မြန်မာ့ရိုးရာလက်ဝှေ့က ကမ္ဘာ့အကြမ်းဆုံးတိုက်ခိုက်ရေး အားကစားပါဆိုတဲ့ ဆွီဒင်ဖိုက်တာနဲ့စကားစမြည်

ဆွီဒင်ပြည်တွင်း မွေထိုင်းချန်ပီယံဆု ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ မက်သီးယက်စ်ဂျွန်ဆင်ကတော့ WLC ရဲ့ ပထမဆုံး ဆွီဒင်လက်ဝှေ့သမားအဖြစ် ပွဲထွက်လာဖို့ ရှိနေပါပြီ။ ထိုင်းဖိုက်မှာ ထိပ်တန်းကစားသမားတွေနဲ့ ထိုးသတ်ခဲ့ဖူးတဲ့ မက်သီးယက်စ်ဂျွန်ဆင်ဟာ ၂၀၁၃ ခုနှစ်က ၆၃.၅ ကီလိုတန်း၊ ၂၀၁၇ ခုနှစ်က ၆၇ ကီလိုတန်း၊ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေက ၆၃.၅ ကီလိုတန်းမှာ ချန်ပီယံဖြစ်ခဲ့တာပါ။

WLC ကစားသမားအဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ ထိုးသတ်တဲ့အခါ ကြိုးဝိုင်းပတ်ပြေးနေမှာမဟုတ်ဘဲ သူထိုး၊ ကိုယ်ထိုး ဖွင့်ထိုးမယ့် ထိုးသတ်ဟန်ကြောင့် ပရိသတ်တွေ စိတ်လှုပ်ရှားစေရမယ်လို့ မက်သီးယက်စ်ဂျွန်ဆင်က အာမခံထားပါတယ်။ အွန်လိုင်းကနေ သူနဲ့ စကားစမြည်ပြောဖြစ်ခဲ့တာကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးထားပါတယ်။

Q – You already won four times swedish muay thai champion. When did you start playing fighting sports?

ဆွီဒင်ပြည်တွင်းချန်ပီယံဆု ၄ ကြိမ်ရခဲ့တယ်နော်။ ဘယ်အရွယ်ကတည်းက တိုက်ခိုက်ရေးအားကစားကို စကစားတာလဲ။

A – I started training when i was just turning 14 years old.

၁၄ နှစ်ပြည့်ကတည်းက တိုက်ခိုက်ရေးအားကစားကို လေ့ကျင့်ခဲ့တာပါ

Q – You got nickname Snowman,How you got your nickname?

မင်းကို Snowman လို့ ချစ်စနိုးခေါ်ကြတယ်နော်။ အဲဒီနာမည်က ဘယ်လိုရတာလဲ။

A- I got my nickname randomly by the Thais in ”thaifight”

ချစ်စနိုးနာမည်ကတော့ ထိုင်းဖိုက်မှာ ထိုးနေရင်းနဲ့ ထိုင်းတွေ ပေးလိုက်တာပါ။

Q – May i know how do you make contract with WLC?

WLC နဲ့ စာချုပ်ချုပ်ဖြစ်ပုံကို သိပါရစေ။

A- I had some contacts who saw me fight ”thaifight” and i got to talk with them, now we are friends and the opportunity presentes it self.

ထိုင်းဖိုက်မှာ ကျွန်တော် ကစားနေတာကို တွေ့တဲ့သူတွေက ဆက်သွယ်ကြတယ်။ ကျွန်တော် သူတို့နဲ့ စကားပြောဖြစ်တယ်။ အခုတော့ ကျွန်တော်တို့ မိတ်ဆွေတွေဖြစ်နေပါပြီ။ WLC နဲ့ စာချုပ်ချုပ်ဖြစ်တာကတော့ မမျှော်လင့်ဘဲ အခွင့်အရေးရလာတာပါ။

Q – Have you seen bareknuckle Burmese Traditional Boxing(Lethwei)?

ရိုးရာလက်ဝှေ့ပွဲတွေ ကြည့်ဖူးလား။ ခင်ဗျား ကြိုက်တဲ့ WLC လက်ဝှေ့ကစားသမားတစ်ယောက်ယောက်ရှိရင် သိပါရစေ။

A – Yes i have seen it, it is brutal! That’s why i love it crazy fighters

မြင်ဖူးတယ်။ ရိုးရာလက်ဝှေ့က ကြမ်းတယ်။ အဲဒါကြောင့် စိတ်လှုပ်ရှားစရာ မြန်မာ့လက်ဝှေ့သမားတွေကို ကျွန်တော် သဘောကျတယ်။

Q – May i know who is your favourite Lethwei player in WLC?

ခင်ဗျား ကြိုက်တဲ့ WLC လက်ဝှေ့ကစားသမားရှိရင် သိပါရစေ။

A – I like Dave Leduc, and Tun Tun Min. But i don’t have any favourite fighter, i am my own favourite 😊

ဒေ့ဗ်နဲ့ ထွန်းထွန်းမင်းတို့ကို ကြိုက်တယ်။ ဒါပေမဲ့ အကြိုက်ဆုံးကစားသမားတော့ မရှိဘူး။ ကျွန်တော့်ကိုယ် ကျွန်တော် အကြိုက်ဆုံးပဲ။

Q – I already seen your relentless style of fighting in your bouts. Would that make you fit Lethwei?

