ဒေါ်လာသောင်းချီတန်ကြေးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဒူးရင်းသီး

62038951_1353748478110228_605846343017037824_n.jpg

ဒူးရင်းသီးတွေလှိုင်လှိုင်ပေါပြီး ဈေးကောင်းရနေတဲ့အချိန်မှာ ကမ္ဘာ့ဈေးအကြီးဆုံးဒူးရင်းသီးကတော့ ထိုင်းနိုင်ငံမှာ ပေါ်လာပါပြီ။ ထိုင်းနိုင်ငံ၊ နွန်သာဘူရီ ပြည်နယ်က စိုက်ပျိုးရေးရုံးကနေကြီးမှူးကျင်းပတဲ့ “King of Durian 2019” အခမ်းအနားမှာ ကမ္ဘာ့ဈေးအကြီးဆုံး ဒူးရင်းသီး (၉) လုံးကို လေလံတင်ရောင်းချခဲ့ပါတယ်။ အဲဒီအထဲမှာမှ ဈေးအကြီးဆုံးဒူးရင်းသီးကိုတော့ ထိုင်းဘတ်ငွေ တစ်သိန်းခွဲနဲ့ လေလံတင်ခဲ့တာပါ။

ညှာတံရှည်ဒူးရင်းသီးမျိုးဖြစ်တဲ့ ကန်ရောင်းဒူးရင်းသီး (Kanyao durian) ဟာ ဘန်ကောက်မှာတော့ ဈေးအကြီးဆုံး ဒူးရင်းသီးအမျိုးအစားဖြစ်ပါတယ်။

ပုံမှန်ဒူးရင်းသီးတစ်လုံးကို ဘတ် (၅၀၀) နဲ့ ဝယ်လို့ရပေမဲ့ ကန်ရောင်းဒူးရင်းသီးကတော့ ဘတ် (၂) သောင်းကနေစပြီး ဈေးအစားစား ရှိနေတာပါ။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင်တော့ (၆၃၈) ဒေါ်လာကနေစတာဖြစ်ပါတယ်။

အလုံးလှ အရောင်လှသလို အသားထူပြီးအရသာကောင်းလွန်းတာကြောင့် ကန်ရောင်းဒူးရင်းသီးတွေဟာ ဈေးကွက်ထဲမှာ ဈေးကောင်းရနေတာဖြစ်တယ်လို့ သိရပါတယ်။

Ref: CGTN “World’s most expensive durian costs $48,000”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply