အချိန်ကြာကြာ ဖုန်းအားမသွင်းချင်သူတွေအကြိုက်တွေ့စေမဲ့ OPPO A78 ကို မြန်မာနိုင်ငံတွင် ၈၄၉,၉၀၀ ကျပ်နဲ့ စတင် ဝယ်ယူရရှိနိုင်ပြီ

23.8.23-yyl-22.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO ကနေ ထုတ်လုပ်ထားတဲ့ A series အသစ် OPPO A78 ကို မြန်မာနိုင်ငံဈေးကွက်မှာ ၈၄၉,၉၀၀ ကျပ်နဲ့ စတင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ OPPO A78 မှာဆိုရင် အားသွင်းမြန်စေမဲ့ 67W SUPERVOOC၊ ကြီးမားတဲ့ ဘက်ထရီ 5000mAh၊ FHD+ AMOLED Display၊ In-Display Fingerprint၊ ColorOS 13.1 စတာတွေ ပါဝင်လာပြီး ဖုန်းကို ၄ နှစ်ထိ ချောမွေ့စွာ အသုံးပြုနိုင်ဖို့ စမ်းသပ်ထုတ်လုပ်ထားပါတယ်။ OPPO A 78 ကို Aqua Green နဲ့ Mist Black ဆိုပြီး အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး ဝယ်ယူသူတွေကို OPPO ကနေ ဘေးတစောင်းလွယ်အိပ်ကို လက်ဆောင်အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်။

OPPO A78 မှာ အချိန်ကုန်သက်သာပြီး အားသွင်းမြန်ဆန်စေမဲ့ 67W SUPERVOOC အမြန်အားသွင်းစနစ် ပါဝင်ပြီး အားအပြည့်သွင်းနိုင်ဖို့ အချိန် ၄၅ မိနစ်ပဲ ကြာမှာဖြစ်ပါတယ်။ ဒါအပြင်ဲ့ ကြာရှည်ခံမဲ့ 5000 mAh ဘက်ထရီ ထည့်သွင်း ပေးထားပြီး အချိန်ကြာကြာ ဘက်ထရီအားကို အသုံးပြုနိုင်မှာပဲဖြစ်ကာ ဘက်ထရီသက်တမ်းကို ၂ဆ ကြာရှည်ခံစေမဲ့ Battery Health Engine စနစ်ပါဝင်လာဦးမှာဖြစ်လို့ ၄ နှစ်ကြာ သုံးပြီးရင်တောင် ဘက်ထရီအား ၈၀ ရာခိုင်နှုန်း ကျန်နိုင်ဦးမှာ ဖြစ်ပါတယ်။ OPPO A78 ဟာ ဖုန်းပျက်စီးတာ၊ USB အားသွင်းကြိုး အသွင်း အထုတ် ခံနိုင်ရည်၊ ရေဝင်တာ၊ ပြုတ်ကျတဲ့ ဒဏ်တွေကို စမ်းသပ်ထားတဲ့ IP54 ကို ဖြတ်ကျော်အောင်မြင်ထားပါတယ်။ OPPO A78 ဟာ OPPO ရဲ့ ပြင်းထန်တဲ့ ဓာတ်ခွဲစမ်းသပ်မှု ရလဒ်တွေအရ ၄၈ လ ကြာတဲ့အထိ ဖုန်း အသုံးပြုမှုဟာ ထစ်တာ၊ ဟန်းတာ မရှိဘဲ ချောမွေ့မြန်ဆန်နေဦးမှာပါ။

OPPO A78 ရဲ့ Screen အမျိုးအစားကို 6.43” ရှိတဲ့ FHD+ AMOLED Punch-hole Display အမျိုးအစား အသုံးပြုထားတဲ့အတွက် ရုပ်ထွက်ကောင်းပြီး 90Hz Screen Refresh Rate ဖြစ်လို့ ဖုန်းအသုံးပြုတဲ့အခါမှာလဲ ချောမွေ့ သွက်လက်စေမှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာအတွက် Dual Stereo Speakers တပ်ဆင်ထားပြီး Volume Level ကို 300% အထိ အသံတိုးချဲ့နိုင်မဲ့ Ultra Volume Mode လဲ ပါဝင်လာတဲ့အတွက် ဆူညံနေတဲ့ ပတ်ဝန်းကျင် အခြေအနေတွေမှာတောင် အသံကျယ်ကျယ် ကြားနိုင်မှာဖြစ်ပါတယ်။

