ဟောလိဝုဒ်ရဲ့ရုံတင်ငွေအမြင့်ဆုံးအန်နီးမေးရှင်းရုပ်ရှင်ဖြစ်လာတဲ့ Zootopia 2

anime.jpg

Zootopia 2 ရုပ်ရှင်ကားဟာ ဟောလိဝုဒ်ရဲ့ ရုံတင်ငွေအမြင့်ဆုံးအန်နီးမေးရှင်းရုပ်ရှင်ဖြစ်လာခဲ့ပါပြီ။ တချို့နိုင်ငံတွေမှာ Zootopia 2 လို့ သိကြတဲ့ The Walt Disney Animation Studio ရုပ်ရှင်က Global Box Office မှာ ရုံတင်ငွေ ကန်ဒေါ်လာ ၁.၇ ဘီလျံဝင်ခဲ့တာပါ။ ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့ပြီး ရုံတင်ငွေ ၁.၆၉ ဘီလျံရရှိခဲ့တဲ့ Pixar Animation Studios ရဲ့ Inside Out 2 ကို ကျော်ပြီး ရုံတင်ငွေအမြင့်ဆုံးအန်နီးမေးရှင်းရုပ်ရှင်ဖြစ်လာခဲ့တာပါ။

Disney Entertainment ရဲ့ ပူးတွဲဥက္ကဋ္ဌ Alan Bergman က “ဒီမှတ်တိုင်ဟာဆိုရင် ကမ္ဘာတဝှမ်းက ပရိသတ်တွေအတွက် အဓိကအားဖြင့် အရေးပါပြီး သူတို့ရဲ့စိတ်အားထက်သန်မှုက အခုလိုဖြစ်အောင်လုပ်ပေးခဲ့တာပါ။ ကျွန်တော်တို့ရဲ့ရုပ်ရှင်ဒါရိုက်တာတွေအပေါ် အလွန်ဂုဏ်ယူမိပါတယ်။ Zootopia 2 က အလွန်ထူးခြားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီး ဒီဇာတ်ကားကို အသက်ဝင်စေဖို့ ကူညီပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဒီအောင်မြင်အတွက် ပြောခဲ့ပါတယ်။

Zootopia 2 က ကမ္ဘာတဝှမ်းမှာ ရုံတင်ငွေအမြင့်ဆုံးရုပ်ရှင်ကားစာရင်းမှာ နံပါတ် ၉ နေရာမှာရှိနေပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ Ne Zha 2 ကတော့ ပြီးခဲ့တဲ့နှစ်က Global Box Office မှာ ရုံတင်ငွေ ၂.၂ ဘီလျံရရှိခဲ့ပြီးနောက် ကမ္ဘာတဝှမ်းမှာ ရုံတင်ငွေအမြင့်ဆုံးအန်နီးမေးရှင်းရုပ်ရှင်ဖြစ်ပါတယ်။

ကုန်ကျစရိတ် ကန်ဒေါ်လာသန်း ၁၅၀ ရှိခဲ့တဲ့ Zootopia 2 ဟာ ရုံတင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံကို အမြန်ဆုံးရရှိခဲ့တဲ့ ဟောလိဝုဒ်အန်နီးမေးရှင်းရုပ်ရှင်လည်းဖြစ်ပါတယ်။၊

Ref: Zootopia 2 becomes Hollywood’s highest-grossing animated film of all time

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top