အောင်မြင်သူများ နေ့စဉ်ပြု လုပ်တတ်တဲ့ အရာလေးများ

man-working-at-desk-in-busy-creative-office-PK5TA8Y.jpg

အောင်မြင်မှုဆိုတဲ့ အကြောင်းကို စဉ်းစားမိချိန်မှာ တချို့သောလူတွေ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲကို ရောက်လာတတ်ကြပါတယ်။ Steve Jobs, Elon Musk တို့လို သူတွေဖြစ်နိုင်ပါတယ်။

အောင်မြင်မှု ရရှိဖို့ အမှန်တကယ် လုပ်ဆောင်ရမယ့်အရာနဲ့ ပတ်သက်တဲ့ သင့်အတွက် ရှုပ်ထွေးနိုင်လောက်ပါတယ်။ အမှန်တကယ်ကတော့ ဒါဟာ အောင်မြင်သူတွေ နေ့စဉ် လုပ်ဆောင်တဲ့ အရာတွေ၊ သူတို အပြောအဆို လိမ္မာပါးနပ်မှုတွေနဲ့ သူတို့ရဲ့ ဆောင်ရွက်ချက်တွေပဲ ဖြစ်ပါတယ်။ အောင်မြင်သူတွေ နေ့စဉ် လုပ်ဆောင်တတ်တဲ့ မခက်ခဲတဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူတို့က အလုပ်ရှုပ်နေတာထက် ဘယ်လောက် လုပ်နိုင်မလဲကိုသာ အာရုံစိုက်တတ်ကြတယ်။

The 4-Hour Workweek ကိုရေးသားသူ စာရေးဆရာ Tim Ferris ပြောကြားချက်အရ “ဒီစကားကို အမြဲ မမေ့ကြပါနဲ့ဗျာ။ တချို့အရာအများစုက ဘာမှခြားနားချက်မရှိဘူး။ အလုပ်ရှုပ်နေခြင်းဟာ ပျင်းရိစွာ စဉ်းစားတွေးခေါ်ပြီးတော့ မဆင်မခြင်းလုပ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပျင်းရိမှုတစ်ခုပါပဲ။” လို့ ပြောပါတယ်။

၂။ သူတို့က အိပ်ရာစောစောထတတ်ကြတယ်။

Fiat and Chrysler ရဲ့ CEO ဖြစ်သူ Sergio Marchionne ဟာ ဥရောပဈေးကွက်ကို ညှိနှိုင်းဆောင်ရွက်ဖို့ မနက်စောစော ၃နာရီခွဲဆို အိပ်ရာထတတ်ပါတယ်။ Apple Inc., ရဲ့ CEO ဖြစ်သူ Tim Cook ကတော့ အီးမေးလ်တွေ ပို့ဖို့အတွက် မနက်လေးနာရီမှာ အိပ်ရာထပါတယ်။ General Electric ရဲ့ CEO ဖြစ်သူ Jeffrey Immelt ကတော့ သူ့နေ့စဉ် လေ့ကျင့်ခန်းလုပ်ဆောင်ဖို့အတွက် မနက် ၅နာရီခွဲ အိပ်ရာမှ ထပါတယ်။

၃။ သူတို့က အကောင်းဆုံးအသင်းအဖွဲ့ကိုသာ အာရုံစိုက်ကြတယ်

“အသင်းအဖွဲ့ရဲ့ ခွန်အားဆိုတာ အဖွဲ့ဝင်တစ်ဦးချင်းစီပါပဲ။ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ ခွန်အားဟာလည်း အသင်းအဖွဲ့ပါပဲ။” လို့ အောင်မြင်ကျော်ကြားတဲ့ ဘတ်စကတ်ဘော နည်းပြ Phil Jackson က ပြောပါတယ်။ အောင်မြင်သူတွေဟာ သူတို့ကို ဖြည့်ဆည်းပေးမယ့် သူတွေနဲ့ လက်တွဲလုပ်ဆောင်ရမယ်ဆိုတာ နားလည်ကြပါတယ်။ “ကျွန်တော်တို့ တစ်ယောက်ချင်းစီက ကျွန်တော်တို့အားလုံး အစုအဖွဲ့လောက်တော့ ဘယ်တော်ပါ့မလဲဗျာ” လို့ ကုမ္ပဏီနဲ့စီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင် Ken Blanchard က ပြောကြားခဲ့ပါတယ်။

