Samsung Galaxy A56 5G နှင့် Galaxy A36 5G စမတ်ဖုန်းအသစ်တွေကို အတန်ဆုံး အကျိုးခံစားခွင့်တွေနဲ့ ကြိုတင်မှာယူနိုင်မယ့် ‌နောက်ဆုံးအခွင့်အရေး

sum.jpg

– Samsung Electronics Co., Ltd. ကနေ မကြာသေးခင်ကမှ မိတ်ဆက်ပေးခဲ့တဲ့ Galaxy A56 5G နဲ့ Galaxy A36 5G စမတ်ဖုန်းအသစ်တွေကိုမြန်မာနိုင်ငံစျေးကွက်မှာ ကြိုတင်မှာယူလို့ရနေတာပဲဖြစ်ပါတယ်။Awesome Intelligence နဲ့ ထွက်ရှိလာတဲ့ နောက်ဆုံးပေါ် Galaxy A Series စမတ်ဖုန်းအသစ်တွေကို မတ်လ (၇) ရက်နေ့ကနေ မတ်လ (၂၇) ရက်နေ့အတွင်း ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ကြိုတင်မှာယူသူများအနေနဲ့ အတန်ဆုံး အထူးခံစားခွင့်နဲ့ လက်ဆောင်များလည်းရရှိနိုင်မှာဖြစ်ပါတယ်။

Galaxy A56 5G နဲ့ Galaxy A36 5G စမတ်ဖုန်းအသစ်တွေဟာ နောက်ဆုံးပေါ်One UI 7 နဲ့ ထွက်ရှိလာတာဖြစ်ပြီး Samsung ရဲ့ နောက်ဆုံးပေါ်Flagship စမတ်ဖုန်းတွေမှာပဲ တွေ့ခဲ့ရတဲ့ Galaxy AIလုပ်ဆောင်ချက်တွေပါဝင်လာတာဖြစ်လို့ Awesome Intelligence စမတ်ဖုန်းအသစ် တွေအနေနဲ့ လူကြိုက်များပြီး စိတ်ဝင်စားမှုခံနေရတာဖြစ်ပါတယ်။ Galaxy A Series စမတ်ဖုန်းအသစ်တွေဟာ လူငယ်ဆန်ပြီး လှပတဲ့ အရောင်တွေနဲ့ထွက်ရှိလာတာလည်းဖြစ်ပြီး ဒီဇိုင်းပိုင်းမှာလည်း ကျစ်လစ်လှပသလို ကြီးမားတဲ့ မျက်နှာပြင်၊ အချိန်နေရာမရွေး လှပကြည်လင်တဲ့ ဓာတ်ပုံတွေကို ရိုက်နိုင်စေမယ့် ကင်မရာ၊ ကြာရှည်ခံတဲ့ Battery နဲ့ စွမ်းဆောင်ရည်မြင့် Chipsetတွေကြောင့် သုံးစွဲမှုအတွေ့အကြုံကိုလည်း အကောင်းဆုံးရရှိနိုင်စေမှာပါ။ကြာရှည်ကြံ့ခိုင်စွာ အသုံးခံနိုင်ဖို့ IP67 Rating နဲ့  ဖုန်ဒဏ်နဲ့ ရေဒဏ်ခံနိုင်မှုရှိအောင်ကာကွယ်ပေးထားတဲ့အပြင်Software အပိုင်းမှာလည်း OS Update ၆ ကြိမ်နဲ့ Security Update ကို ၆ နှစ်အထိ ပေးသွားဦးမှာဖြစ်ပါတယ်။

Galaxy A56 5G ကို ကြိုတင်မှာယူတဲ့ ကာလမှာ ၁,၉၀၉,၀၀၀ ကျပ် နဲ့ ရရှိနိုင်မှာဖြစ်ပြီး Awesome Light Gray၊ AwesomeGraphite နဲ့ Awesome Olive အရောင်တွေနဲ့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။Galaxy A36 5G ကိုတော့၁,၅၈၅,၀၀၀ ကျပ် နဲ့ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး Awesome Lavender၊ Awesome Black နဲ့ Awesome Lime အရောင်တွေနဲ့ ရရှိနိုင်မှာပါ။

