ဆောင်းရာသီမှာ ဆံပင်နဲ့ပတ်သက်ပြီး မလုပ်သင့်တဲ့အရာများ

yyl-018.jpg

အခြားအလှအပ ထိန်းသိမ်းတာလိုပဲ ဆံပင်ကိုလည်း ဂရုစိုက်ထိန်းသိမ်းပေးဖို့ လိုပါတယ်။ လူတွေက သူတို့အသုံးပြုတဲ့ အလှကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး ပိုပြီးဂရုစိုက်လာကြပါပြီ။ ဒါပေမဲ့ ဆံပင်နဲ့ပတ်သက်ပြီး အသုံးပြုရမဲ့ အရာတွေဂရုစိုက်လာပေမဲ့ ဆံပင်ကို ပျက်စီးစေတဲ့ အမှားတွေကိုကျ သတိမပြုမိကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ဆံပင်တွေ မပျက်စီးအောင် အဲဒီအမှားတွေ မလုပ်မိအောင် ရှောင်ကျဉ်သင့်ပါတယ်။ ဘယ်လိုအမှားတွေ မလုပ်သင့်လဲဆိုတာကို အောက်မှာ ဖော်ပြပေးထားပါတယ်။

ရေပူနဲ့ခေါင်းလျှော်ခြင်း

ဆောင်းရာသီမှာ ရေချိုးဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုလို ဖြစ်နေတာပါ။ ရေချိုးဖို့အတွက် ရေပူရေအေးကို အသုံးပြုပြီး ချိုးဖြစ်ကြပါတယ်။ ဒါပေမဲ့ ရေပူနဲ့ ခေါင်းလျှော်တာက သင့်ဆံသားကို ပိုပြီး ပျက်စီးစေနိုင်ပါတယ်။ သင့်ဆံသားမှာရှိတဲ့ အာဟာရဓာတ်တွေနဲ့ သဘာဝအဆီအနှစ်တွေ တော်တော်များများကို ဖယ်ရှားပစ်သလို ဖြစ်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါ ရေပူကို အသုံးမပြုအောင် သတိထားပြီး ဆံပင်ပျော့ဆေးက ဆံပင်နှစ်ခွဖြစ်တာ၊ ဆံသားကျိုးပဲ့တာတွေကို သက်သာစေနိုင်တဲ့အတွက် ရေအေးနဲ့ပဲဆံပင်ပျော့ဆေးကို သန့်စင်ပေးသင့်ပါတယ်။

ဆံပင်သုတ်တဲ့အခါ တဘတ်ကို မှားယွင်းစွာ အသုံးပြုခြင်း

ခေါင်းလျှော်ထားတဲ့ဆံပင်ကို ခန္ဓာကိုယ်အတွက် သုံးတဲ့ တဘတ်တစ်ခုတည်းနဲ့ ခေါင်းခြောက်အောင်သုတ်တာက ဆံပင်ကိုပျက်စီးစေပါတယ်။ သာမန်တဘတ်စောင်တွေက ကြမ်းတမ်းတဲ့အတွက် ဆံသားကို ကျိုးပဲ့ပျက်စီးစေပါတယ်။ နူးညံ့တဲ့တဘတ်စောင် (သို့) ဆံသားအတွက် သီးသန့်ပြုလုပ်ထားတဲ့ တဘတ်စောင်ကို အသုံးပြုသင့်ပါတယ်။

ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်းဖြီးခြင်း

ဆံပင်ဖြီးတဲ့အခါ ဆံပင်အထုံးတွေ၊ ရှုပ်ထွေးတာတွေကို ဖယ်ရှားဖို့အတွက် အားစိုက်ရပါတယ်။ အဲဒီလိုအားစိုက်ပြီး ကြမ်းကြမ်းတမ်းတမ်း ဆံပင်ဖြီးတဲ့အတွက် ဆံသားကျိုးပဲ့ ပျက်စီးတာတွေ ဖြစ်လာနိုင်ပါတယ်။ တကယ်တော့ ဆံပင်ရှုပ်တာ၊ ဆံပင်ထုံးနေတာတွေကို ဖယ်ရှားဖို့ဆိုရင် နူးညံ့တဲ့ဘီးနဲ့ ညင်ညင်သာသာလေး လုပ်ပေးရပါတယ်။

မကောင်းတဲ့ခေါင်းအုံးစွပ်နဲ့ အိပ်ခြင်း

ဒီတစ်ခုက အသားရေအတွက်ကော ဆံပင်အတွက်ပါ အရမ်းအရေးကြီးပါတယ်။ ကျွန်မတို့အိပ်စက်တဲ့ ခေါင်းအုံးစွပ်အမျိုးအစားက ဆံသားအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ကျွန်မတို့အသုံးပြုတဲ့ သာမန်ချည်ထည်ခေါင်းအုံးစွပ်က ဆံသားရှုပ်ထွေးတာ၊ ပျက်စီးတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေနိုင်သလို ဆံသားနှစ်ခွလည်း ဖြစ်စေပါတယ်။ ချည်ထည်ထက် ပိုနူးညံ့တဲ့ ပိုးသားခေါင်းအုံးစွပ်က ဆံသားမပျက်စီးဖို့အတွက် ကောင်းတဲ့ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။

Ref: Hair mistakes you’re making this winter

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top