အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၄-၂-၂၀၁၉ မှ ၂-၃-၂၀၁၉ ရက်နေ့အထိ)

Bay-Din-Week-4-february.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၄-၂-၂၀၁၉ မှ ၂-၃-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ
တနင်္ဂနွေသားသမီးများအနေဖြင့် ယခုအပတ်အတွင်း စီးပွားရေးလုပ်ငန်းများအနေဖြင့် သစ်လုပ်ငန်း၊ သစ်တောထွက်ပစ္စည်းနှင့် ပရိဘောဂ လုပ်ငန်း၊ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းများ အထူးကောင်းသောအချိန်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္တုလုပ်ငန်းများအတွက် အခြေအနေမှာ အေးနေတတ်ပါသည်။ လောင်းကစားဆန်သည့် ကံကိုကစားရသည့်လုပ်ငန်းများ မကောင်းသေးပါ။ကျန်းမာရေးအနေနှင့် ကျောက်ကပ်၊ ဆီးရောဂါများ အထူးသတိထားပါ။ အပူနှင့်ဆိုင်သောရောဂါသည်လည်း သတိထားပါ။ အချစ်ရေးကတော့ ချစ်သူသစ်ရမည်၊ ချစ်သူဟောင်းရှိသူများ ကလဲ့စားချေခြင်းခံရတတ်သည်။ အိမ်ထောင်ရေးအနေနှင့် သားသမီးကိုအကြောင်းပြုပြီး ရန်ဖြစ်တတ်သည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့်လူငယ်မောင်မယ်များအနေဖြင့် အင်္ဂလိပ်နှင့် ဓာတုဗေဒဘာသာရပ်များကို အထူးဦးစားပေးကျက်မှတ်ရပါလိမ့်မည်။ အစိုးရဝန်ထမ်းများအနေဖြင့် ယခုအပတ်အတွင်း ရာထူးအတွက် သင်တန်းတက်ရလိမ့်မည်။
အကျိူးပေးဂဏန်း – ၂၊ ၄၊ ၈။ ယတြာ – ကလေးများကို အုန်းသီးပါသော မုန့်များဝေပေးပါ။

တနင်္လာ
တနင်္လာသားသမီးများအနေဖြင့် ယခုအပတ်အတွက် ဆောက်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်း အရောင်းအဝယ်လုပ်ခြင်း၊ ပြည်တွင်း-ပြည်ပကုန်သွယ်ခြင်းဖြင့် အမြတ်အစွန်းများရရှိမည့်အချိန်ဖြစ်သည်။ ယခုအချိန်တွင် ကုန်ပစ္စည်းရောင်း-ဝယ်ခြင်းဖြင့်သားစီးပွားရေးတိုးတက်မည့်အချိန်ဖြစ်ပါသည်။ စားသောက်ဆိုင်နှင့် စားသောက်ကုန် လုပ်ငန်းများ ညံ့နေပါသည်။ ကျန်းမာရေးအနေနှင့် အစာအိမ်၊ အမျိုးသမီးများ သားအိမ်နှင့် သွေးနှင့်ဆိုင်သောဝေဒနာများ ခံစားရနိုင်သည်။ မတော်တဆဖြစ်ခြင်းလည်း ရှိတတ်သည်။ အချစ်ရေးအနေနှင့် မိမိချစ်သူနှင့် မိဘတို့စီစဉ်သူကြားတွင် အလွန် စိတ်ညစ်ရတတ်သည်။ အိမ်ထောင်သည်များလည်း စီးပွားရေးကိုအခြေခံသော အိမ်ထောင်ရေးအခြေအနေ အေးစက် တတ်သည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် အင်္ဂလိပ်နှင့် ကျက်စာများကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများအနေဖြင့် ဌာနတွင်း နေရာအပြောင်းအရွေ့ ရှိနိုင်သည်။
အကျိုးပေးဂဏန်း – ၁၊၃၊၇။ ယတြာ – ဘုရားတွင် သောက်တော်ရေကပ်လှူပါ။ လူအများကိုလည်း ရေသန့်ဘူးများလှူပေးပါ။

