Covid-19 ဖြစ်ပွားချိန်အတွင်း အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်စေရန် Rakuten Viber က Group Call ပါဝင်နိုင်သူဦးရေကို တိုးမြင့်

16-3-2020-yyl-021.jpg

COVID –19 ဖြစ်ပွားချိန်အတွင်း အလွယ်တကူချိတ်ဆက်အသုံးပြုနိုင်စေရန် Rakuten Viber က Group Call လုပ်ဆောင်ချက်တွင် ပါဝင်နိုင်သူဦးရေကို တိုးမြင့်ပေးခဲ့ခြင်းကြောင့် လူဦးရေ ၂၀ ဦး အထိ Group Call ပြုလုပ်နိုင်လာမည်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19 ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာပြီးနောက် စီးပွားရေးမိတ်ဖက်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိသားစုများနှင့် လူပုဂ္ဂိုလ်များ အချင်းချင်းအလွယ်တကူ ချိတ်ဆက်မိစေရန်အတွက် ရည်ရွယ်ပြီး Rakuten Viber က ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ မတွေ့ရှိသေးသော်လည်း ကျန်းမာရေးနှင့် လုံခြုံရေး တိုင်းတာချက်များဖြင့် အဆိုပါ ကူးစက်ရောဂါအား ကြိုတင်ကာကွယ်ရန် အလွန်အရေးကြီးပါသည်။

“ဒီလို ခက်ခဲနေတဲ့အချိန်မှာ လူတွေ စုဖွဲ့ပြီး တစ်နေရာတည်းမှာ တွေ့ဆုံစရာမလိုဘဲ ဆက်သွယ်ပြောဆိုနိုင်ဖို့ နည်းလမ်းတွေရှာဖွေသွားမှာပါ။ Coronavirus ပျံ့နှံ့တာကို ထိန်းချုပ်တဲ့အနေနဲ့ အဝေးကနေပဲ အလုပ် လုပ်ကြတဲ့လူတွေ များလာတဲ့အချိန်မှာ သူတို့ ချစ်ခင်သူတွေနဲ့ လုံခြုံစိတ်ချရတဲ့နေရာတစ်ခုမှာ ဆက်သွ ယ်ပြောဆိုနိုင်ဖို့၊ အခြားတစ်နေရာကနေ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ ကျွန်တော်တို့တွေ လုပ်ဆောင်သွားမှာပါ။” ဟု Covid-19 အတွက် လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး Rakuten Viber ၏ Chief Operating Officer ဖြစ်သူ Ofir Eyal မှ ပြောကြားသွားခဲ့သည့်။

၂၀၀ MB အထိရှိသော ဖိုင်တွဲများကို app အတွင်းတွင် တိုက်ရိုက်မျှဝေနိုင်မည်ဖြစ်ပြီး ပိုမိုကြီးမားသော ဖိုင်တွဲများအတွက် Viber chat ရှိ cloud services တွင် links ဖြင့် မျှဝေနိုင်မည် ဖြစ်သည်။.

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top