Spider Man ဇာတ်ကောင်မင်းသား တွမ်ဟော်လန်နဲ့ တိတ်တဆိတ်လက်ထပ်ထားပြီးဖြစ်တဲ့ မင်းသမီး ဇန်ဒါယာ

marry.jpg

ဟောလိဝုဒ်မင်းသမီးဇန်ဒါယာဟာ သူ့ရဲ့ချစ်သူကောင်လေးမင်းသားတွမ်ဟော်လန်နဲ့ လက်ထပ်ပြီးသွားပြီလို့ သူ့ရဲ့Stylist လောရို့ချ်ရဲ့ပြောစကားအရ သိရပါတယ်။ ဇန်ဒါယာဟာ ၂၀၂၄ ခုနှစ်နှစ်ကုန်ပိုင်းကတည်းက တွမ်ဟော်လန်နဲ့ စေ့စပ်ထားခဲ့တာပါ။ အခုဆို သတင်းမီဒီယာတွေမသိအောင် တိတ်တဆိတ်လက်ထပ်ထားပြီဖြစ်ပါတယ်။

ဇန်ဒါယာနဲ့ တွမ်ဟော်လန်တို့ လက်ထပ်ပြီးပြီဆိုတာကို လောရို့ချ်က the Actor Awards ရဲ့ အနီရောင်ကော်ဇောလျှောက်လမ်းထက်မှာ ပြောကြခဲ့ပါတယ်။ “မင်္ဂလာပွဲက ပြီးသွားခဲ့ပြီ။ မင်းတို့ မသိလိုက်ကြတာပါ” တဲ့။ သတင်းထောက်တွေက “တကယ်လား” လို့ မေးမြန်းတဲ့အခါမှာတော့ “တကယ်အမှန်ပါ” လို့ လောရို့ချ်က ဆိုပါတယ်။

ဒီသတင်းကို ဇန်ဒါယာနဲ့ တွမ်ဟော်လန်တို့ရဲ့ပြောရေးဆိုခွင့်ရှိသူတွေက အတည်ပြုထားခြင်းမရှိသေးပါဘူး။ သူတို့နှစ်ဦးလုံးက သူတို့ရဲ့ဆက်ဆံရေးကို လူမသိအောင်လျှို့ဝှက်ထားချင်ခဲ့တာပါ။ သူတို့တွဲနေတယ်ဆိုတဲ့သတင်းက ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပေမဲ့ လူသိရှင်ကြားအတည်ပြုခဲ့မရှိပါဘူး။ သူတို့နမ်းနေတဲ့ဓာတ်ပုံတွေထွက်လာခဲ့တဲ့အချိန် ၂၀၂၁ ခုနှစ်ကျမှ ထုတ်ပြောပြခဲ့တာပါ။ သူတို့စေ့စပ်ထားတယ်ဆိုတာကိုလည်း ၂၀၂၅ ခုနှစ် စက်တင်ဘာလကမှ အတည်ပြုပေးခဲ့တာပါ။

Ref: Zendaya has married Tom Holland in secret

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top