မိန်းကလေးများ လျစ်လျူရှုထားမိတဲ့ ဟော်မှုန်းမမျှတမှုလက္ခဏာများ

hormone-big.jpg

ကျွန်မတို့မိန်းကလေးတွေက ဟော်မုန်းမမျှတ မှုကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှု ၊ စိတ်ငြစ်ငြူးမှုတွေကို သိကြပေမယ့်ဘယ်လို လက္ခဏာတွေ ကဟော်မုန်းမမျှတမှု ကိုပြသလဲ ဆိုတာတော့ မစဉ်းစားဘဲ လျစ်လျူရှုထားကြပါတယ်။

ဟော်မုန်းက တက်လိုက်ကျ လိုက်ဖြစ်နေချိန်မှာ စိတ်တိုလွယ်ခြင်း၊ စိတ်ခံစားမှုမကောင်းခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ဝက်ခြံထွက်လာခြင်းတို့ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ ဟော်မုန်းမညီမျှမှုဖြစ်စေတဲ့ လက္ခဏာရပ်တွေက ဘာတွေလဲကြည့်ရအောင်

၁။ အိပ်ချိန်ကစဉ့်ကလျားဖြစ်ခြင်း

မိန်းကလေးများ ရာသီ ဓမ္မတာ မလာခင် progesterone hormone (သားအိမ်မှာ သန္ဓေသား မတည်နိုင်စေရန်ပြင်ဆင် ပေးပြီးနောက်ထပ် သားဥဖြစ်ပေါ်စေမှု ကိုတားဆီးပေး သောဟော်မုန်း) မြင့်တက်လာတာကြောင့် တော်ရုံ အိပ်မပျော်ပါဘူး။

၂။ စိတ်လှုပ်ရှားမှု နှင့်စိတ်ဖိစီးမှု

မိန်းကလေးများ ရာသီမလာခင် ဒါမှမဟုတ် သွေးဆုံးချိန်မှာ စိတ်ခံစားမှု အပြောင်းအလဲ ဖြစ်နေပြီး စိတ်ဖိစီးမှု မြင့်မားနေတာက ဟော်မုန်းမညီမျှတာ ကိုပြသနေတာပါ။

၃။ ဝက်ခြံပျောက်ကင်းရန်ကြာခြင်း

ဝက်ခြံတွေ ပုံမှန်ထွက်နေတယ်ဆိုတာ ဟော်မုန်း မညီမျှလို့ပါ။ ရာသီဓမ္မတာ မလာခင် ဝက်ခြံထွက်တာက ဒီအကြောင်းအရာနဲ့သက်ဆိုင်ပါတယ်။

၄။ ကိုယ်အလေးချိန်တက်ခြင်းနှင့် ဗိုက်ခေါက်အဆီထွက်ခြင်း

ဟော်မုန်းတွေက ကိုယ်အလေးချိန်နှင့် ဆက်စပ်မှု ရှိတာကြောင့် ဟော်မုန်း မညီမျှတာက ဝိတ်ကျဖို့ခဲယဉ်းစေပါတယ်။ ဝိတ်ကျဖို့ခဲယဉ်းတော့ ဗိုက်ခေါက်အဆီလည်း ထွက်ပြီပေါ့။

၅။ ချွေးထွက်များခြင်း

ပုံမှန်မဟုတ်ဘဲ ချွေးထွက်များတာက ဟော်မုန်းမညီမျှ တာကိုပြသနေတဲ့ လက္ခဏာတစ်ရပ်ပါ။ ဟော်မုန်းက သင့်ခန္ဓာကိုယ် အပူချိန်ကို ထိန်းချုပ်ပေးပါတယ်။ ဟော်မုန်း မညီမျှဘူးဆိုရင် ချွေးထွက်လည်းများလာပါတယ်။

၆။ မောပန်းနွမ်းနယ်ခြင်း

သင်က မောပန်းနွမ်းနယ်မှု ကိုကြာရှည် ခံစား နေရတယ် ဆိုရင် ဒါက သင့်ရဲ့ thyroid ဟော်မုန်း မညီမျှတာ ကိုပြောတာပါ။ အိပ်ရေးပျက်ခြင်း ၊ စိတ်ဖိစီးမှု များခြင်း ဒါမှမဟုတ် ရာသီဓမ္မတာ စက်ဝန်  းကြောင့်လည်း နာတာရှည် မောပန်းနွမ်းနယ်မှု ကိုဖြစ်စေပါတယ်။

၇။ မှတ်ဥာဏ်ချို့ယွင်းခြင်း

ပစ္စည်းတွေ ဘယ်နားထား မိလဲမေ့တတ် နေပြီဆိုရင် ဒါကဟော်မုန်း မညီမျှမှုကြောင့်ပါ။ အမျိုးသမီးများ သွေးဆုံး မီးယပ်ကိုင် တဲ့အချိန်မှာ ဟော်မုန်းပမာဏ လျော့သွားတဲ့ အတွက် မှတ်ဥာဏ်ချို့ယွင်းခြင်း ၊ရှုပ်ထွေးခြင်းတို့ဖြစ်စေပါတယ်။

၈။ ခေါင်းကိုက်ခြင်း နှင့် ခေါင်းထိုးခြင်း

ဟော်မုန်းအတက် အကျမမှန်ခြင်းက ခေါင်းကိုက်ခြင်း ဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးမှု ၊မောပန်းနွမ်းနယ်မှုကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။

၉။ အသားနီမြန်းခြင်း

အသားနီမြန်းခြင်းနှင့်ညဘက်ချွေးထွက်များခြင်းက ဟော်မုန်းမညီမျှမှုကိုပြနေပါတယ်။အသားနီမြန်းခြင်းက မီးယပ်သွေးဆုံးခြင်းနဲ့လည်းဆက်စပ်နေပါတယ်။

၁၀။ ရာသီမမှန်ခြင်း

ရာသီ ပုံမှန်မလာဘဲ တစ်လနှင့် တစ်လ ကျော်သွားတယ်ဆိုရင် လည်းဟော်မုန်းမညီမျှခြင်းကိုပြသရာရောက်ပါတယ်။

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top