မုဆိုးဖို-မုဆိုးမဘဝဖြင့် လွမ်းတသသဖြစ်ရခြင်းအား လက္ခဏာပညာဖြင့် လေ့လာခြင်း

baydinmar0819.jpg

လောကမှာ ချစ်ခြင်းနှင့်အစတည်လာခဲ့တဲ့ သိပ်ချစ်တဲ့ချစ်သူတွေဟာ တစ်နေ့တော့ အိမ်ထောင်ပြုလို့ မိသားစုဘဝကို တည်ဆောက်ပြီး သား၊မြေတွေရတဲ့ အထိ ရိုးမြေကျ အဖိုးကြီး၊အဖွားကြီးဖြစ်တဲ့အထိ ချစ်ခင်ကြင်နာစွာ နေထိုင်လိုကြတာဖြစ် တယ်။ ဒီလိုအခြေအနေမျိုးကိုမျှော်လင့်ရည်မှန်ပြီး ကိုယ်အလွန် ချစ်တဲ့ ချစ်သူနဲ့ လက်ထပ်ရဖို့ ဘဝအခက်အခဲများစွာကို ဖြတ်ကျော်ပြီး စွန့်စားခဲ့ကြတာပါ။ ဒီလိုအချစ်ရဲ့အားတွေ၊သတ္တိတွေနဲ့ တူနှစ်ကိုဘဝလမ်းကို လျှောက်လှမ်းရတဲ့အချိန်မှာ တစ်ဦးတစ်ယောက်က လူ့လောကကြီးကနေ မိမိကိုထားခဲ့ပြီး ထွက်ခွာသွားမယ်ဆိုရင် ဘယ်လောက်ဝမ်းနည်း ကြေကွဲဖို့ ကောင်းလိုက်မလည်း။ ဒီလိုထွက်ခွာသွားလို့ မိမိမှာ သူမရှိတော့တဲ့နောက် တစ်ကိုယ်တည်း မုဆိုးဖို-မုဆိုးမ ဘဝနဲ့ ဘဝခရောင်းလမ်းကို ဖြတ်ရတဲ့အခါ ဘယ်လောက်များ ကြေကွဲဖို့ကောင်းလိုက်လေမလည်း အဖော်မဲ့ပြီး လောကဒဏ်ရိုက်ခတ်တဲ့အချိန်မှာ သူ့ကိုတမ်းတလို့ မျက်ရည်တွေနဲ့ တိပ်တခိုးငိုနေရတဲ့ ဘဝတွေကို ဖြတ်သန်းနေရတဲ့ မိတ်ဆွေတွေ လောကမှာ အများကြီးပါ။ ဒီလိုဖြစ်ရတဲ့ ကံတရားတွေအတွက် လက်ဖဝါးပြင်က လက္ခဏာမှာတော့ တိတိကျကျဖော်ပြပါတယ်။

အိမ်ထောင်ရေးလမ်းကြောင်းလို့ခေါ်တဲ့ လက်သန်းရဲ့အောက်ဘက် ဗုဒ္ဓဟူးဂြိုဟ်ခုံပေါ်ကို ထိုးတက်နေတဲ့ လမ်းကြောင်းတိုလေးကို အဓိကထာပြီး တင်ပြလိုပါတယ်။ ဒီအိမ်ထောင်ရေးလမ်းကြောင်းဟာ တိုပေမယ့် လူ့ဘဝ အတွက်တော့ အလွန်ဘဲ အရေးပါလှပါတယ်။ ဒီအိမ်ထောင်ရေးလမ်း ကြောင်း ပေါ်မှာ ထင်ရှားတဲ့ မှဲ့နက်တစ်လုံးရှိ နေမယ်ဆိုရင်တော့ သူ့ဘဝမှာ သူအလွန်ချစ်ရတဲ့ အိမ်ထောင်ဘက်နဲ့ ရုတ်တရက်သေကွဲကွဲရမယ်ဆိုတဲ့ အခြေ အနေဖြစ်ပါတယ်။ဒီနေရာမှာ လက်ပုံစံ၊ဂြိုဟ်ခုံနဲ့ အခြားသော လမ်းကြောင်းတွေကို ပေါင်းစပ်ပြီး အသက်ပိုင်းခြားခြင်းကို တိတိ ကျကျတိုင်းထွာလိုက်မယ် ဆိုရင်တော့ ဘယ်အသက်အရွယ်မှာ ကိုယ့်ရဲ့ အိမ်ထောက်ဘက်ဟာ ဘယ်လိုအခြေအနေနဲ့ သူသိပ်ချစ်ရတဲ့ မိသားစုဘဝကို ခွဲခွါသွားမှာဖြစ်လို့ လက္ခဏာရှင်ဟာ တမ်းတမ်းတတလွမ်းတသသဖြစ်ပြီး ဖြေမဆည်နိုင်တဲ့ အခြေအနေနဲ့ ကျန်ရစ်ခဲ့နိုင်တယ်လို့ လက္ခဏာပညာက ပြောနိုင်ပါတယ်။

