ဘဝအတွက် မိတ်ဆွေစစ်ဆိုတာ

ff.jpg

စာဖတ်သူတွေမှာ မိတ်ဆွေမြောက်များစွာ ရှိပါလိမ့်မယ်။ ဘဝ မအောင်မြင်သေးချိန် တွဲနေတဲ့ မိတ်ဆွေတွေရှိမယ်။ အောင်မြင်ချိန် ရလာမယ့် မိတ်ဆွေတွေ ရှိမယ်။ အောင်မြင်ချိန် ဖယ်ခွာသွားမ့ယ် မနာလို မိတ်ဆွေလည်း ရှိမယ်။ ကျရှုံးချိန် ဖယ်ခွာမယ့် မိတ်ဆွေလည်း ရှိမယ်။ ကျရှုံးချိန် ရောက်သည့်တိုင် အတွဲမပျက်တဲ့ မိတ်ဆွေတွေလည်း ရှိပါလိမ့်မယ်။

ဒါကြောင့် လောကမှာ လူတွေများသလို၊ အသိတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေ လည်း အသက်ရှိသလောက် မြောက်များစွာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာ ဘာ ဂုဏ်ပကာသဏ၊ ပညာအရည်အချင်းနဲ့ ငွေကြေးတို့ မရှိခင်ကတည်းက ပေါင်းဖက်လာပြီး ဘယ်အခြေအနေ ရောက်ရောက် မပြောင်းလဲသွားတတ်တဲ့ မိတ်ဆွေဆိုတာ ကတော့ ရှားပါတယ်။ သင့်ဆီမှာ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါဟာ မိမိရဲ့ ရှေးဘဝ ကုသိုလ်ကံကောင်းတဲ့ ရေစက်ကြောင်း အခုဘဝမှာ မိတ်ဆွေကောင်း ပြန်လည် ကြုံတွေ့ရခြင်း ပါ။

ဒါကြောင့် အဲ့ဒီလို သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေ ရှိရင် တန်ဖိုးထား မြတ်နိုး တတ်ကြဖို့ တိုက်တွန်း ရေးသား လိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top