အင်္ဂါ
ယခုအပတ်တွင် အင်္ဂါသားသမီးများအနေဖြင့် ကောက်ပဲသီးနှံနှင့်ဆိုင်သောလုပ်ငန်းများ၊ ဆေးပစ္စည်း၊ ဆေးရုံဆေးခန်းနှင့် ကျန်းမာရေးနှင့်ဆိုင်သောလုပ်ငန်းများဖြင့် ကံကောင်းသောအချိန်ဖြစ်သည်။ ယာဉ်စက်ပြင်သည့်လုပ်ငန်း၊ ပြည်ပမှ စက်ပစ္စည်းတင်သွင်းသူများသတိထားပါ။ ဆန်စက်၊ ဆီစက် စသည့် စက်ကြီးလုပ်ငန်းတွင် လုပ်ကိုင်သူများ မတော်တဆထိခိုက်မိတတ်သည်။ သတိထားပါ။ ကျန်းမာရေးအနေဖြင့် အသက်ရှူခြင်းနှင့်ဆိုင်သောရောဂါ၊ အဆုတ်ရောဂါနှင့် အရက်နှင့် မူးယစ်ဆေးကြောင့်ဖြစ်သောစိတ်ရောဂါများဖြစ်တတ်သည်။ အချစ်ရေးအတွက် မိမိချစ်သူ၏ မိဘဆွေမျိုးများနှင့် အဆင်မပြေဖြစ်ပြီး ယာယီခွဲနေရမည်။ အိမ်ထောင်သည်များအနေနှင့်လည်း နှစ်ဘက်မိဘနှင့်တည့်အောင်နေပါ။ အိမ်ထောင်ပရိဘောဂများ အသစ်ဝယ်ယူသင့်သည့်အချိန်ဖြစ်သည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ် ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် အင်္ဂလိပ်စာနှင့်နှင့် ဓာတုဗေဒဘာသာရပ်များကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်။
အကျိုးပေးဂဏန်း- ၄၊၈၊၀ ယတြာ – အင်္ဂါနေ့တွင် ဇီးပေါင်းထုပ်များကို လုပ်ဖော်ကိုင်ဘက်များကို ဝေပေးပါ။

ဗုဒ္ဓဟူး
ဗုဒ္ဓဟူးသားသမီးတို့အဖို့ ယခုအပတ်အတွင်း စီးပွားရေးအနေနှင့် စားသောက်ဆိုင်၊ စားသောက်ကုန်၊ ကလေးကစားစရာအရုပ်၊ ရွှေနှင့် ကျောက်မျက်ရတနာလုပ်ငန်းများကံကောင်းသောအချိန်ဖြစ်သည်။ လုပ်ငန်းသစ်များစတင်လုပ်ဆောင်မည်ဆိုပါက ကောင်းသောအချိန်ဖြစ်သည်။ သတ္တုတူးဖော်ခြင်းနှင့် ရေနံလုပ်ငန်းများမကောင်းပါ။ ကျန်းမာရေးအနေဖြင့် ခြေသလုံးအကြောနှင့် အူမကြီးကိစ္စများ အထူးသတိထားပါ၊ သွေးချို၊ ဆီးချိုသမားများအတွက်အစားဆင်ခြင်ပါ။ အချစ်ရေးကတော့ နှစ်ဘက်သဘောတူထားသူနှင့် အိမ်ထောင်ကျရမည့်ကိန်းဖြစ်နေမည်။ လူပျိုကြီးများ မထင်မှတ်သူနှင့် ရုတ်တရက် အိမ်ထောင်ကျသွားတတ်သည့်ကာလဖြစ်သည်။ အိမ်ထောင်ရေးအနေနှင့် ကံကောင်းပါသည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် ရူပဗေဒနှင့် ဘောဂဗေဒဘာသာရပ်များကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများကံကောင်းပါသည်။ ထီထိုးသင့်သည်။

ရာဟု။ ။ ရာဟုသားသမီးတို့ ယခုတစ်ပတ်အတွက် ကျန်းမာရေးမှာ အနည်းငယ်ညံ့နေပါမည်။စီးပွားရေးတွင် ရွှေလုပ်ငန်းနှင့် ရတနာရောင်းချသူများ ကံကောင်းပါသည်။ အချစ်ရေးမှာတော့ ညံ့နေပါလိမ့်မည်။
အကျိုးပေးဂဏန်း – ၄၊ ၈၊ ၉။ ယတြာ – ငှက်များအတွက် စပါးနှံများချိတ်ဆွဲပေးပါ။

ကြာသပတေး
ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း စီးပွားရေးလုပ်ငန်းများ အတော်လေး အဆင်ပြေမည်။ အထူးသဖြင့် ဆေးပစ္စည်း(အိမ်သုတ်ဆေး၊ စားဆေး)လုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၊ လယ်ယာလုပ်ငန်းများ အကျိုးပေးပါသည်။ စားသောက်ဆိုင်လုပ်ငန်း၊ ရေလုပ်ငန်းများ လုပ်ငန်းအေးမည်၊ အကြွေးတင်နေလိမ့်မည်။ ယာဉ်ကားတို့ ပျက်တတ်သဖြင့် သတိထားပါ။ ကျန်းမာရေးအနေနှင့် ဦးခေါင်းနှင့်ဆိုင်သောရောဂါ၊ နား၊ မျက်စိ၊ သွား ရောဂါတို့ဖိစီးမည်။ အချစ်ရေးကတော့ ကံကောင်းပြီး ချစ်သူထံမှအဖြေရမည်။ အိမ်ထောင်သည်များ သားသမီးရတနာရလိမ့်မည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် အင်္ဂလိပ်နှင့် ဓာတုဗေဒဘာသာရပ်များကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများသင်တန်းတက်ရလိမ့်မည်။
အကျိုးပေးဂဏန်း- ၅၊၂၊ ၉။ ယတြာ – မိမိတတ်နိုင်သလောက် ဘုရားတွင် သန့်ရှင်းရေးဆောင်ရွက်ပါ။

