ထီနံပါတ် ရွေးပေးသူကို ဆုကြေးထဲကနေ ဒေါ်လာ ၃ သန်း ခွဲပေးခဲ့သူ

8.6.2023-yyl-2.jpg

ရဲစုံထောက် ရောဘတ်ကန်နင်ဟမ်ဟာ နယူးယော့ခ်မြို့ရဲ့ Sal’s ပီဇာဆိုင်မှာ ၈ နှစ်တိုင်တိုင် စားသုံးခဲ့တဲ့ အမာခံဖောက်သည်တစ်ဦးဖြစ်ပြီး အဲဒီဆိုင်မှာ ၂၄ နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့တဲ့ စားပွဲထိုးအမျိုးသမီးကတော့ ဖီးလစ်ပန်ဇိုလို့ အမည်ရပါတယ်။ တစ်ရက်မှာတော့ ကန်နင်ဟမ်က ထီနံပါတ် ရွေးနေတုန်း ဖီးလစ်ပန်ဇိုကို နံပါတ်ဝိုင်းရွေးပေးဖို့ ပြောခဲ့ပါတယ်။

နောက် ၂ ရက်အကြာမှာတော့ အဲဒီထီလက်မှတ်ကနေ အမေရိကန်ဒေါ်လာ ၆ သန်းဆု ဆွတ်ခူးခဲ့ပြီး ကန်နင်ဟမ်က ပန်ဇိုကို ဒေါ်လာ ၃ သန်း ခွဲပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ ၁၉၈၄ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

Ref: After 24 Years Pushing Pizza, Waitress Phyllis Penzo Gets a Tip to Remember: $3 Million

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top