လမ်းဘေးမီးတိုင်အောက်မှာ အိမ်စာလုပ်နေရတဲ့ကောင်လေးကို အကူအညီပေးခဲ့တဲ့ မီလျံနာ

11911588-6891265-image-a-18_1554483943876.jpg

ပီရူးနိုင်ငံက ဗစ်တာ အန်ဂူလို ကော်ဒိုဘာ (Víctor Martín Angulo Córdoba) ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ အိမ်မှာလျှပ်စစ်မီးမရှိလို့ လမ်းမီးတိုင်အောက်ကိုသွားပြီး သူ့ရဲ့အိမ်စာတွေကို ပြီးစီးအောင်လုပ်နေခဲ့ပါတယ်။ သူ့ပုံစံကို မြင်လိုက်ရတဲ့လူတစ်ယောက်က ဓာတ်ပုံရိုက်ကူးပြီး လူမှုကွန်ရက်မှာတင်ပြီး မျှဝေလိုက်ပါတယ်။ သူ့ရဲ့ အဲဒီလိုအပြုအမူဟာ မထင်မှတ်ထားဘဲ ကောင်လေးရဲ့ဘဝကို အပြောင်းအလဲတစ်ခု ဖြစ်သွားစေခဲ့ပါတယ်။

အိမ်မှာမီးမရှိလို့ အိမ်စာတွေကိုပြီးဖို့မဖြစ်နိုင်တဲ့အတွက် လမ်းမီးတိုင်အလင်းအောက်မှာထိုင်ပြီး အိမ်စာတွေလုပ်ခဲ့တဲ့ ဗစ်တာရဲ့ပုံကို ဘာရိန်းနိုင်ငံက ပရဟိတသမား မီလျံနာသူဌေးတစ်ယောက်က သတိပြုမိသွားတဲ့အခါ ကောင်လေးအတွက် အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။ ရာကွတ် ယုဆက်ဖ် အာမက်ဒ် မူဘာရက်ခ် (Yaqoob Yusuf Ahmed Mubarak) လို့ခေါ်တဲ့ အသက် (၃၁) နှစ်အရွယ် အဲဒီမီလျံနာက ကောင်လေးရဲ့အိမ်ကို နှစ်ထပ်တိုက်အဖြစ် ပြန်ဆောက်ပေးဖို့ ကတိပြုခဲ့ပြီး လက်ရှိမှာ အိမ်အတွက်လျှပ်စစ်မီးရအောင် လုပ်ပေးပြီးပါပြီ။ ကောင်လေးတက်နေတဲ့ကျောင်းကို ပြန်တည်ဆောက်ဖို့အတွက်လည်း သူက ကူညီပေးဦးမှာဖြစ်ပါတယ်။ မီလျံနာ မူဘာရက်ခ်ဟာ သူငယ်စဉ်ကလည်း ဒီလိုမျိုးအဖြစ်မျိုးကြုံခဲ့ဖူးတာကြောင့် စာနာပြီး ကူညီပေးခဲ့တာပါ။

“အခုလို ကျွန်တော့်အတွက် အများကြီးကူညီပေးတဲ့အပြင် ကျွန်တော်တို့ကျောင်းဆောက်ဖို့ ကူညီပေးနေတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော့်အိမ်ကို အချိန်ပေးပြီးလာတာနဲ့ အကြင်နာတရားပြည့်ဝမှုတွေအတွက်လည်း ပြောမပြတတ်အောင် ကျေးဇူးတင်မိပါတယ်” လို့ ဗစ်တာက ဆိုပါတယ်။

အသက် (၁၂) နှစ်အရွယ် ဗစ်တာက မောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်ပြီး ပီရူးနိုင်ငံက အကျင့်ပျက်ခြစားမှုတွေကိုပပျောက်စေချင်တဲ့အတွက် သူကြီးလာရင် ရဲအရာရှိတစ်ဦးဖြစ်ချင်တယ်လို့ ဆိုထားပါတယ်။

Ref: Dailymail “CCTV camera shows boy doing homework under a street”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top