အချို့သော အိမ်ထောင်ရေးလမ်းကြောင်းဟာ နှစ်ကြောင်းပါရှိပြီး အဲဒီလမ်းကြောင်းနှစ်ခုဟာ အဖျားဘက်မှာ ထူးထူးခြားခြား ပေါင်းစပ်ပြီး ကြက်ခြေ ခတ်ပုံဖြစ်နေတာရှိတယ်။တစ်ခုက အပေါ်ဘက်ကို ကော့တက်ပြီး တစ်ကြောင်းက အောက်ဘက် နှလုံးလမ်းကြာင်းဘက်ကို ဆင်းနေတဲ့ပုံပါ၊ ဒီအဆင်းလမ်း က နှလုံးလမ်းကြောင်းကို ထိနေခဲ့ရင်တော့ ပိုသေချာသွားတာက မုဆိုးဖို-မုဆိုးမ ဖြစ်ဖို့ပါဘဲ။တွေ့ရတာနည်းပေမယ့် မုဆိုးဖို-မ တွေမှာတော့ တွေ့နေရတာပါ။ တစ်ချို့ကြတော့ အိမ်ထောင်ရေးလမ်းကြောင်းဟာ နှစ်ခွဖြစ်နေပြန်တယ်၊အဲဒီနှစ်ခွဖြစ်နေတဲ့ လမ်းကြောင်းထဲက တစ်ကြောင်းက နှလုံးလမ်းကြောင်း ဘက်ကို စိုက်ဆင်းပြီး ထိနေတတ်တယ်၊အချို့ဆိုရင် နှလုံးလမ်းကြောင်းကို ဖြတ်သွားတာလည်းရှိတယ်၊ ဒီလိုအခြေအနေပါလာတဲ့ လက္ခဏာရှင်ကိုလည်း အိမ်ထောင် ဘက်ဆုံးပါးတတ်တယ်လို့ ဟောရမှာဘဲဖြစ်တယ်။

