ဒီဂျစ်တယ်ပိုင်းဆိုင်ရာအခွင့်အလမ်းကောင်းများပေးနိုင်ရန် Beyond Access Myanmar စီမံကိန်းအား အူရီဒူးမြန်မာကပံ့ပိုးကူညီ

Ooredoo-Myanmar-Digital-Library2.jpg

အူရီဒူးမြန်မာသည် ၎င်း၏ လူမှုအကျိုးပြုလုပ်ငန်းများထဲမှတစ်ခုဖြစ်သည့် Beyond Access Myanmar စီမံကိန်းတွင် အင်တာနက်အသုံးပြုမှုပမာဏ ပိုမိုတိုးတက်လာခဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့ပြီး ထိုစီမံကိန်းမှ တစ်ဆင့် (၆) လတာအတွင်း ပထမဦးဆုံးအကြိမ် အင်တာနက်စတင်အသုံးပြုခဲ့သူအရေအတွက် စုစုပေါင်း (၁၁၇,၄၇၂) ဦးအထိတိုးတက်လာခဲ့ပြီး ကျေးလက်နှင့် မြို့ပြအနီးအနား ပတ်ဝန်းကျင်ဒေသများ ရှိစာကြည့်တိုက်များတွင် တက်ဘလက်/လက်ပ်တော့များအား ပုံမှန်အသုံးပြုသူအရေအတွက်သည်လည်း (၉,၅၀၀) နီးပါးအထိ ရှိလာစေခဲ့သည်။

အူရီဒူးမြန်မာသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ စာကြည့်တိုက်အရေအတွက်ပေါင်း (၁၅၀) တွင် အင်တာနက်ချိတ်ဆက်မှုရရှိစေရန် ပံ့ပိုးကူညီပေးထားခဲ့သည့်အပြင် လက်ပ်တော့ (၁၆၆) လုံးလှူဒါန်းခဲ့ခြင်း၏ အကျိုးရလဒ်တစ်စိတ်တစ်ပိုင်းအဖြစ် ဤသို့အသုံးပြုသူအရေအတွက် ပိုမိုတိုးတက်လာခဲ့ခြင်းဖြစ်သည်။ ဒီဂျစ်တယ်စာကြည့်တိုက်များ ပေါ်ပေါက်လာရေးအတွက် အူရီဒူးမြန်မာ၏ ပံ့ပိုးကူညီမှုများသည် မြန်မာလူမှုအသိုင်းအဝန်းအတွက် အပေါင်းလက္ခဏာဆောင်သောအကျိုးသက်ရောက်မှုများအား ဖြစ်ပေါ်စေခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ စီမံကိန်း၏ (၆) လတာအတွင်းအကျိုးရလဒ်များမှာ

– ဒီဂျစ်တယ်စာကြည့်တိုက်များအား လာရောက်လေ့လာသူအရေအတွက်စုစုပေါင်း၏ ၄၃% သည် အင်တာနက်အားအသုံးပြု၍ သတင်းများကြည့်ရှုခြင်းနှင့် သင်ကြားလေ့လာမှုပိုင်းဆိုင်ရာအခွင့်အလမ်းများအား ရှာဖွေခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

– လာရောက်လေ့လာသူများအနက် ၃၉% သည် ၎င်းတို့၏ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပိုမိုတိုးတက်လာစေရန် လေ့လာဆည်းပူးနိုင်ခဲ့ကြပြီး ၁၈% သည် ၎င်းတို့ ဒီဂျစ်တယ်စာကြည့်တိုက်သို့ ရောက်ရှိနေစဉ် ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများအား ရှာဖွေလျှောက်ထားနိုင်ခဲ့ကြသည်။

– စာကြည့်တိုက်များသို့ စုစုပေါင်း လူဦးရေ (၆၃,၀၀၀) ကျော်လာရောက်ခဲ့ပြီး ၎င်းတို့၏ ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှုများအား မြှင့်တင်ပေးနိုင်ခဲ့သည်။

– ဒီဂျစ်တယ်စာကြည့်တိုက်များသို့လာရောက်သည့် စုစုပေါင်း လူဦးရေ (၄,၂၀၀) ကျော်သည် လေ့ကျင့်သင်ကြားမှုပိုင်းဆိုင်ရာ workshop များမှတစ်ဆင့် အင်တာနက်အသုံးပြုနည်းများအားသင်ကြားခဲ့ကြပြီး ၎င်းတို့၏ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများအား မြှင့်တင်နိုင်ခဲ့ကြသည်။

နိုင်ငံတစ်ဝန်းရှိ အများပြည်သူပိုင်စာကြည့်တိုက်များအား ဒီဂျစ်တယ်လူထုစင်တာအသစ်များအဖြစ် ပြောင်းလဲပုံဖော်သွားရန်ရည်ရွယ်ချက်ဖြင့် အူရီဒူးမြန်မာနှင့် Myanmar Book Aids and Preservation Foundation (MBAPF) တို့သည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စီမံကိန်းစတင်သည့်အချိန်မှစ၍ ယခုလက်ရှိအချိန်အထိ အူရီဒူးသည် စုစုပေါင်းအမေရိကန်ဒေါ်လာ (၅၆၀,၀၀၀) ကျော် တန်ဖိုးရှိ တက်ဘလက်အရေအတွက်ပေါင်း (၅၃၉) ခု၊ လက်ပ်တော့အရေအတွက်ပေါင်း (၁၆၆) လုံးနှင့် မြန်မာနိုင်ငံတစ်ဝန်းမှ စာကြည့်တိုက်စုစုပေါင်း (၁၅၀) အတွက် အင်တာနက်ချိတ်ဆက်မှုများအား ပံ့ပိုးကူညီထားပြီးဖြစ်သည်။

ဤစီမံကိန်းသည် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေခဲ့ပြီး အောင်မြင်သောစီမံကိန်းတစ်ရပ်အဖြစ်ရပ်တည်နိုင်ခဲ့ကာ ဤစီမံကိန်းမှ တစ်ဆင့် လူဦးရေ (၃၀၀,၀၀၀) ကျော်အား ဒီဂျစ်တယ်စက်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျစမ်းသပ်အသုံးပြုခွင့်ရစေခဲ့ပြီး လူဦးရေ (၂၀၀,၀၀၀) ခန့်အား ပထမဦးဆုံးအကြိမ်အင်တာနက်အသုံးပြုခွင့်ရရှိစေခဲ့သည့်အပြင် လူဦးရေ (၂၀၀,၀၀၀) ကျော်ကိုလည်း အင်တာနက်အသုံးပြုမှုနည်းလမ်းများသင်ကြားပြသနိုင်ခဲ့သည့်အတွက် မြန်မာပြည်သူလူထု၏ ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှု ပိုမိုမြင့်မားလာစေရန်အထောက်အကူပြုနိုင်ခဲ့ကြောင်းတွေ့ရသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top