Galaxy A56 5G နဲ့ Galaxy A36 5G စမတ်ဖုန်းတွေကို ဒီ လင့်ခ် (https://samsungmyanmar.typeform.com/a-2025-media)ကနေကြိုတင်မှာယူနိုင်မှာဖြစ်ပြီး မတ်လ (၇) ရက်နေ့ကနေ မတ်လ (၂၇) ရက်နေ့အတွင်း ကြိုတင်မှာယူသူများအနေဖြင့်  အောက်ပါ အထူးအကျိုးခံစားခွင့်နဲ့ လက်ဆောင်တွေကိုရရှိသွားနိုင်မှာပါ။

  • Double Storage (8/128 GB Storage မှ 8/256 GB Storage သို့ တိုးမြင့်ပေးခြင်း) နဲ့  25W Travel Adapter လက်ဆောင်၊
  • Samsung Original Silicone cover ဝယ်ယူမှုအတွက် ၃၀% လျှော့ဈေး၊
  • ကြိုတင်မှာယူထားသော ဖုန်းများအတွက်Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင်(သို့မဟုတ်) ဖုန်းအရှေ့  မျက်နှာပြင် ပျက်စီးခြင်းများအတွက်ကြိုတင်မှာယူတဲ့နေ့မှ (၆)လ အတွင်း လက်ခနဲ့ ပစ္စည်းတန်ဖိုး၁၀၀ % သက်သာခွင့်၊
  • မတ်လ (၂၉) ရက်နေ့ နောက်ပိုင်းမှဝယ်ယူသူများအတွက် ဝယ်ယူသည့်နေ့မှ (၁၂) လ အတွင်း ဖုန်းအရှေ့မျက်နှာပြင်ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၆၀ % သက်သာခွင့်၊ဖုန်းအနောက်မျက်နှာပြင် ပျက်စီးခြင်းအတွက် ၁၀၀%သက်သာခွင့် စတဲ့အထူးအကျိုးခံစားခွင့်တွေ ပေးသွားမယ့်အပြင်
  • ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လစဉ်အနည်းဆုံး၁၀,၀၀၀ ကျပ်ငွေဖြည့်သွင်းရုံနဲ့ 4GB Free Data နဲ့အတူ YouTube နဲ့ TikTokအသုံးပြုရန်အတွက် 2GB စီ Free ရမယ့် Data Package တွေကို (၆)ကြိမ်အထိရရှိသွားမှာပါ။
  • Ooredoo SIM Card ကိုလက်ရှိအသုံးပြုနေသူနဲ့ အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း လစဉ်အနည်းဆုံး၁၀,၀၀၀ ကျပ်ငွေဖြည့်သွင်းရုံနဲ့ 4GB Free Data နဲ့အတူ YouTube၊ TikTok နဲ့MLBB အသုံးပြုရန်အတွက် 2GB စီ Free ရမယ့် Data Package တွေရရှိနိုင်မှာပါ။
  • မိမိရဲ့ ဖုန်းလက်ရှိဖုန်း နဲ့Trade-in ပြုလုပ်ပြီး လဲလှယ်ဝယ်ယူချင်ရင်တော့ ဖုန်းအဟောင်းတန်ဖိုးအပြင်Trade-in Discount အနေနဲ့ Galaxy A56 အတွက် ၈သောင်းကျပ်အထိသက်သာခွင့်ရပြီး၊ Galaxy A36 အတွက် ၆ သောင်းကျပ်အထိသက်သာခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။
  • အရစ်ကျ အစီအစဉ်နဲ့ဝယ်ယူလိုသူများအနေနဲ့လည်း “၆” လ အတိုးမဲ့အရစ်ကျစနစ်နဲ့ဝယ်ယူနိုင်မယ့်အစီအစဉ်တွေ ပြုလုပ်ပေးထားတာဖြစ်လို့ Samsung Showroomများမှာ AYA Pay ရဲ့ Buy Now – Pay Later, Blue Season Company Limited,Rent2Own Myanmarတို့ကနေ တစ်ဆင့်ချိတ်ဆက်ဝယ်ယူနိုင်မှာပါ။

Galaxy A56 5G နဲ့ Galaxy A36 5G စမတ်ဖုန်းတွေအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar FacebookPage မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပြီး လက်ဆောင်နဲ့အထူးခံစားခွင့်တွေကို အမိအရ ရယူနိုင်ဖို့အတွက်ကိုတော့ မတ်လ(၂၇) ရက်နေ့မတိုင်ခင်မှာ ကြိုတင်မှာယူနိုင်မှာဖြစ်ပါတယ်။

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply