နယူးယောခ့် (New York) မှာ အချစ်တွေပြန်ရှင်သန်ခဲ့ကြတဲ့ ဂျီ (Gi) နဲ့ ဇန်း (Zayn)

gi.png

ဇေန်း မဲလစ်ခ်နဲ့ ဂျီဂျီ ဟက်ဒစ် တို့နှစ်ယောက်ကတော့ ပြန်ပေါင်းထုပ်နေကြပါပြီ။ ဟုတ်ပါတယ် ….. ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့လည်က နယူးယောခ့် (New York) လမ်းလယ်တစ်နေရာမှာ ဇေန်း မဲလစ်ခ် နဲ့ ဂျီဂျီ ဟက်ဒစ် တို့နှစ်ယောက် အရူးအမူးအနမ်းတွေ ခြွေနေခဲ့ကြတာဖြစ်ပါတယ်။ ဆိုဟို (Soho) လမ်းတစ်လျှောက် အတူတူလျှောက်လာခဲ့ရင်းနဲ့မှ စတားဘက်ခ့် (Starbucks) ကော်ဖီခွက်လေးကိုင်ဆောင်ထားရင်း နံခြံကိုကျောမီထားတဲ့ ဂျီဂျီ ကို ဇေန်း တစ်ယောက် အနမ်းတွေခြွေလိုက်တာလည်း ဖြစ်ပါတယ်။

ဂျီဂျီ ကတော့ ကျားသစ်ကွက် ဘွတ်ဖိနပ်၊ နေကာမျက်မှန်၊ အပေါက်ပါတဲ့ ဂျင်းရှည် နဲ့ အနက်ရောင်အပေါ်ဝတ်အင်္ကျီပေါ်က ဘလေဇာကုတ်ကိုဝတ်ဆင်ထားရင်း အရမ်းကိုလန်းနေပါတယ်။ ဇေန်းကလည်း သူရဲ့လည်ပင်းတက်တူးတွေအပြင် အနီရောင်ခေါင်းစွပ်အင်္ကျီပေါ်က အနက်ရောင်ဂျက်ကင်ကိုဝတ်ဆင်ထားပြီး ဂူချီ (Gucci) ဘရန်းကြိုးလွယ်အိတ်ကို လွယ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက သူတို့အတွဲရဲ့ ကောလဟာလတွေ တော်တော်လေးပျံ့နှံ့သွားခဲ့ပေမဲ့ အားကျစရာကောင်းလှတဲ့ သူတို့နှစ်ဦးပြန်လည်ပေါင်းထုပ်နေကြပြီပဲ ဖြစ်ပါတယ်။ ယမန်နေ့ ဗုဒ္ဓဟူးနေ့ကဆိုရင်လည်း ဇေန်း တစ်ယောက် ဂျီဂျီ ရဲ့ NYC တိုက်ခန်းကနေထွက်လာခဲ့တာပါ။ ဇေန်း က သူ့ရဲ့သီချင်းသစ်ကို ဆိုရှယ်မီဒီယာပေါ် တင်တဲ့အခါမှာလည်း ဂျီဂျီ က လိုက်ခ့် (like) ပေးထားခဲ့တာဖြစ်ပြီး One Direction အဖွဲ့ဝင်တစ်ဦးကနေပြီးတော့လည်း ဇေန်း ရဲ့ အသစ်ထွက်ရှိထားတဲ့ ‘Let Me’ သီချင်းဟာ ဂျီဂျီ အတွက်ဖြစ်ကြောင်း အစီအစဉ်တင်ဆက်သူ ရမ်စီဂရက်စ် (Ryan Seacrest) ကိုပြောကြားခဲ့ပါတယ်။

ဇေန်း ဟာ အဆိုပါ ‘Let Me’ သီချင်းကို ဂျီဂျီ (Gigi) နဲ့တွဲနေစဉ်အတွင်းမှာပဲရေးသားခဲ့တာဖြစ်ပြီး ကစ် FM (Kiss FM) ကိုတော့ အဲ့ဒီအချိန်တုန်းက သူ့အနေနဲ့အချစ်မှာ အရမ်းကြီး မနစ်မျောသေးကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဇေန်း က “ကျွန်တော့်ရဲ့ ကျန်ရှိနေတဲ့ဘဝနဲ့ သူ့ရဲ့ကျန်တဲ့ဘဝအစိတ်အပိုင်းတွေမှာ ကျွန်တော်ချစ်ရတဲ့ တစ်စုံတယောက်နဲ့ အဲ့ဒီအချစ်ထဲစီးမျောကြည့်ချင်တယ်။ ကျွန်တော်တို့အားလုံး လုပ်နေကြသလိုမျိုးပေါ့” ဆိုပြီး ပြောကြားခဲ့ပါတယ်။

နောက်ထပ် “အရာရာတိုင်းက ပြောင်းလဲနေပြီး ကျွန်တော်တို့တွေလည်း ကျွန်တော်တို့ရဲ့ဘဝတွေထဲ ရှေ့ဆက်နေကြရတယ်။ အချိန်တွေကလည်း ပြောင်းလဲနေတယ်။ ပြီးတော့ ဒါက ကျွန်တော်ဒီသီချင်းရေးတဲ့ အချိန်မှာတွေးနေခဲ့မိတဲ့ အရာပါ” လို့လည်း ပြောကြားခဲ့ပါတယ်။

ဇေန်း နဲ့ ဂျီဂျီတို့ဟာ ၂၀၁၅ ခုနှစ်မှာ စတင်ဒိတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဂျီဂျီ ကတော့ ကိုဒီဆင်ပ်ဆန် (Cody Simpson) နဲ့ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ နှစ်နှစ်ကြာလက်တွဲခဲ့ဖူးပြီး ဂျိုး ဂျိုနက်စ် (Joe Jonas) နဲ့လည်း လအနည်းငယ်ကြာ ဒိတ်လုပ်ခဲ့ဖူးပါတယ်။ ဇေန်း နောက်ဆုံး ဒိတ်လုပ်ခဲ့တဲ့သူကတော့ Little Mix’ အဖွဲ့ဝင် ပယ်ရီ အက်ဒ်ဝါ့ဒ် (Perrie Edwards) ဖြစ်ပါတယ်။

Ref: World Music Awards

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top