၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာတော့မည်

61891335_2099362153523031_3316483830830858240_n.jpg

၂၀၁၉ ခုနှစ်၊ မတ်လအတွင်းမှာ ကျင်းပစစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲရဲ့အောင်စာရင်းတွေကိုတော့ မနက်ဖြန် (၈-၆-၂၀၁၉) ရက်၊ စနေနေ့မနက် (၆) နာရီမှာ ထုတ်ပြန်ကြေညာပေးတော့မှာဖြစ်ပါတယ်။

အောင်စာရင်းတွေကို မြို့နယ်အသီးသီးက သက်ဆိုင်ရာစာစစ်ဌာနကျောင်းတွေမှာ တစ်ချိန်တည်း ကပ်ထားမှာဖြစ်ပြီး အင်းစိန်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနဲ့ သင်္ကန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တွေမှာလည်း တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ အောင်စာရင်းတွေအားလုံးကို ကပ်ထားပေးမယ်လို့ သိရပါတယ်။

တိုင်းဒေသကြီး/ ပြည်နယ်အလိုက်အောင်စာရင်းတွေကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးတွေမှာကြည့်ရှုနိုင်ပြီး ခရိုင်အလိုက်သိရှိလိုရင် သက်ဆိုင်ရာခရိုင်ပညာရေးမှူးရုံးတွေမှာ ကြည့်ရှုနိုင်သလို မြို့နယ်အလိုက်သိရှိလိုရင်လည်း သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးတွေမှာ (၈-၆-၂၀၁၉) ရက်နေ့ မနက် (၆) နာရီ နောက်ပိုင်းအချိန်ကစပြီး စုံစမ်းမေးမြန်းနိုင်မှာဖြစ်ပါတယ်။ အောင်စာရင်းတွေကို www.myanmarexam.org မှာ ဝင်ရောက်ကြည့်ရှုနိုင်အောင်လည်း စီစဉ်ပေးထားမယ့်အကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးကြေညာထားပါတယ်။

Ref: မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top