အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

intl-woman.jpeg

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို နှစ်စဉ် မတ်လ (၈) ရက်နေ့မှာ ကျင်းပလေ့ရှိပြီး ကဏ္ဍအသီးသီးက အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုတွေကို ဂုဏ်ပြု ပေးတဲ့နေ့လို့လည်း ပြောနိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး အမျိုးသမီးတွေရဲ့အခွင့်အရေးအတွက် အဓိက ထားလှုံဆော် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုများပြားလာတာနဲ့အမျှ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင် လာကြပါပြီ။ အဲဒီလို ရင်ဘောင်တန်းနိုင် လာတာကြောင့် အမျိုးသမီးတွေကို တန်းတူရည်တူအခွင့်အရေးတွေ ပေးဖို့အတွက် ဆောင်ရွက်လာကြပါတယ်။ ကျား မ မခွဲခြားပဲ တန်းတူ အခွင့်အရေးရစေဖို့နဲ့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို မြင့်တင်နိုင်ဖို့အတွက် မတ်လ (၈) ရက်မှာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်အဖြစ် သတ်မှတ်ကျင်းပ ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို မြှင့်တင်ဖို့ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် နှစ်စဉ်တိုင်းမှာ ဆောင်ပုဒ်တစ်ခု သတ်မှတ်ထုတ်ပြန် လေ့ရှိပါတယ်။ အခုနှစ် ဆောင်ပုဒ်ကတော့ “လူသားအားလုံးတိုးတက်ဖို့၊ အမျိုးသမီးများ စွမ်းရည် မြှင့်တင်လို့ ပုံဖော်ကြပါစို့” ဖြစ်ပါတယ်။

အမျိုးသမီးတွေ စွမ်းရည်ကို မြှင့်တင်ပေးပြီး တိုင်းပြည်နဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းထားခြင်းဖြစ်ပါတယ်။ အခုလိုတိုက်တွန်းလိုက်ခြင်းက အလွန်ပင် အကြောင်းအကျိုး ဆက်စပ်မှုရှိလှပါတယ်။ ခေတ်ကာလအခြေအနေအရ လိုက်လျောညီထွေရှိလှသော တိုက်တွန်းဆော်ဩမှုပင်ဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ပင်ကိုဗီဇက များသောအားဖြင့် အားနွဲ့ကြသူတွေဖြစ်ပေမဲ့လည်း အမျိုးသားတွေနဲ့အပြိုင် ကာယအား၊ ဉာဏအား၊ စိတ်ဓာတ်စွမ်းအားတွေ မွေးမြူကြရပါတယ်။ အမျိုးသားများနည်းတူ လက်ရုံးရည်၊ နှလုံးရည်စွမ်းရည်များ ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ရပါတယ်။ အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်အောင် ကြိုးစားရပါတယ်။ လုပ်ရည်ကိုင်ရည် ထက်ထက်မြက်မြက် လုပ်ကိုင်နိုင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးရဲ့ စွမ်းရည်က ပိုမိုတိုးတက်မြင့်မားလာမှာဖြစ်ပါတယ်။

အမျိုးသမီးတွေက စွမ်းရည်ထက်မြက်အောင် ကြိုးစားအားထုတ်သင့်သလို အစိုးရ ပုဂ္ဂလိကအဖွဲ့အစည်းအားလုံးကလည်း အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသမီးအခန်းကဏ္ဍကို အလေးထား လုပ်ဆောင်နေပြီး အမျိုးသားနည်းတူ တန်းတူအခွင့်အရေးပေးထားပါတယ်။

ဒါကြောင့်မို့ “လူသားအားလုံးဖွံ့ဖြိုးဖို့ အမျိုးသမီးများ စွမ်းရည်မြှင့်တင်လို့၊ ပုံဖော်ကြပါစို့” ဆိုတဲ့ အခုနှစ် ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးတစ်ဦးချင်းစီရဲ့ အရည်အချင်း၊ အရည်အသွေး လုပ်ကိုင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

Ref: Wikipedia

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top