အိမ်ထောက်ဘက် သေဆုံးလို့ မုဆိုးဖို-မုဆိုးမ ဘဝနဲ့ လောကကို ဖြတ်ကျော်ရမယ့်သူတွေမှာ ပါတတ်တဲ့ အမှတ်အသားတွေအများကြီးရှိတဲ့ အထဲက အထက်ကအမှတ်အသားတွေကတော့ ရာနှုံန်းပြည့်နည်းပါးလောက်ကို မှန်နေတာဖြစ်တယ်။ လက္ခဏာပညာကိုလေ့လာတဲ့အခါ ဆက်စပ်တွေးခေါ်ပြီး ၊ခွဲခြမ်းစိတ်ဖြာကြည့်တတ်ဖို့လိုပါတယ်။ သေကွဲကွဲရမယ့်အမှတ်အသားအထင်အရှားပါတဲ့ လူတစ်ယောက်ကို လက်ထပ်လိုက်မိရင် ဘာဖြစ်မလည်းဆိုတဲ့ မေးခွန်းရှိပါတယ်၊ ဒီအတွက် ကိုယ့်ရဲ့ လက္ခဏာမှာ မိသားစုကို ထားရစ်ပြီး ဘဝတစ်ပါးကို ကူးပြောင်းမယ့် ကံပါသလားဆိုတာကို လေ့လာရမှာဖြစ်တယ်၊ ထူးဆန်းတာတစ်ခုက ဥပစ္ဆေဒကကံထိုက်တဲ့ အမှတ်အသားပါတဲ့ သူနဲ့ မုဆိုးဖို-မ ဖြစ်မယ့်ကံပါတဲ့သူ အိမ်ထောင်ကျတာကို ကျွန်ုပ်တွေ့ဖူးပါတယ်။ မကြာသေးခင်ရက်က ကျွန်ုပ်ဟောချက်မှန်ခဲ့ တာဖြစ်လို့ ဝမ်းနည်းစွာဖြင့် အခုဒီစာလေးရေးဖြစ်တာလည်းဖြစ်ပါတယ်။ ကံတရားရဲ့ ပြဌာန်းချက်ဖြစ်လို့ ဘယ်လို့မှ ပြင်ဆင်ချိန်မရလိုက်ပါဘူး။

ကျွန်ုပ်တို့လူသားတွေဟာ ပိုက်ဆံရှိနေချိန်၊အောင်မြင်နေချိန်၊ရာထူးဂုဏ်ရှိန်တွေ တိုးတက်နေတဲ့အချိန်တွေမှာဆိုရင် ငါဘာလုပ်လုပ်တင့်တယ်တယ်ဆိုတဲ့ အမြင်နဲ့ ဗေဒင်-လက္ခဏာပညာရပ်တွေနဲ့ အနာဂါတ်အခြေအနေတွေ ကိုမစစ် ဆေးလိုပါဘူး။ ဒီလိုလူတွေဘဲ အချိန်တိုအတွင်းမှာ စီးပွားပျက်၊ ရာထူးလက်မဲ ဖြစ်ပြီး လောကဒဏ်ရိုက်ခတ်တဲ့အခါမှာ ရောက်လာတတ်ကြပါတယ်။အရမ်းနောက်ကျသွားတာမျိုးကို ကြုံဖူးတယ်။ တစ်ကယ်လို့ စောစောသာသိခဲ့ရင် လက္ခဏာပညာရဲ့ လမ်းညွှန်မှု့ကြောင့် ဆောင်သင့်တာဆောင်၊ရှောင်သင်တာရှောင်လိုက်ရင် အထိုက်အလျှောတော့ သက်သာခွင့်ရမှာဖြစ်တယ်။ ဘယ်အရာ မဆို ကြိုတင်သိရရင် ကြိုတင်ပြင်ဆင်နိုင်လို့ အဆုံးရှုံးနည်း တတ်တဲ့ သဘောဖြစ်ပါတယ်။ ဘယ်လိုဖြစ်ပါစေ လောကမှာ မိမိရဲ့ဘဝကို သူ့ဘဝနဲ့ထပ်တူပြုလို့ နှစ်ယောက်တစ်ဘဝအဖြစ်နဲ့ လောကခရီးကို အတူဖြတ်ကျော်တဲ့အချိန်မှာ တစ်ယောက်က လက်တွဲကိုဖြုတ်လို့ ဘဝခြားသွားရမယ့် အဖြစ်ကို တွေးကြည့်ရရင် အလွန်ရင်မောရပါတယ်။ ရုတ်တရက်ဆိုတာမျိုးဖြစ်ခဲ့ရင် ဘာမှပြင်ဆင်ထားတာမရှိတဲ့အခါ ခံနိုင်ရည်မရှိ လောက်အောင်ဖြစ် ကြရတဲ့ သူတွေအများကြီးပါဘဲ။ ဒီလိုဘဝတွေဟာ ကံတရားက ပြဌာန်းထားတဲ့အတွက် လက္ခဏာမှာတော့ တိတိကျကျဖော်ပြနေတာဖြစ်ပါကြောင်း တင်ပြ ရပါတယ်။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top