၄။ သူတို့က ဆက်တိုက် တိုးတက်မှုသေးသေးလေးတွေကို အာရုံစိုက်ကြတယ်

လူတစ်ယောက်ဟာ တစ်ကြိမ်တည်းနဲ့ ဆင်တစ်ကောင်လုံးကို ကုန်အောင် စားလို့မရဘူးဆိုတဲ့ အယူအဆတစ်ခု ရှိပါတယ်။ တစ်ကြိမ်မှာ နည်းနည်းစီ စားရပါတယ်။ “ဘယ်အရာကိုမဆို အပိုင်းသေးသေးလေးတွေ ပိုင်းလိုက်မယ်ဆိုရင် ဘယ်အရာကမှ သိပ်မခက်ခဲပါဘူး” လို့ Henry Ford ပြောခဲ့ဖူးပါတယ်။

၅။ သူတို့က တရားရှုမှတ်ကြတယ်

“ဒီလိုလုပ်လို့ရလာတဲ့ ရလဒ်ကတော့ အံ့ဩစရာပါပဲ။ ပိုအိပ်ကောင်းလာတယ်၊ အိမ်ထောင်ဖက်၊ ကလေးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံပြောဆိုရာပဲ ပိုအဆင်ပြေတိုးတက်လာတယ်။ ခေါင်းကိုက်ဝေဒနာခံစားခဲ့ဖူးတဲ့ တချို့လူတွေလည်း ပျောက်ကင်းသွားကြတယ်။ ပိုမိုလုပ်ဆောင်လာနိုင်တယ်။ ပိုမိုတီထွင်ဖန်တီးလာနိုင်တယ်” လို့ တရားရှုမှတ်ခြင်းနဲ့ပတ်သက်ပြီးတော့ Oprah Winfrey က ပြောကြားခဲ့ပါတယ်။

၆။ သူတို့က ခန္ဓာကိုယ်ကို ဂရုစိုက်ကြတယ်

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာတဲ့ ကိုယ်ခန္ဓာကိုပဲ ရရှိစေတာ မဟုတ်ပါဘူး။ စိတ်ပိုင်းအခြေအနေ ကိုလည်း အထောက်အကူ ဖြစ်စေပါသေးတယ်။ Starwood Hotels & Resorts ရဲ့ ခေါင်းဆောင်ဖြစ်သူ Frits van Paasschen ဟာ မနက်၆နာရီတိုင်း နေ့စဉ် ဆယ်မိုင်ပြေးပါတယ်။ သမ္မတဟောင်း ဘားရက်အိုဘားမားကတော့ တစ်ပတ်မှာ ခြောက်ရက် တစ်နေ့ကို ၃မိုင် ပြေးပါတယ် မပြေးရင် ၄၅မိနစ် လေ့ကျင့်ခန်းလုပ်ပါတယ်။

၇။ သူတို့က ဘဝကို ဟန်ချက်ညီမှုရှိအောင် လုပ်ဆောင်တယ်

ဘဝမှာ သာယာပျော်ရွှင်တဲ့ အရာတွေ ရရှိနိုင်ဖို့ ဟန်ချက်ကို ထိန်းထားဖို့ လိုအပ်ပါတယ်။ အောင်မြင်သူများဟာ ငွေရှာခြင်း၊ မိသားစု၊ ချစ်ခင်ရသူများနဲ့ အချိန်ကုန်ဆုံးခြင်းနဲ့ ကိုယ့်ရဲ့ ရည်မှန်းအောင် ရရှိစေခြင်း စတာတွေကို အမြဲ ဟန်ချက်ညီညီ လုပ်ဆောင်ပါတယ်။

၈။ သူတို့ရဲ့တိုးတက်မှုကို ခြေရာခံကြတယ်

Eminem, Oprah Winfrey နဲ့ J.K Rowling တို့ အားလုံးဟာ မှတ်စုစာအုပ်တွေ ထားထားကြပါတယ်။ ဒါဟာ သူတို့ရဲ့ တိုးတက်မှုအခြေအနေ၊ ချမှတ်ထားတဲ့ ပန်းတိုင်တွေနဲ့ အမှားတွေကနေ ပြန်လည်လေ့လာနိုင်အောင်ပါ။ အကောင်းဆုံးသော အရာတွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် လမ်းကြောင်းပေးတဲ့ မြေပုံတစ်ခု လိုအပ်တယ်ဆိုတာ သူတို့ နားလည်သဘောပေါက်ကြပါတယ်။ တစ်ခါတလေမှာလည်း ဒီလိုမှတ်စုလေးတွေဟာ ကိုယ် အမှန်တကယ် လိုအပ်တဲ့ လမ်းကြောင်းပြမြေပုံတစ်ခု ဖြစ်နေတတ်ပါတယ်။

