အစစ်မှန်ဆုံး AI အဖော်မွန်ကောင်းဖြစ်လာမယ့် Samsung Galaxy S25 Series နောက်ဆုံးပေါ် စမတ်ဖုန်းအသစ်တွေ မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီ

ai-2.png

Samsung ချစ်သူတွေ စောင့်စားနေတဲ့ Galaxy S25 Series စမတ်ဖုန်းအသစ်တွေကို အထူးအကျိုးခံစားခွင့်များနဲ့အတူ မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

Samsung Myanmar က ဆန်းသစ်တီထွင်ထားတဲ့ လုပ်ဆောင်နိုင်စွမ်းအသစ်တွေနဲ့ အဆင့်မြင့် AI လုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များလျက်ရှိတဲ့ Galaxy S25 Series စမတ်ဖုန်းအသစ်တွေကို မြန်မာနိုင်ငံ စျေးကွက်အတွက် ယူဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။ Samsung Galaxy S25 Series စမတ်ဖုန်းအသစ်တွေကို နီးစပ်ရာ Samsung Showroom များ နဲ့ Samsung Myanmar ရဲ့ Official မိုဘိုင်းဖုန်းအရောင်းဆိုင်များမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး အထူးအကျိုးခံစားခွင့်များနဲ့ လက်ဆောင်များလည်း လက်ကျန်ရှိသလောက် ရရှိနိုင်မှာဖြစ်ပါတယ်။

Samsung Galaxy S25 Series စမတ်ဖုန်းအသစ်တွေမှာ Galaxy AI လုပ်ဆောင်ချက်အသစ်တွေဖြစ်တဲ့ Audio Eraser၊ Auto Trim၊ Seamless Actions Across Apps စတဲ့ လုပ်ဆောင်ချက်တွေအပြင် ပိုမိုအဆင့်မြင့်လာတဲ့ Circle to Search၊ Call Transcript၊ Writing Assist၊ Drawing Assist စတဲ့ လူကြိုက်များတဲ့ လုပ်ဆောင်ချက်တွေကြောင့် ပြီးပြည့်စုံမှုအရှိဆုံး AI လုပ်ဆောင်နိုင်စွမ်းတွေကို အပြည့်အဝ ခံစားရရှိနိုင်စေမှာပဲဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ သူမတူအောင် စွမ်းဆောင်ရည်မြင့်မားတဲ့ ကင်မရာ အရည်အသွေး၊ အဆင့်မြင့်တင်ထားတဲ့ Nightography လုပ်ဆောင်ချက်တွေနဲ့အတူ စွမ်းဆောင်ရည်အမြင့်ဆုံး Snapdragon® 8 Elite for Galaxy Processor တို့ပါဝင်လာတာကြောင့် အကောင်းဆုံး မိုဘိုင်းဖုန်းသုံးစွဲမှုအတွေ့အကြုံတွေကိုလည်း ရရှိနိုင်စေမှာပါ။

Galaxy S25 Ultra ကို Titanium Silver Blue, Titanium Gray, Titanium Black နဲ့ Titanium Jetblack၊ Galaxy S25+ ကို Navy, Mint, Silver Shadow နဲ့ Black၊ Galaxy S25 ကို Blue, Mint, Silver Shadow နဲ့ Black စတဲ့အရောင်တွေနဲ့ ရွေးချယ်နိုင်မှာဖြစ်ပြီး အောက်ပါ ဈေးနှုန်းတွေအတိုင်း ဝယ်ယူရရှိနိုင်မှာပါ။
Galaxy S25 Ultra (12/512 GB) – ၇,၁၂၉,၀၀၀ ကျပ်
Galaxy S25 Ultra (12/256 GB) – ၆,၆၈၀,၀၀၀ ကျပ်
Galaxy S25+ (12/512 GB) – ၅,၆၅၅,၀၀၀ကျပ်
Galaxy S25+ (12/256 GB) – ၅,၁၆၅,၀၀၀ ကျပ်
Galaxy S25 (8/512 GB) – ၄,၇၇၉,၀၀၀ ကျပ်
Galaxy S25 (8/256 GB) – ၄,၁၈၅,၀၀၀ ကျပ်

