AI နည်းပညာနဲ့ ဘီလျံနာတွေကို Gym ဆော့နေတဲ့ပုံစံဖန်တီးလိုက်တဲ့အခါ

8.5.2023-yyl-6.jpg

ကမ္ဘာ့တစ်ဝှမ်းက လူအများကြား မှတ်ဉာဏ်တုနည်းပညာ AI နဲ့ ရုပ်ပုံအမျိုးမျိုးဖန်တီးတာတွေ ခေတ်စားလာ​​တာနဲ့အမျှ AI ရုပ်ပုံဖန်တီးတဲ့ ဝါသနာရှင်တစ်ယောက်ကလည်း Midjourney ဆော့ဖ်ဝဲ အသုံးပြုပြီးကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေ Gym ဆော့နေတဲ့ပုံစံဖန်တီးခဲ့ပါတယ်။

အက်ကေ အန်ဒီ အာဘူ ဆာဟစ်ဒ်ဆိုသူက ဘီလျံနာတွေ Gym ဆော့ရင် ဘယ်လိုပုံစံဖြစ်မလဲဆိုတာ သိချင်တဲ့အတွက် မက်ခ် ဇူကာဘတ်၊ ဂျက်ဘီဇို့၊ အီလွန်မက်ခ် အပါအဝင် ဘီလျံနာ ၈ ဦးရဲ့ AI ဓာတ်ပုံတွေကို ဖန်တီးခဲ့တာပါ။ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ အဲဒီဓာတ်ပုံတွေနဲ့အတူ “မနက်စောစောမှာ ဘီလျံနာတွေ Gym ဆော့ နေကြတယ်။ Midjourney AI အသုံးပြုပြီး ပြုလုပ်ခဲ့တယ်”လို့လည်း ရေးသားခဲ့ပါသေးတယ်။

အားကစားခန်းမကို နောက်ခံထားဖန်တီးထားတဲ့ ဓာတ်ပုံတွေမှာ ဘီလျံနာတွေကို Gym ဆော့နေတာ မြင်တွေ့ရနိုင်ပါတယ်။ Midjourney က ရုပ်ပုံတွေနဲ့ ဂရပ်ဖစ်ဖန်တီးဖို့အတွက် အသုံးပြုတဲ့ AI နည်းပညာပါ။ ဒါကို လူပုံတူဓာတ်ပုံ၊ ရှုခင်းပုံတွေအပါအဝင် ပုံအမျိုးမျိုးကို ဖန်တီးဖို့အတွက် လူတော်တော်များများ အသုံးပြုနေကြပါတယ်။

Ref: How Would Billionaires Look After Hitting The Gym? AI Artist Offers A Glimpse With Latest Artwork

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top