အကြွေးတွေဆပ်ဖို့ အိမ်မရောင်းခင် နာရီပိုင်းအလိုမှာ ထီပေါက်ခဲ့သူ

1-8-2022-yyl04.jpg

မိုဟာမက်ဘာဗာက ချေးထားတဲ့အကြွေးတွေကို ပြန်ဆပ်ဖို့ အိမ်ရောင်းရတော့မှာပါ။ ဇူလိုင်လ ၂၅ ရက် ညနေ ၅ နာရီခွဲမှာ အိမ်ဝယ်မယ့်သူက စရံချဖို့ ချိန်းထားပါပြီ။ ဒါပေမဲ့ အဲဒီနေ့ မွန်းလွဲ ၃ နာရီ ၂၀ မှာတော့ သူငယ်ချင်းတစ်ယောက်က သူ့အတွက် သတင်းကောင်း လှမ်းပြောခဲ့ပါတယ်။သူ ထိုးထားတဲ့ ထီနံပါတ်က ရူပီး ၁၀ သန်း (မြန်မာငွေ သိန်း ၃၀၀၀ ဝန်းကျင်)ဆု ဆွတ်ခူးခဲ့တာပါ။

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ နေထိုင်တဲ့ ဘာဗာဟာ ဆောက်လုပ်ရေးကန်ထရိုက်တစ်ဦးဖြစ်ပြီး တချိန်တုန်းက ကြွေးပူကင်းတဲ့ဘဝမျိုး နေထိုင်နိုင်ခဲ့သူပါ။ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပါးခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခြေအနေတွေ ပိုဆိုးခဲ့တာပါ။ ဒီတော့ အလုပ်မရှိချိန်မှာ မိသားစုစားဝတ်နေရေးအတွက် အကြွေးယူခဲ့ရပါတယ်။

သားသမီး ၅ ယောက်ရှိတဲ့အနက် ၂ ယောက်က အိမ်ထောင်ပြုခဲ့လို့ သူ့မှာ မင်္ဂလာစရိတ်တွေလည်း ကုန်ခဲ့ပါတယ်။ သားတစ်ယောက်ကို ဒူဘိုင်းမှာ အလုပ်လုပ်ဖို့ စေလွှတ်ခဲ့လို့လည်း ပိုက်ဆံ ထပ်ချေးခဲ့ရပါတယ်။ ဒါကြောင့် သူ့မှာ ကြွေးမြီ ရူပီး ၅ သန်းလောက် ရှိနေတာပါ။အကြွေးတွေ ပြန်ဆပ်စရာ ဝင်ငွေမရှိတဲ့နောက်မှာတော့ အိမ်ရောင်းဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ အခုအခါမှာတော့ ဘာဗာက အိမ်ရောင်းစရာ မလိုတော့ပါဘူး။ ထီဆုကြေးကနေ အခွန်ဆောင်ပြီးနောက်မှာ ရူပီး ၆.၅ သန်းအထိ ရရှိမှာ ဖြစ်ပါတယ်။

အကြွေးတွေအကန်ဆပ်လိုက်ရင် ဘာဗာဆီမှာ ငွေသိပ်ကျန်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ ထီပေါက်တဲ့အကြောင်း လှမ်းပြောပေးတဲ့ သူငယ်ချင်း ဂါနက်စ် အိမ်ဝယ်နိုင်အောင် ပိုက်ဆံကူညီပေးမယ်လို့ ဘာဗာက ဆိုပါတယ်။

Ref: Kerala: Indian man who won lottery hours before selling house

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top