ပလတ်စတစ်ဘူးခွံထည့်လိုက်တိုင်း ခွေးတွေအတွက် အစားအစာထုတ်ပေးတဲ့စက်

yyl-007-19.jpg

ကုမ္ပဏီတော်တော်များများက ပတ်ဝန်းကျင်ကာကွယ်ဖို့နဲ့ လေလွင့်ခွေးတွေကို ကူညီပေးဖို့အတွက် စဉ်းစားပေးတတ်ကြပါတယ်။ ပလတ်စတစ်အမှိုက်တွေက ပတ်ဝန်းကျင်နဲ့ ပင်လယ်နေသတ္တဝါတွေ ထိခိုက်နေကြတာကို ကျွန်တော်သိရှိပြီးသားပါ။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှာ လေလွင့်ခွေး သန်း(၂၀၀) လောက်ရှိနေပါတယ်။ အဲဒီခွေးတွေကို ကူညီပေးဖို့အတွက် တူရကီနိုင်ငံက ကုမ္ပဏီတစ်ခုက အစားအစာထုတ်ပေးတဲ့စက်ကို ဖန်တီးခဲ့ပါတယ်။

အဲဒီကုမ္ပဏီက ပတ်ဝန်းကျင်၊ သဘာဝတရားတွေနဲ့ ဆက်စပ်တဲ့ပရောဂျက်တွေကို လုပ်ဆောင်နေတဲ့ Pugedon ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီက ပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက်ရော တိရစ္ဆာန်တွေကို ကူညီဖို့အတွက်ပါ စိတ်ဝင်စားစရာကောင်းတဲ့ဖြေရှင်းနည်းကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ ပလတ်စတစ်ဘူးခွံတွေနဲ့ လေလွင့်ခွေးတွေအတွက် အစားအစာထုတ်ပေးတဲ့စက်ပါပဲ။

ပြန်လည်အသုံးပြုလို့ရတဲ့ဘူးတွေကို စက်ထဲထည့်လိုက်ရုံနဲ့ အဲဒီစက်က လေလွင့်ခွေးနဲ့ ကြောင်တွေအတွက် အစားအစာထုတ်ပေးပါတယ်။ ခိုတွေအတွက် အစာထုတ်ပေးတဲ့စက်တွေလည်းရှိပါတယ်။ ပလတ်စတစ်ဘူးတွေထဲမှာ ရေကျန်နေရင်တော့ တိရစ္ဆာန်တွေအတွက် ကျွေးဖို့အစားအစာတွေ ထုတ်ပေးမှာမဟုတ်ပါဘူး။ ဒီစက်က ရေဘူးတွေကိုသာမက ခေါင်းလျှော်ရည်ဘူး၊ စည်သွတ်ဘူး၊ ကတ်ထူဘူးတို့ကိုလည်း လက်ခံပါတယ်။

ခွေးတွေအတွက် အစားအစာယူဖို့အတွက် ပိုက်ဆံပေးစရာမလိုပါဘူး။ စက်ထဲထည့်တဲ့ဘူးတွေက ပိုက်ဆံပါပဲ။ ဒီလိုစက်တွေက တူရကီနိုင်ငံမှာတင် ရနိုင်တာမဟုတ်ပါဘူး။ အီတလီ၊ ဂရိ၊ ရုရှား၊ ဘရာဇီးနိုင်ငံတွေလို တချို့နိုင်ငံတွေမှာလည်း တွေ့ရနိုင်ပါတယ်။ Pugedon ကုမ္ပဏီက လမ်းပေါ်က တိရစ္ဆာန်တွေကို သူတို့ကိုယ်တိုင် ပုံမှန်အစာကျွေးဖြစ်ပါတယ်။ အဲဒါအပြင် လေလွင့်တိရစ္ဆာန်တွေကို ကူညီပေးတဲ့ စေတနာ့ဝန်ထမ်းတွေအတွက် အစားအစာထုတ်ပေးတဲ့စက်ကို ထောက်ပံ့ကူညီပေးခဲ့တာဖြစ်ပါတယ်။ သူတို့က အစိုးရကျောင်းတွေမှာ ပတ်ဝန်းကျင်နဲ့ လွင့်တိရစ္ဆာန်တွေအကြောင်းနဲ့ပတ်သတ်ပြီး ဆွေးနွေးပွဲတွေကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

Ref: Every Time You Drop a Bottle Into These Recycling Bins From Turkey, They Release Food for Stray Animals

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top