုလို့ရအောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် မျက်နှာအကာအကွယ်ပစ္စည်း (၈၀) ကျော်ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ 3D Printer က အချိန်ကောင်းမှ ရောက်လာတဲ့ ခရစ်စမတ်လက်ဆောင်တစ်ခုဖြစ်ခဲ့တယ်လို့ မာကတ်စ်က ပြောပါတယ်။ “အခုလိုအခြေအနေမှာ ကူညီပေးရတာက ကျွန်တော့်အတွက် အခွင့်အရေးဖြစ်တယ်လို့ ခံစားရပါတယ်” လို့ဆိုပါတယ်။

မာကတ်စ်ဟာ အရင်ဆုံး အင်တာနက်က မျက်နှာအကာကွယ်ပစ္စည်းထုတ်လုပ်တဲ့ ဒီဇိုင်းကို အသုံးပြုခဲ့တာပါ။ နောက်မှ ဒီဇိုင်းကို ညှိယူနိုင်မယ့်နည်းလမ်းကို ရှာတွေ့ခဲ့တဲ့အတွက် မြန်မြန်ဆန်ဆန်ပဲ ပစ္စည်းနည်းနည်းနဲ့ ထုတ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့မိသားစုက မနီလာမြို့က ဆေးရုံ (၄) ခုမှာ အဲဒီပစ္စည်းတွေကို လှူဒါန်းခဲ့ပြီးပါပြီ။

ဖိလစ်ပိုင်နိုင်ငံရဲ့ လူဦးရေတစ်ဝက်ကျော်ကို Home Quarantine လုပ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က ဖိလစ်ပိုင်နိုင်ငံရဲ့ကျန်းမာရေးစနစ်နဲ့ ပတ်သက်ပြီး အကြီးမားဆုံး စစ်ဆေးမှုကြီးဖြစ်ပါတယ်။ စစ်ဆေးမှုနှုန်းနှေးတာကြောင့် ရောဂါပျံ့နှံ့မှုက ဘယ်လောက်ထိသွားမလဲဆိုတာ မသိရဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၁၀၇) ဦးမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်း (၁၃) ဦးပါဝင်ပါတယ်။ လက်ရှိမှာတော့ ကူးစက်ခံရသူဦးရေက (၂၆၃၃) ဦး ရှိနေပါပြီ။

Ref: Philippine student hopes 3D printer can be lifesaver for doctors

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top