ဂျပန်ငလျင်မှာ ပျောက်ဆုံးနေသူ ၂၄၂ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ဖို့ မျှော်လင့်ချက်မှေးမှိန်လာ

8.1.24-yyl-18.jpg

နှစ်သစ်ကူးနေ့ ဂျပန်ငလျင် လှုပ်ခတ်မှုမှာ ပျောက်ဆုံးနေသူ ၂၄၂ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ဖို့ အဆုံးအဖြတ်ကာလဖြစ်တဲ့ ၇၂ နာရီ ကျော်လွန်သွားပြီဖြစ်လို့ ကယ်တင်နိုင်ရေး မျှော်လင့်ချက် မှေးမှိန်လာခဲ့ပါပြီ။

ပြင်းအား ၇.၆ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် နိုတိုကျွန်းဆွယ်မှာ သေဆုံးသူအရေအတွက် ၉၂ ဦးအထိ ရှိလာခဲ့ပါပြီ။ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့က ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားနေတဲ့ စစ်သည်ပမာဏကို ၂ ဆ တိုးမြှင့်ပြီး စစ်သည် ၄၆၀၀ အထိ စေလွှတ်ထားပါတယ်။

အထူးသဖြင့် ဆူဇူနဲ့ ဝါဂျီမာမြို့တွေမှာ အဆောက်အအုံတွေ ပြိုကျပြီး အပျက်အစီးတွေအောက်မှာ လူအများအပြား ပိတ်မိနေဖွယ်ရှိပါတယ်။ လျှပ်စစ်ဓာတ်အားနဲ့ ရေပေးဝေမှု မရရှိတဲ့ အိမ်ထောင်စု သောင်းချီ ရှိနေပြီး မြေပြိုမှုနဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် အခုအချိန်အထိ ကူညီထောက်ပံ့မှု မရသေးတဲ့ အိမ်ထောင်စုရာချီ ရှိနေဆဲပါ။

Ref: Japan earthquake: Nearly 250 missing as hope for survivors fades

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top