သောကြာ
သောကြာသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း စီးပွားရေးတွင် အထစ်ထစ်ဖြစ်နေမည်၊ ပါပစ်စသည့် ခွင့်ပြုချက်များအတွက် ငွေကုန်ကြေးကျများမည်၊ ဆက်သွယ်ရေးနှင့်ဆိုင်သော လုပ်ငန်းများအတွက် စိတ်ညစ်ရမည်။ အထူးသဖြင့် တယ်လီဖုန်းအော်ပရေတာနှင့်ဆိုင်သော လုပ်ငန်းသမားများ အခက်တွေ့မည်။ ငွေကြေးပြဿနာရှိတတ်သည်။။ ကျန်းမာရေးအနေနှင့် ကျောက်ကပ်၊ ဆီးနှင့် ခါးရိုး၊ ဒူးရိုးနှင့်ဆိုင်သည့်ကိစ္စ ဖြစ်တတ်သည်။ အချစ်ရေးတွင် ကံကောင်းပါသည်။ ချစ်သူ၏အဖြေကို ရရှိမည်၊ သတိထားရမည်မှ မိမိဘက်မှသဝန်မတိုရန်ဖြစ်သည်။ အိမ်ထောင်သည်များလည်း ဘာသာရေးခရီးကို မိသားစုဖြင့် သွားရမည်။ ပြည်ပခရီးသွားရတတ်သည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် ကျက်စာများ အထူးဦးစားပေးကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းပါသည်၊ သို့သော် ယခင်လထက်အလုပ်ပိုမည်။ အချိန်ပိုဆင်းရလိမ့်မည်။
အကျိုးပေးဂဏန်း – ၅၊ ၇၊ ၉။ ယတြာ – သောကြာနေ့တွင် မိမိတတ်နိုင်သလောက် ငှက်စာကျွေးပါ။

စနေ
ယခုတစ်ပတ်အတွက် စနေသားသမီးတို့အနေဖြင့် စီးပွားရေးတွင် အပြိုင်အဆိုင်ဆောင်ရွက်ရမည့် ကာလတစ်ခုဖြစ်သည်။ ပြိုင်ဘက်နှင့်လေလံဆွဲရခြင်း၊ တင်ဒါပြိုင်ရခြင်းများ အထူးရှိမည်။ သတ္တုလုပ်ငန်း၊ ဆပ်ပြာလုပ်ငန်း၊ အလှကုန်၊ အလှဆီနှင့် အလှအပဆိုင်ရာပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းများဖြင့် ကံကောင်းပါသည်။ ရေလုပ်ငန်း၊ မြေ၊ ယာ ရောင်း-ဝယ်သူများ၊ တောင်ယာထွက်ပစ္စည်းရောင်း-ဝယ်သူများ သတိထားလုပ်ကိုင်ပါ၊ ပစ္စည်းကိုယ့်ထံတွင် သောင်တင်နေတတ်သည်။ ကျန်းမာရေးအနေဖြင့် အစာအိမ်၊ အူလမ်းကြောင်းနှင့် သစ်သီးစသည့်ကုန်စိမ်းလုပ်ငန်းများ အကျိုးပေးနည်းတတ်သည်။ အချစ်ရေးတွင် ချစ်သူနှင့် အဆင်မပြေတပြေဖြစ်မည်၊ လက်ထပ်ရန် အတိုက်အခံပြောရဆိုရတတ်သည်။ အိမ်ထောင်သည်များ ကံကောင်းပြီး ငွေဝင်နေမည်။ ပညာရေးသမားများ အထူးသဖြင့် တက္ကသိုလ်ဝင်တန်းဖြေမည့် လူငယ်မောင်မယ်များအနေဖြင့် တွက်စာနှင့် ဓာတုဗေဒဘာသာရပ်များကို အထူးဦးစားပေး ကျက်မှတ်ရပါလိမ့်မည်။ နိုင်ငံဝန်ထမ်းများ အထူးသဖြင့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ နွေရာသီသင်တန်းများအတွက် အမည်စာရင်း ပါနေမည်။
အကျိုးပေးဂဏန်း – ၂၊ ၉၊ ၀။ ယတြာ – စနေနေ့တွင် အိမ်ဘုရားအား နှင်းဆီပန်းအနီ (၁၀) ပွင့်လှူပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top