OPPO A78 ရဲ့ ဖုန်းကို Lock ဖွင့်စနစ်ပိုင်းမှာဆိုရင်လည်း သုံးစွဲသူတွေ ပိုမိုအဆင်ပြေစေဖို့ အဆင့်မြင့်တဲ့ In-Display Fingerprint Unlock ကို အသုံးပြုပေးထားတဲ့အတွက် ဖုန်းကို Lock ဖွင့်တဲ့အခါမှာဆိုရင် Fingerprint ကို Screen ပေါ်တင်လိုက်တာနဲ့ မျက်စိတစ်မှိတ်အတွင်း စမတ်ကျကျ Lock ဖွင့်လို့ရနိုင်မှာပါ။ ဖုန်းရဲ့ Unlock ပိုင်းကို မိုမို ချောချောမွေ့မွေ့ ပြုလုပ်နိုင်အောင် Unlock ဖွင့်နိုင်တဲ့ Fingerprint ရဲ့ နေရာကိုလဲ Display မှာ ပိုပြီးနေရာရအောင် Design ဖန်တီးထားပါတယ်။ ဖုန်း Unlock ဖွင့်နိုင်ဖို့ မတူညီတဲ့ Fingerprint ၅ ခုကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး Facial Recognition ကိုလည်း အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

Storage အနေနဲ့ RAM 8 GB ကို နောက်ထပ် 8 GB တိုးချဲ့ ထည့်သွင်း အသုံးပြုနိုင်တဲ့အတွက် RAM 16GB Performance နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ROM အနေနဲ့ 256 GB ပါဝင်လာမှာ ဖြစ်တဲ့အတွ် မိမိစိတ်ကြိုက် Data တွေ သိမ်းဆည်းဖို့အတွက် လုံလောက်တဲ့ ROM ကို ရရှိမှာဖြစ်ပါတယ်။ ဒါအပြင် Qualcomm Snapdragon 680 ကို အသုံးပြုထားတဲ့အတွက်လဲ ဖုန်းအားကုန်တာတွေကို သက်သာစေမဲ့အပြင် Application တွေကို ပိုမို ပေါ့ပါးစွာ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ OPPO A78 မှာ OPPO ရဲ့ နောက်ဆုံးပေါ် ColorOS 13.1 ကို အသုံးပြုထားပြီး ထူးခြားချက်တစ်ခုအနေနဲ့ အခြား App များအသုံးပြုနေရင်း ဖုန်းရဲ့နောက်ခံမှာ YouTube သီချင်းများကို တိုက်ရိုက် ကြည့်ရှုနားဆင်နိုင်မဲ့ Background Stream လုပ်ဆောင်ချက် ပါဝင်လာမှာဖြစ်ပါတယ်။

OPPO A78 ဖုန်းကို Aqua Green နဲ့ Mist Black ဆိုပြီး အရောင် နှစ်ရောင်နဲ့ ထွက်ရှိလာမှာဖြစ်ပြီး ပေါ့ပါးပါးလွှာတဲ့ Ultra Slim Retro Design နဲ့ အထူးထုတ်လုပ်ထားတဲ့အတွက် လက်ထဲမှာ ကျစ်လစ်လှပနေစေမှာ ဖြစ်သလို အလေးချိန် 180 g သာ ရှိပါတယ်။

OPPO A78 ရဲ့ ကင်မရာပိုင်းမှာဆိုရင် 50MP AI Main Camera ပါတဲ့အတွက်ကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရရှိနိုင်မှာဖြစ်ပြီး 108MP Super High-definition ဓာတ်ပုံတစ်ပုံကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ Selfie Camera မှာဆိုရင် 8MP ပါဝင်ပြီး AI Beautification Mode လဲ ပါဝင်တဲ့အတွက်ကြောင့် ရုပ်ထွက်ကောင်းပြီး လှတဲ့ Selfie ပုံရိပ်တွေကို ရရှိနိုင်မှာဖြစ်ကာ 2 MP Depth Camera ပါဝင်ပါသေးတယ်။

OPPO ကနေ “အချိန်မြန်ဆန် အားသွင်းမြန်” ဆောင်ပုဒ်နဲ့ ထွက်ရှိလာတဲ့ OPPO A78 ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ၈၄၉,၉၀၀ ကျပ်နဲ့ စတင်ဝယ်ယူ ရရှိနိုင်ပြီဖြစ်ပြီး ဝယ်ယူသူတွေကို OPPO ကနေ ဘေးတစောင်းလွယ်အိပ်ကို လက်ဆောင်အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်။ OPPO A78 နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက https://www.oppo.com/mm/smartphones/series-a/a78/ ဒီ Website Link ကနေပဲဖြစ်ဖြစ်၊ OPPO Myanmar ရဲ့ Facebook လင့်ကနေ တစ်ဆင့် https://tinyurl.com/eehs5m87 ပဲဖြစ်ဖြစ် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top