မိမိပတ်ဝန်းကျင်တွင်ရှိသောချစ်ခြင်းတရားများဖြစ်တဲ့ ကိုယ့် ကိုယ်ကိုယ်ချစ်ခြင်း၊ တခြားသူကိုချစ်ခြင်း၊ သဘာဝကိုချစ်ခြင်း၊ အိမ်မွေးတိရစ္ဆာန်ချစ်ခြင်း စတဲ့မတူညီတဲ့ချစ်ခြင်းမေတ္တာအခိုက်အတန့်များကို ဓာတ်ပုံများမှတစ်ဆင့် ရိုက်ကူးပြီး ပုံဖော်ပြသနိုင်ရန်အတွက် VLoveLife ဓာတ်ပုံပြိုင်ပွဲကမ်ပိန်း ကျင်းပမည်ဖြစ်သည်။ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ မြင်တွေ့နေကျ ချစ်ခြင်းမေတ္တာ တွေကို သဘာဝကျကျဖြင့် ရိုက်ကူးပုံဖော်နိုင်စေရန်အတွက် ဖိတ်ခေါ် သည့်ပြိုင်ပွဲ ဖြစ်ပြီး vivo အသုံးပြုသူများသာမက တခြားမည်သည့်ဖုန်းအသုံးပြုသူဖြစ်စေ Watermark မပါသောပုံဖြင့်ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။
အဆိုပါ VLoveLife ဓာတ်ပုံပြိုင်ပွဲတွင် အဓိက Theme (၅) မျိုးဖြစ်သော သဘာဝ၏အလှတရားကိုရိုက်ကူးမှတ်တမ်းတင်ခြင်းကိုနှစ်ခြိုက်သူများ အတွက် VLoveNature, အားကစားလုပ်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်ခြင်းနှင့်အတူမိမိ၏အလှအပအားဖော်ထုတ်ပြသလိုသူများအတွက် VLoveSports, အိမ်မွေးတိရစ္ဆာန် ချစ်မြတ်နိုးသူလေးတွေအတွက် VLovePets, အစားအသောက်ကောင်းလေး တွေ အမြဲရှာဖွေနေပြီး ပြန်လည် မျှဝေတတ်သူလေးတွေအတွက် VLoveFoods နဲ့ ခရီးသွားရတာကြိုက်နှစ်သက်သူလေး တွေအတွက် VLoveTravel ဟူသည့် Theme များကို တစ်ပတ်လျှင် Theme တစ်ခုစီဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်ရမည့် Theme တစ်ခုချင်းစီ၏ အသေးစိတ်အချက်အလက် များကို အပတ်စဉ် vivo Myanmar ၏ Facebook စာမျက်နှာတွင် ကြေညာပေးသွားမည်ဖြစ်သည်။ ထို့အပြင် Theme အလိုက် အကောင်းဆုံးဓာတ်ပုံဆုများကို အပတ်စဉ်ကြေညာပေးသွားမည်ဖြစ်ပြီး ဆုရရှိသူများထဲမှ အထူးဆုကို စိစစ်ရွေးချယ်ပြီး ဇန်နဝါရီလ (၃၁)ရက်နေ့တွင် အထူးဆုရသူတစ်ဦးကို vivo Myanmar ၏ Facebook စာမျက်နှာတွင် ကြေညာပေးမည်ဖြစ်သည်။ ဆုလက်ဆောင်အနေဖြင့် Theme အလိုက်ဆု လက်ဆောင်များကို မင်းသမီးချောလေးခင်ဝင့်ဝါနဲ့ Collaboration လုပ်ထားသည့် V60 Exclusive Gift Box (၁၅) ခုနှင့် အထူးဆုအနေဖြင့် vivo မှ နောက်ဆုံးထွက်ရှိထားသည့် Telephoto ကင်မရာပါဝင်သည့် vivo V60 ဖုန်းကို ပေးအပ်သွားမည်ဖြစ်သည်။
vivo V60 သည် အဆင့်မြှင့်တင်ထားသည့် ခေတ်မီနည်းပညာအပြင် ZEISS lens တပ်ဆင်ထားသောကြောင့် ရိုးရှင်းပြီးစစ်မှန်တဲ့အခိုက်အတန့်လေးများကိုပင် ပရော်ဖက်ရှင်နယ်အဆင့်မီ ဓာတ်ပုံများကိုရရှိစေပြီး၊ နွေးထွေးမှု၊ စိတ်ခံစားမှုနဲ့ ရုပ်ရှင်ဆန်တဲ့ အရည်အသွေးတွေကို ပေးစွမ်းနိုင်သည်။ 23mm, 35mm, 50mm မှ Telephoto 85mm, 100mm အထိ စွယ်စုံရ Lens များဖြင့် ချစ်ခြင်းကို ရှုထောင့်အမျိုးမျိုးကနေ လေ့လာရှာဖွေနိုင်ပါတယ်။ ထို့အပြင် LoveLife သည် VLove ၏အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး နာမည်ကြီးအနုပညာရှင်များနှင့် ဓာတ်ပုံပညာရှင်များ ပါဝင်ပူးပေါင်းကာ ဘဝ၏ချစ်ခြင်းများကို စူးစမ်း ရှာဖွေပြီး ပုံဖော်ရိုက်ကူးထားသည်။
#vivoV60 #VLoveLife
#ZEISSPortraitSoPro #vivoMyanmar
NZ (ရိုးရာလေး)

