တစ်နေရာတည်း ဝန်ဆောင်မှုအပြည့် ပေးနိုင်မယ့် DFSK အရောင်းပြခန်း အသစ်တစ်ခုကို ရန်ကုန်မှာ ထပ်မံဖွင့်လှစ်

Image.jpg

တရုတ်နိုင်ငံရဲ့ အထင်ကရ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ DFSK က မော်တော်ယာဉ်များကို တစ်နေရာတည်းမှာပဲ ဝန်ဆောင်မှုများပေးအပ်နိုင်မယ့် အရောင်းပြခန်းသစ်တစ်ခုကို ရန်ကုန်မြို့၊ ‌ေတာင်ဒဂုံမြို့နယ်၊ ဧရာဝဏ်လမ်းနှင့် ပြည်ထောင်စု လမ်းမကြီးထောင့်မှာ ဇွန်လ ၅ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါပြီ။ အခုအသစ်ဖွင့်လှစ်လိုက်တဲ့ အရောင်းပြခန်းအသစ်မှာ မော်တော်ယာဉ်များ ဝယ်ယူခြင်းအပြင် ဝယ်ယူပြီး နောက်ဝန်ဆောင်မှုများနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းတဲ့ ဝန်ဆောင်မှုများကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အရောင်းပြခန်းအသစ်ဖွင့်လှစ်တဲ့ အထိမ်းအမှတ်အနေနဲ့ လုပ်ငန်းသုံးမော်တော် ယာဉ်များဖြစ်တဲ့ K01 နှင့် SuperCab မော်တော်ယာဉ်ဝယ်ယူသူများကို ကျပ် ၂ သိန်းကျော် မှ ၅သိန်းအထိ လျော့ဈေးဖြင့် ရောင်းချပေးသွားမယ့်အပြင် SuperCab ဝယ်ယူသူများအတွက် အမိုးကိုင်းနှင့်ခြေနင်းကိုလည်း အမှတ်တရလက်ဆောင်အဖြစ် တပ်ဆင်ပေးသွားမှာဖြစ်ပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ DFSK Myanmar ရဲ့ အရောင်းကိုယ်စားလှယ်များက မန္တလေး၊ မအူပင်၊ မိုးကုတ်၊ နေပြည်တော် အပါအဝင် မြို့ကြီး (၁၁) မြို့တွင် ရှိပါတယ်။ ကားအမျိုးအစားပေါ် မူတည်ပြီး ၂ နှစ် သို့မဟုတ် ကီလိုမီတာ ၆၀,၀၀၀၊ ၃နှစ် သို့မဟုတ် ကီလိုမီတာ ၁၀၀,၀၀၀ အာမခံများနှင့် ရောင်းချပေးလျက်ရှိပါတယ်။ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် MAB Bank ၊ BMF ကုမ္ပဏီတို့နဲ့ ချိတ်ဆက်ထားပြီး ကနဦး ပေးချေငွေ ၃၀% သို့မဟုတ် ၄၀% နဲ့ ၂ နှစ်အထိ အရစ်ကျဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top