အသစ်ထွက်ရှိထားတဲ့ Galaxy S25 Series စမတ်ဖုန်းတွေကို ဝယ်ယူရင် အောက်ပါ အထူးခံစားခွင့်နဲ့ လက်ဆောင်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။


Galaxy S25 Series ထဲက ဘယ်ဖုန်းမဆို Storage ကို နှစ်ဆမြှင့်တင်ပေးထားတဲ့ မော်ဒယ်နဲ့ Kindsuit Case ကို ပစ္စည်းလက်ကျန်ရှိသလောက် လက်ဆောင်ရယူနိုင်မှာပါ။
Galaxy S25 Series ထဲက ဘယ်ဖုန်းကိုမဆို Galaxy Watch7 Series (သို့) Galaxy Buds3 (သို့) Galaxy Buds3 Pro နဲ့ တွဲဖက်ဝယ်ယူမယ်ဆိုရင်လည်း ၂၀ % သက်သာခွင့်ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။

Samsung Care+ ဝန်ဆောင်မှုအနေနဲ့လည်း မတော်တဆဖြစ်၍ ကွဲခြင်းအတွက် အရှေ့မျက်နှာပြင်အတွက် ၇၀% နှင့် အနောက်ကိုယ်ထည်အတွက် ၁၀၀% သက်သာခွင့်ကို ဝယ်ယူသည့်နေမှစပြီး (၁၈)လအတွင်း (၁)ကြိမ် ခံစားခွင့်ရရှိနိုင်မှာပါ။အရစ်ကျ အစီအစဉ်နဲ့ ဝယ်ယူလိုသူများအနေနဲ့လည်း ၆ လ အထိ အတိုးမဲ့အရစ်ကျနဲ့ Samsung Showroom မျာမှာ AYA Pay ရဲ့ Buy Now – Pay Later, Blue Season Company Limited, Rent2Own Myanmar တို့ကနေ တစ်ဆင့်ချိတ်ဆက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခမဲ့ Operator Bundle Benefits တွေကိုလည်း အောက်ပါအတိုင်းရရှိနိုင်ပါဦးမယ်။
ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့ လစဥ် အနည်းဆုံး ၁၀,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ ဖြည့်သွင်းတဲ့ ငွေပမာဏအလိုက် ဒေတာ 4GB နဲ့အတူ YouTube နဲ့ TikTok အသုံးပြုရန်အတွက် ဒေတာ Pacakage တွေပါ (၆) ကြိမ်တိတိ အခမဲ့ ရရှိသွားမှာပါ။

Ooreedoo SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း အနည်းဆုံး ၁၀,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ ဖြည့်သွင်းတဲ့ ငွေပမာဏအလိုက် ဒေတာ 4GB နဲ့အတူ YouTube နဲ့ TikTok အသုံးပြုရန်အတွက် ဒေတာ Pacakage တွေပါ (၁) ကြိမ် အခမဲ့ ရရှိသွားမှာဖြစ်ပါတယ်။

Galaxy S25 Series စမတ်ဖုန်းများနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုတယ်ဆိုရင်တော့ Samsung Myanmar Facebook Page, Samsung Newsroom, SamsungMobilePress.com နဲ့ Samsung.com တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာပါ။ Galaxy S25 Series စမတ်ဖုန်းအသစ်တွေကို နီးစပ်ရာ Samsung Showroom များ နဲ့ Samsung Myanmar ရဲ့ Official မိုဘိုင်းဖုန်းအရောင်းဆိုင်များမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Hotline ဖုန်းနံပါတ် – 09771001777 နဲ့ Samsung Myanmar Facebook Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Samsung #GalaxyS25Series #GalaxyAI

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top