အလုပ်ခွင်မှာ တော်တဲ့သူတွေ ကိုယ်တိုင်လုပ်မိတဲ့အမှားများ

ww1.png

တော်တဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ရတာက ဂုဏ်ယူစရာကောင်းတဲ့အရာတစ်ခုပါ။ ဒါပေမဲ့ တစ်ခါတရံ မပြောင်းလဲဘဲ တသတ်မတ်တည်းရှိနေတဲ့အကျင့်မျိုးက အောင်မြင်မှုဆီဦးတည်နေတဲ့ လှေကားထစ်တွေကို ရပ်တန့်ပစ်စေနိုင်ပါတယ်။ ထူးချွန်တဲ့လူတွေတောင် သူတို့ရဲ့ကိုယ်ပိုင်အောင်မြင်မှုကို ထိခိုက်စေနိုင်တဲ့ အမှားတွေကို လုပ်မိတတ်ကြပါတယ်။ အဲဒီလိုတော်တဲ့သူတွေ ကိုယ်တိုင်လုပ်မိတဲ့ အမှားတွေက ဘာတွေလဲဆိုတာကို ဆက်ပြီး ဖတ်ရှုလိုက်ကြပါဦးနော်။

လူမှုဆက်ဆံရေးအားနည်းခြင်း

တော်တဲ့သူတွေက တစ်ခါတရံ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အစွမ်းအစတွေကို လျှော့တွက်တတ်ကြပြီး အဖွဲ့အတွက် လိုအပ်တဲ့ လူမှုဆက်ဆံရေး၊ ပေါင်းသင်းဆက်ဆံရေးတွေလည်း လျော့နည်းပါတယ်။ အယူအဆအသစ်တွေကို အလွယ်တကူသိနိုင်ပြီး စံသတ်မှတ်ချက် အမြင့်ကြီးထားတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေက သူမှန်ထားတဲ့အတိုင်း လက်စွမ်းမပြနိုင်တဲ့အခါ စိတ်ပျက်တတ်ကြပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေကို တာဝန်ခွဲမပေးခြင်း

တော်တဲ့သူတွေက အမြဲလိုလို ပြီးပြည့်စုံတဲ့သူတွေဖြစ်ပြီး သူ့နည်းသူ့ဟန်နဲ့ အလုပ်လုပ်ရတာကိုကြိုက်သလို လုပ်ဖော်ကိုင်ဖက်တွေကို တာဝန်လွှဲပေးဖို့ ခက်ခဲတယ်လို့ ထင်တတ်ပါတယ်။ ဒါ့အပြင် တစ်ခါတရံ ပရောဂျက်တစ်ခုကို တစ်ယောက်တည်း ပိုကောင်းအောင်လုပ်နိုင်တယ်လို့ ခံစားမိတတ်ကြပါတယ်။

လွယ်လွယ်နဲ့ ပျင်းရိတတ်ခြင်း

ဉာဏ်ထက်မြက်တဲ့သူတွေက အလုပ်တစ်ခုပြီးမြောက်ဖို့ အဖြေရှာပြီးတဲ့အခါ၊ သူတို့ဆက်လုပ်နေတဲ့ပရောဂျက်ကနေ ရနိုင်တဲ့အရာမှန်သမျှကို လေ့လာတဲ့အခါ ပျင်းရိသွားတတ်ပါတယ်။ တာဝန်ပေးအပ်ထားတဲ့အရာတစ်ခုကနေ အခြားတစ်ခုကို ကျော်ပစ်ချင်ကြပြီး တစ်ခါတရံ တည်ငြိမ်တာ၊ စိတ်ရှည်တာတွေတော့ အားနည်းပါတယ်။

အလုပ်ပြီးမြောက်ဖို့ အချိန်အကြာကြီးယူခြင်း

အဲဒီလိုလူမျိုးတွေက အကောင်အထည်ဖော်ဖို့ထက် အချိန်အကြာကြီးယူပြီး စဉ်းစားတတ်ကြပါတယ်။ သူတို့လုပ်တဲ့အရာတစ်ခုကို ပြီးပြည့်စုံစေချင်ကြပါတယ်။ ဒါပေမဲ့ အသေးစိတ်အချိန်ယူပြီးလုပ်နေမဲ့အစား သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးအောင်လုပ်ဖို့က ပိုအရေးကြီးတယ်ဆိုတာကို သူတို့နားမလည်ကြတာပါပဲ။

အမှားကို လက်မခံတတ်ခြင်း

တော်တဲ့သူတွေက သူတို့အလုပ်နဲ့ပတ်သတ်ပြီး အတ္တဆန်လာတဲ့အခါ ဦးတည်နေတဲ့ လမ်းကြောင်းက မှားနေတတ်ပါတယ်။ အခြားလုပ်ဖော်ကိုင်ဖက်က ပြဿနာတစ်ခုအတွက် ကောင်းတဲ့ဖြေရှင်းနည်းကို အကြံပြုတဲ့အခါ တစ်စုံတစ်ယောက်က သူတို့အလုပ်နဲ့ပတ်သတ်ပြီး မေးခွန်းထုတ်တဲ့အခါ သူတို့ရဲ့မာနကို ထိပါးနေတယ်လို့ ခံစားမိစေပါတယ်။ ဝေဖန်ပြောဆိုမှုတွေနဲ့ သူတို့အမှားတွေကို လက်ခံဖို့ဝန်လေးကြပါတယ်။

အလုပ်ခွင့်မှာ တော်ပြီးထက်မြက်တာကောင်းပေမဲ့ အောင်မြင်မှုကိုဆွတ်ခူးနိုင်ဖို့ တော်ရုံတတ်ရုံနဲ့မရပါဘူး။ အလုပ်မှာတင်မကဘဲ လူမှုဆက်ဆံရေးမှာလည်း ဝင်ဆံ့အောင် ကြိုးစားရမှာဖြစ်ပါတယ်။

Ref: ways smart people ruin their own career
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top