နွေရာသီစာလည်းဖြစ်တဲ့ ဆီးဖြူသီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

25-5-2020-yyl-039.jpg

ကမ္ဘာ့တစ်ဝှမ်းမှာ ကပ်ရောဂါပျံ့နှံ့နေတဲ့အတွက် ကိုယ်ခံအားစနစ်ကောင်းဖို့ကို အမြဲတမ်းဦးစားပေးထားသင့်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမယ်ဆိုရင် ဗိုင်းရပ်စ်အလွယ်တကူမဝင်ရောက်နိုင်အောင် ကာကွယ်ပေးနိုင်သလို ဝင်ရောက်လာရင်တောင် ကိုယ်ခံအားကောင်းနေတဲ့အတွက် တွန်းလှန်တိုက်ဖျက်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းဖို့အတွက် အလွယ်ကူဆုံးနည်းက ကျန်းမာရေးနဲ့ညီညွှတ်စွာ နေထိုင်စားသောက်ဖို့ပါပဲ။ အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေကို စားပေးမယ်ဆိုရင်ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးရာရောက်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး အခြားကျန်းမာရေးအကျိုးကျေးဇူးတွေရှိတဲ့ အစားအစာရှိပါတယ်။ အဲဒါကတော့ ဈေးလည်းချို၊ အလွယ်တကူဝယ်လို့ရတဲ့ ဆီးဖြူသီးပါပဲ။ ဆီးဖြူသီးက ကျန်းမာရေးအတွက် ဘယ်လိုတွေကောင်းလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

ဆီးဖြူသီးမှာ ခရိုမီယမ်ဒြပ်ပါဝင်ခြင်း

ဆီးဖြူသီးက ခန္ဓာကိုယ်က မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ပေးနိုင်တဲ့ ခရိုမီယမ်ဒြပ်တွေပါဝင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က နှလုံးကိုလည်း ထိခိုက်စေနိုင်တာကြောင့် ဆီးဖြူသီးက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့အစားအစာဖြစ်ပါတယ်။

အန်တီအောက်စီဒန့်ဓာတ်ကြွယ်ဝခြင်း

ဆီးဖြူသီးက free radical ကို လျော့ပါးသွားအောင်ကူညီပေးတဲ့ အန်တီအောက်စီဒန့်များစွာပါဝင်တာကြောင့် ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဆီးဖြူသီးက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို ဝက်ခြံနဲ့ ဗောက်တွေကိုတောင် ဖယ်ရှားပေးနိုင်ပါတယ်။

အဆီကို လောင်ကျွမ်းစေခြင်း

အဝလွန်တာက နှလုံးရောဂါနဲ့ ဆီးချို၊ သွေးချိုရောဂါအပါအဝင် ရောဂါတော်တော်များများကိုဖြစ်ပွားစေနိုင်ပါတယ်။ ဆီးဖြူသီးက ကိုယ်လေးချိန်ကျစေတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ဆီးဖြူသီးမှာ ပါဝင်တဲ့အမျှင်ဓာတ်က သင့်ကို အချိန်အကြာကြီးဗိုက်ပြည့်အင်နေစေပြီး အစာခြေဖျက်အားကောင်းစေပါတယ်။

အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းလက္ခဏာရပ်တွေကို သက်သာစေခြင်း

ကိုရိုနာဗိုင်းရပ်စ်က အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါပိုးကူးစက်ခြင်းဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံးသိထားကြပါတယ်။ ဒါကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာစနစ်တွေ အားကောင်းစေဖို့ အရေးကြီးပါတယ်။ ဆီးဖြူသီးက အဲဒီအတွက် ကူညီပေးနိုင်ပါတယ်။ ဟိုအရင်ကတည်းက ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းတို့ကို သက်သာဖို့အတွက် ဆီးဖြူသီးကို အသုံးပြုခဲ့ကြတာပါ။ ဆီးဖြူသီးမှာ ပါဝင်တဲ့ဗီတာမင်စီကလည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

ဆီးဖြူသီးကို စားသုံးဖို့အတွက် အကောင်းဆုံးနည်း

ဆီးဖြူသီးကို ဈေးမှာ အလွယ်တကူဝယ်ယူလို့ရပြီး နည်းအမျိုးမျိုးနဲ့ စားသုံးလို့ရပါတယ်။ ဆီးဖြူသီးကို ယိုလုပ်ပြီးလည်း ရောင်းချကြပါတယ်။ ဒါပေမဲ့ အိမ်မှာ ကိုယ်တိုင်လုပ်စားတာကောင်းပါတယ်။ ဆီးဖြူသီးကို ထောင်းစားလို့ရသလို ဆီးဖြူသီးဆားရည်စိမ့်ပြီးလည်း စားလို့ရပါတယ်။ ဖန်တဲ့အရသာ၊ ခါးတဲ့အရာသာကို ကြိုက်တယ်ဆိုရင် ဆီးဖြူသီးကို ဆားနဲ့တို့စားလို့ရပါတယ်နော်။

Ref: Boost your immunity: Reasons why you must include amla in your diet

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top