၁၆ နှစ်အရွယ် စင်ကာပူသူ ဒီဇိုင်းဆွဲတဲ့အင်္ကျီကို ယူကရိန်းသမ္မတ ဝတ်ဆင်

29-7-2022-yyl11.jpg

အေဗာဆို ဒီဇိုင်းဆွဲတဲ့ တီရှပ်ကို ဝတ်ဆင်ခဲ့တဲ့ ယူကရိန်းသမ္မတ ဇီလင်စကီး

စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်းလုံခြုံရေး ထိပ်သီးအစည်းအဝေးပွဲကို အွန်လိုင်းကနေ တက်ရောက်ချိန်မှာ ယူကရိန်းသမ္မတ ဇီလင်စကီးက ၁၆ နှစ်အရွယ် စင်ကာပူနိုင်ငံသူ ဒီဇိုင်းဆွဲထားတဲ့တီရှပ်ကို ဝတ်ဆင်ခဲ့ပါတယ်။

အေဗာဆိုဟာ ၁၄ နှစ်သမီးအရွယ်မှာပဲ Daughters of the Revolution ဆိုတဲ့ သူ့ကိုယ်ပိုင်အမှတ်တံဆိပ်ကို စတင်ခဲ့တာပါ။ ဇီလင်စကီးဝတ်ဆင်ခဲ့တဲ့ တီရှပ်ကတော့ လှေကားပေါ်တက်ပြီး ယူကရိန်းနိုင်ငံအလံပုံ ဆေးမှုတ်နေတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ NFT ပုံ ဒီဇိုင်းဖြစ်ပါတယ်။

၁၆ နှစ်အရွယ် စင်ကာပူနိုင်ငံသူ အေဗာဆို

” မတရားဖိနှိပ်မှုနဲ့ ကြုံတွေ့ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက အကောင်းဆုံး ဆန့်ကျင်မှုပါပဲ။ ယူကရိန်းမိန်းကလေးငယ်က ဖိနှိပ်မှုကို အံတုပြီး အနာဂတ်ကို ပုံဖော်နေတဲ့ အဓိပ္ပာယ်ပါ”လို့ အေဗာဆိုရဲ့ကုမ္ပဏီဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

အေဗာဆိုဟာ အဲဒီအင်္ကျီ ရောင်းချမှုကနေ ရရှိလာတဲ့ အမြတ်ငွေတွေကို ကိုယ်ကျိုးအတွက် သုံးစွဲမှာမဟုတ်ဘဲ (ရုရှားကျူးကျော်စစ် ကြုံတွေ့နေတဲ့ ယူကရိန်းနိုင်ငံအတွက် ) စင်ကာပူနိုင်ငံဆိုင်ရာ ယူကရိန်းသံရုံးကို လှူဒါန်းပေးသွားမှာပါ။

၁၆ နှစ်အရွယ် စင်ကာပူနိုင်ငံသူ အေဗာဆို

အေဗာဆိုဟာ ဒီအင်္ကျီကို ဒီဇိုင်းဆွဲဖို့ ၃ ပတ်လောက် အချိန်ယူရပြီး အသေးစိတ်ပြင်ဆင် မွမ်းမံဖို့ နောက်ထပ် ၃ ပတ် ကြာခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ စင်ကာပူနိုင်ငံရဲ့ လက်ရွေးစင် စကိတ်စီးမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။

Ref: Zelenskyy wore a T-shirt designed by a Singaporean teen during a recent international summit

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply