LGBTတို့ရဲ့ဂုဏ်သိက္ခာကို လေးစားတဲ့ဇာတ်ကားများသာရိုက်ကူးသင့်

သူမ၊ တာတေကြီး၊ အမျှင်ဇာတ်ကားတွေလို LGBT တွေရဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့ ဇာတ်ကားတွေပဲရိုက်ကူးဖို့ LGBT အသိုင်းအဝိုင်းက တောင်းဆိုလိုက်ပါတယ်။

မိတ်ကပ်မေဦးကလည်း “ရုပ်ရှင်တွေမှာ ဖော်ပြလိုက်တိုင်း LGBT အများစုက ကောင်းတဲ့ဇာတ်ကွက်နဲ့ဖော်ပြတာမတွေ့ရပါဘူး။ ဖော်ပြချက်တွေက အမြဲတမ်းမှားယွင်းစွာဖော်ပြနေပါတယ်” လို့ မတ်လ (၅) ရက်နေ့က LGBT တွေပူးပေါင်းကျင်းပတဲ့ ဆီဒိုးနားဟိုတယ်ကသတင်းစာရှင်းလင်းပွဲမှာ ေြုပာခဲ့တယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခန်း(၈) အပိုဒ် (၃၄၈) အရ မြန်မာနိုင်ငံသားတိုင်းကို နိုင်ငံတော်ကသော်လည်းကောင်း ၊ နိုင်ငံသားတစ်ဦးနှင့် တစ်ဦးသော်လည်းကောင်း ခွဲခြားဆက်ဆံခြင်းမပြုရဟု ပြဋ္ဌာန်းထားပါတယ်။

မိတ်ကပ်မေဦးမောင်ကလည်း LGBT အသိုင်းအဝိုင်းအနေနဲ့ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရပြီး နှိမ့်ချပြောဆို၊ ခွဲခြားဆက်ဆံ၊ လှောင်ပြောင်ပျက်ရယ်ပြုခံနေရတယ်လို့ ပြောပြခဲ့ပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply