The Drama ဇာတ်ကားအသစ်မှာ ပါဝင်မယ့် ဇန်ဒါယာ နဲ့ ရောဘတ်ပတ်တင်ဆန်

6.8.2024-yyl-6.jpg

မင်းသား ရောဘတ်ပတ်တင်ဆန် နဲ့ မင်းသမီး ဇန်ဒါယာတို့ဟာ ဒါရိုက်တာခရစ်အိုဖာ ဘော်ဂလီရိုက်ကူးမယ့် The Drama ဇာတ်ကားမှာ ခေါင်းဆောင်တွေအဖြစ် ပါဝင်ဖို့ ကနဦးဆွေးနွေးမှုတွေပြုလုပ်နေကြပါတယ်။

ဒီဇာတ်ကားရဲ့အသေးစိတ်အချက်အလက်ကို ထုတ်ပြောထားခြင်းမရှိသေးပေမဲ့ ချစ်သူစုံတွဲနှစ်ဦးရဲ့မင်္ဂလာပွဲမတိုင်ခင် မမျှော်လင့်ထားတဲ့အလှည့်အပြောင်းတစ်ခုဖြစ်လာမယ့် အချစ်ဇာတ်လမ်းအကြောင်းဖြစ်တယ်လို့ အရိပ်အမြွက်သိရပါတယ်။

ဒီဇာတ်ကားက ထုတ်လုပ်ရေးကုမ္ပဏီ A24 နဲ့ Square Beg တို့ကြား ပူးပေါင်းရိုက်ကူးတဲ့ နောက်ထပ်ဇာတ်ကားဖြစ်ပါတယ်။ အခုနှစ်ကတော့ ဇန်ဒါယာအတွက် ကောင်းတဲ့နှစ်တစ်နှစ်ပါပဲ။ သူဟာ အခုနှစ်ထွက်ရှိထားတဲ့ နာမည်ကြီး Dune: Part Two နဲ့ Challengers ဇာတ်ကားတွေမှာ ပါဝင်ထားပြီး Euphoria Season 3 မှာလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

ရောဘတ်ပတ်တင်ဆန်ရဲ့ဇာတ်ကားသစ် “Mickey 17” ကလည်း လာမယ့်နှစ် ဇန်နဝါရီမှာ ထွက်ရှိမှာဖြစ်ပါတယ်။ ပိတ်ကားထက်မှာ သူ့ကို နောက်ဆုံးမြင်တွေ့ခဲ့တာကတော့ ၂၀၂၂ ခုနှစ်ရဲ့ The Batman ဇာတ်ကားပါပဲ။ သူ့ကို မျှော်နေကြတဲ့ပရိသတ်တွေက သူ့ကို Mickey 17 မှာ မြင်တွေ့ရတော့မှာဖြစ်သလို ပါဝင်ဖို့လုပ်နေတဲ့ The Drama မှာလည်း မြင်တွေ့ရနိုင်ဖွယ်ရှိပါတယ်။

Ref: Zendaya and Robert Pattinson to Star in ‘The Drama’ for A24

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top