အာကာသထဲက အရပ်မျက်နှာများ

space-4.jpg

ညချမ်းအခါမှာ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ”အဲဒီအပေါ်မှာ ဘာတွေဖြစ်နေတာလဲ” လို့ အာကာသဗေဒပညာရှင်တစ်ဦးကို မေးကြည့်လိုက်ပါ။ ”ဘယ်နားက အပေါ်လဲ”လို့ သင့်ကို ပြန်မေးပါလိမ့်မယ်။ အာကာသထဲမှာ

အပေါ်ဘက်တို့၊ အောက်ဘက်တို့ဆိုတာ ရှိမနေပါဘူး။ နည်းနည်း ခေါင်းရှုပ်သွားပြီထင်မိပါတယ်။

၂၀၁၆ စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုရလဒ်တစ်ခုအရ စကြဝဠာမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်၊ အောက် ဆိုတဲ့ အရပ်မျက်နှာတွေ ရှိမနေဘူး လို့ ဆိုပါတယ်။ ဘယ်အရပ်မျက်နှာကပဲ ကြည့်ကြည့် စကြဝဠာဟာ Isotropic (အနီးစပ်ဆုံး စကားလုံး အနေနဲ့ ”ပုံဆောင်မဲ့”လို့ခေါ်တွင်နိုင်ပါတယ် ဘယ်အကွာအဝေးကနေ တိုင်းတာသည်ဖြစ်စေ မူလပမာဏ ပြောင်းလဲခြင်း မရှိ) ဖြစ်နေပါတယ်။

လေ့လာသူတွေကတော့ စကြဝဠာမှာ အရပ်မျက်နှာရှိနိုင်ခြေဟာ ၁၂၁၀၀၀ ပုံ ၁ ပုံပဲရှိတယ်လို့ ဆိုပါတယ်။ ယခုလောလောဆယ်တော့ Isotropic Universe ဆိုတာပဲရှိနေပါတယ်။ အရပ်မျက်နှာတွေကို တိုင်းတာနိုင်ဖို့ ဘစ်ဘမ်း (Big Bang) ပြီးကတည်းက တည်ရှိနေခဲ့တဲ့ CBM (Cosmic Microwave Background/အာကာသ နောက်ခံလှိုင်းများ)ကို တွက်ချက်တိုင်းတာခြင်းအားဖြင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ လေ့လာရေး အဖွဲ့ဟာ ဥရောပ အာကာသ အေဂျင်စီ ရဲ့ပလန့်ခ် (Plank) အမည်ရ အာကာသလွန်းပျံယာဉ်ကို အသုံးပြုပြီး ၂၀၀၉ ကနေ ၂၀၁၈ ထိ CBM တိုင်းတာခဲ့ကြပြီး ပိုမို တိကျတဲ့ ကိန်းဂဏန်းတွေကို ပေးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

စကြဝဠာမှာ ”ညာ” ဘက်ရှိတယ်လို့ စိတ်ကူးကြည့်လိုက်ပါ။”ဘက်”တစ်ခုခုသာရှိနေခဲ့မယ်ဆိုရင် စကြဝဠာဟာ အလည်မှတ်တစ်ခုကနေ ဘက်ပေါင်းစုံကို အလျင်အမျိုးမျိုးနဲ့ ပြန့်ကားနေတာကို သိရမှာပါ။ ဒါဆိုရင် စကြဝဠာဟာ ”ပုံဆောင်မဲ့” မဟုတ်တော့ပါဘူး၊ ”ပုံဆောင်ခဲ” ဖြစ်သွားမှာပါ။ (ကျွန်တော်တို့ရဲ့ စကြဝဠာ ကြီးဟာ Big Bang ပေါက်ကွဲမှုဖြစ်ပွားပြီးကတည်းက ပြန့်ကားနေလိုက်တာ ယခုချိန်ပါပဲ၊ ဆက်လက်ပြီးတော့လည်း ပြန့်ကားနေဆဲပါပဲ၊ ပူစီဖောင်းကို လေမှုတ်သွင်းနေသလိုမျိုး မြင်ယောင်ကြည့်နိုင်ပါတယ်)

အဲဒီလို ပြန့်ကားနေတာကြောင့် CBM တွေကို တိတိကျကျ မဖမ်းယူနိုင်တာ ဖြစ်ပါတယ်။ လေ့လာသူတွေရဲ့ ဖော်ပြချက်အရ CBM တွေဟာ ကြုံရာကျပန်း တွေဖြစ်နေပြီး တိကျတဲ့ ပုံစံမရှိပါဘူးတဲ့။ နောက်ပြီး ထပ်မံရရှိတဲ့ သဲလွန်စတွေကလည်း စကြဝဠာဟာ ”ပုံဆောင်ခဲ” ဖြစ်ရမယ်လို့ ညွှန်းနေကြပါတယ်။ လိုအပ်နေတာက စကြဝဠာဟာ ”ပုံဆောင်ခဲ” ဖြစ်တယ်ဆိုရင် ဘာ့ကြောင့်လဲ ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ လေ့လာသူတွေ လေ့လာပြီးသမျှ၊ လေ့လာနေသမျှ၊ ဆက်ပြီးလေ့လာဖို့ရှိနေတာတွေဟာ စကြဝဠာက ”ပုံဆောင်ခဲ” အဖြစ်ဆိုတဲ့အဆိုကိုပဲ တညီတည်း သွားနေပါတယ်။ တကယ်လို့သာ စကြဝဠာ ကြီးဟာ ”ပုံဆောင်မဲ့” ဖြစ်နေခဲ့မယ်ဆိုရင် ကျွန်တော်တို့ သိထားသမျှ စကြဝဠာအရပ်မျက်နှာဆိုင်ရာအသိတွေကို အကုန်လုံးကို လွှင့်ပစ်လိုက်ရတော့မှာပါ။ (ယခုချိန်အထိတော့ ”ပုံဆောင်မဲ့” အဖြစ်သက်မှတ်ထားတုန်း ဖြစ်ပါတယ်)

Ref: Curiosity ”In outer space,there is no up or down”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top