ခင်ဗျားရဲ့ သူကွဲ၊ ကိုယ်ကွဲထိုးတဲ့စတိုင်ကို သတိထားမိတယ်။ ဒီစတိုင်က လက်ဝှေ့နဲ့ဆို ကိုက်ညီမလား။

A – I think my fighting style will fit WLC perfectly!

ကျွန်တော့် ထိုးသတ်ဟန်က WLC နဲ့ အံဝင်ခွင်ကျဖြစ်မယ်ထင်တယ်။

Q – Have you been fight bareknuckle boxing? How do you think Lethwei?

ဗလာလက်သီးပွဲထိုးဖူးလား။ ရိုးရာလက်ဝှေ့ကို ဘယ်လိုသဘောရလဲ။

A – I have fight “kard chuek” in Thaifight and i like when it is no gloves, i think Lethwei will be even more fun.

ထိုင်းဖိုက်မှာ ဗလာလက်သီးပွဲ(kard chuek)ထိုးဖူးတယ်။ လက်အိတ်မပါဘဲ ထိုးရတာကြိုက်တယ်။ ကျွန်တော့်အထင်တော့ လက်ဝှေ့ထိုးရတာ ပိုပြီးပျော်စရာကောင်းလိမ့်မယ်။

Q – Lethwei that allows the use of elbow,knee and headbutt, if so, would you agree lethwei is considered to be one of most brutal martial arts in world?

လက်ဝှေ့မှာ တံတောင်ရိုက်၊ ဒူးတိုက်၊ ခေါင်းတိုက်တာတွေကို ခွင့်ပြုထားတယ်။ အဲဒီတော့ လက်ဝှေ့က ကမ္ဘာပေါ်မှာ အကြမ်းဆုံးတိုက်ခိုက်ရေးအားကစားနည်းတစ်ရပ်လို့ ပြောရင် ခင်ဗျား သဘောတူလား။

A – I am 100% sure Lethwei is the most brutal combat sport in the world! That’s why i want to fight it, and be the first swedish to do it!

မြန်မာ့ရိုးရာလက်ဝှေ့က ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံး တိုက်ခိုက်ရေးအားကစားဆိုတာ ကျွန်တော် ၁၀၀ ရာခိုင်နှုန်း ပြောရဲတယ်။ အဲဒါကြောင့် ကျွန်တော် လက်ဝှေ့ထိုးချင်တာပါ။ မြန်မာ့ရိုးရာလက်ဝှေ့ထိုးတဲ့ ပထမဆုံးဆွီဒင်ဖိုက်တာ ဖြစ်လာမှာပေါ့။

Q – What is your weight class in WLC?

WLC ရဲ့ ဘယ်ဝိတ်တန်းမှာ ထိုးဖြစ်မှာလဲ။

A – My weight will be 62-65 kg

ကျွန်တော့်ဝိတ်တန်းက ၆၂-၆၅ ကီလိုဖြစ်လိမ့်မယ်။ (လိုက်ဝယ်တာဝိတ်၊ ဝယ်တာဝိတ်တန်းပွဲစဉ်များ ထိုးသတ်ဖွယ်ရှိ)

Q- How do you prepare for your debut as Lethwei Player in WLC?

WLC ပွဲဦးထွက်လက်ဝှေ့ပွဲအတွက် ဘယ်လိုပြင်ဆင်နေလဲ။

A – Train hard as always but, more focus on the headbutt and boxing.

အရင်အတိုင်း အားသွန်ခွန်စိုက် လေ့ကျင့်ပါတယ်။ ဒါပေမဲ့ ခေါင်းတိုက်တာနဲ့ လက်ဝှေ့ကို ပိုပြီးအာရုံစိုက်ထားတယ်။

Q – What you want to say lethwei fans in Myanmar?

မြန်မာပြည်က လက်ဝှေ့ပရိသတ်တွေကို ဘာများပြောချင်လဲ။

A – I want to tell them, i will do my best to give them a show, i will be doing my best to make a name for the sport in Sweden and Europe. I fight for them, for the audience to like it, so i hope they will like blood!

သူတို့ကို ဖျော်ဖြေဖို့ ကျွန်တော်အစွမ်းကုန် ယှဉ်ပြိုင်သွားမယ်၊ ဆွီဒင်နဲ့ ဥရောပ လက်ဝှေ့လောကမှာ နာမည်တစ်လုံး တွင်ကျန်အောင် ကျွန်တော် အစွမ်းကုန်ကြိုးစားသွားးမယ်လို့ ပြောချင်ပါတယ်။ ပရိသတ်တွေအတွက် ထိုးသတ်မှာပါ။ ပရိသတ်တွေ အကြိုက်တွေ့အောင်ပေါ့။ သူတို့က သွေးသံရဲရဲကို သဘောကျမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top