အမေရိကန်မှာ လေဆင်နှာမောင်းကြောင့် တစ်မြို့လုံးပျက်စီးပြီး အနည်းဆုံး လူ ၂၆ ယောက် သေဆုံး

26.3.2023-yyl-iamge-1.jpg

Charlie Weissinger, tosses away the paneling from one of the desks in his father's demolished law office in Rolling Fork, Miss., Saturday, March 25, 2023. Emergency officials in Mississippi say several people have been killed by tornadoes that tore through the state on Friday night, destroying buildings and knocking out power as severe weather produced hail the size of golf balls moved through several southern states. (AP Photo/Rogelio V. Solis)

အမေရိကန်နိုင်ငံတောင်ပိုင်းက မစ္စစ္စပီနဲ့ အလာဘားမားပြည်နယ်တွေမှာ လေဆင်နှာမောင်း တိုက်လို့ အနည်းဆုံး လူ ၂၆ ယောက် သေဆုံးခဲ့ပါတယ်။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး မစ္စစ္စပီပြည်နယ်အစိုးရကတော့ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားပါတယ်။

မစ္စစ္စပီပြည်နယ်ထဲမှာရှိတဲ့ ရိုးလင်းဖော့မြို့ကတော့ တစ်မြို့လုံးနီးပါး ရစရာမရှိအောင် ပျက်စီးခဲ့ပြီး လမ်းတွေပေါ်မှာ အုတ်ခဲကျိုးတွေ၊ မှန်ကွဲစတွေ ပွစာကြဲနေပါတယ်။ လူတွေ အိပ်မောကျနေတဲ့ ညဉ့်သန်းခေါင်ယံအချိန်မှာ လေဆင်နှာမောင်း တိုက်ခဲ့တာဖြစ်လို့ လူတွေက သတိပေးချက်တွေကို မကြားခဲ့ကြတာပါ။ လေဆင်နှာမောင်း တိုက်ခတ်မှုက ၅ မိနစ်ကနေ ၁၀ မိနစ်ကြား ကြာမြင်ခဲ့ပါတယ်။

Ref: Deadly Mississippi tornado brings devastation to US state

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top