၉။ သူတို့က အောင်မြင်မှုကို ဖန်တီးတယ်။

သူတို့ အောင်မြင်မှုအတွက် သူတို့မှာသာ တာဝန်ရှိကြောင်း နားလည်သဘောပေါက်ကြပါတယ်။ ကံကောင်းတယ်ဆိုတဲ့အရာဟာ အထူးအဆန်း ဖြစ်လာတတ်တဲ့ အရာမျိုးမဟုတ်ပါဘူး။ အောင်မြင်ဖို့အတွက် ကိုယ်တိုင် ရှာဖွေလုပ်ဆောင်ကြရပါတယ်။ “သင်သာလျှင် သင့်ဘဝရဲ့ အရှင်သခင်ဖြစ်တယ်။” “မင်းရဲ့ကိုယ်ပိုင် ဝန်းကျင်ကို သင်က လွှမ်းမိုးနိုင်တယ်၊ စီမံညွှန်ကြားနိုင်တယ်၊ ထိန်းချုပ်နိုင်တယ်” လို့ Think and Grow Rich စာအုပ် ရေးသားသူ Napoleon Hill က စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ သင်ဖြစ်ချင်တဲ့ဘဝကို သင်ဖန်တီးနိုင်ပါတယ်။

၁ဝ။ သူတို့မှာ အောင်မြင်တဲ့မိတ်ဆွေတွေ ရှိကြတယ်။

Jim Rohn ရဲ့ ပြောကြားချက်အရ သာမန်အားဖြင့် လူတစ်ယောက်မှာ အခင်ဆုံးသူငယ်ချင်း ငါးယောက် ရှိပါတယ်။ အောင်မြင်သူတွေဟာ ဒါကို နားလည်တဲ့အတွက် အောင်မြင်သူတွေကို မိတ်ဆွေအဖြစ် ထားထားကြပါတယ်။ သင့်ရဲ့ လူတန်းစားအုပ်စုကို ရှာဖွေပါ။ ဘဝမှာ ထူးခြားမှုတွေ ဖန်တီးဆောက်ရွက်ပါလို့ Seth Godin ဆိုသူက ပြောခဲ့ပါတယ်။

၁၁။ သူတို့မှာ အစီအစဉ်ဇယားတစ်ခု တသမတ်တည်းရှိတယ်။

Fueled ရဲ့ တည်ထောင်သူ Rameet Chawla က အစီအစဉ်ဇယားတစ်ခု တသမတ်တည်း ရှိခြင်းဟာ ဘယ်အရာ အရေးကြီးသလဲ ဆိုတဲ့ အပေါ်မှာ ဦးစားပေးသတ်မှတ်ပြီး အာရုံစိုက်နိုင်တယ်လို့ ယုံကြည်ပါတယ်။ မပြောင်းလဲတဲ့ အစီအစဉ်ဇယားတစ်ခုရှိရင် ကိုယ့်ရဲ့အောင်မြင်မှုဆီ ပိုမြန်မြန် ရောက်ရှိနိုင်ပါတယ်။

၁၂။ သူတို့မှာ အသေးစိတ်ကျတဲ့ plan တစ်ခုရှိတယ်။

American Express ရဲ့ CEO ဖြစ်သူ Kenneth Chenault ဟာ ညဘက် ရုံးကထွက်မသွားခင်မှာ နောက်တစ်နေ့မှာ ပြီးမြောက်အောင် လုပ်ဆောက်ချင်တဲ့ ထိပ်ဆုံး အချက်၃ချက်ကို ချရေးတတ်ပါတယ်။ ဒီစာရင်းနဲ့ပဲ နေ့စဉ် စတင်လုပ်ဆောင်ပါတယ်။

၁၃။ သူတို့က ဘယ်တော့မှ အချိန်မဆွဲဘူး ဆင်ခြေမပေးဘူး

“မနက်ခင်းမှာ ဖားအရှင်တစ်ကောင်ကို စားပါ။ ဒါဆိုရင် တစ်နေ့တာရဲ့ကျန်တဲ့အချိန်တွေမှာ ပိုမိုဆိုးရွားတဲ့ အရာတွေ သင်ထံမှာ ဖြစ်ပေါ်မလာတော့ပါဘူးလို့” Mark Twain ပြောခဲ့ဖူးပါတယ်။ အောင်မြင်သူတွေဟာ အခွင့်အရေး မယူတတ်ကြပါဘူး။ သူတို့က ခက်ခဲတဲ့ လုပ်ငန်းတာဝန်တွေကို အရင်ပြီးအောင် လုပ်တတ်ကြပါတယ်။

Ref : Knowledge : 15 Small Things Successful People Do Every Day

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top