ဇာတ်ရုပ်ပီပြင်အောင် ကိုယ်အလေးချိန် အပြောင်းအလဲလုပ်ပြခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင် (၁၀) ဦး

aa10.jpg

တကယ့်ပရော်ဖက်ရှင်နယ် ကမ္ဘာကျော် ဟောလိဝုဒ်က နာမည်ကြီးသရုပ်ဆောင်တွေကတော့ ပရိသတ်အသည်းစွဲဖြစ်ရလောက်အောင်ကို အဲဒီနောက်ကွယ်က ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုကလည်း မသေးပါဘူး။ ဇာတ်လမ်းကတောင်းဆိုလာတဲ့ ဇာတ်ရုပ်ပီပြင်ဖို့အတွက် ကိုယ်အလေးချိန်ကို မယုံကြည်နိုင်လောက်အောင် အပြောင်းအလဲလုပ်ပြီး အကောင်းဆုံးသရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေကို ရွေးချယ်တင်ဆက်ပေးပါရစေ။

၁။ ခရစ္စရှန်ဘေးလ် (Christian Bale)

မင်းသား ခရစ္စရှန်ဘေးလ် (Christian Bale) ဟာ Vice ရုပ်ရှင်မှာ သူ့ရဲ့ဇာတ်ရုပ်ပီသပေါ်လွင်လာဖို့ (၄၅) ပေါင်အထိ ကိုယ်အလေးချိန်တိုးလာအောင် နေထိုင်စားသောက်ခဲ့ရပါတယ်။ တကယ်မြင်ရတဲ့အခါမှာတော့ ပရိသတ်တွေကိုယ်တိုင်အံ့အားသင့်ခဲ့ရပါတယ်။

၂။ ချားလစ်ဇ်သီရွန် (Charlize Theron)


ညှို့မင်းသမီးကြီး ချားလစ်ဇ်သီရွန် (Charlize Theron) ဟာ Tully ဇာတ်ကားအတွက် ကိုယ်အလေးချိန် ပေါင် (၅၀) အထိ တက်လာပြီး ဝဝဖိုင့်ဖိုင့်ကြီးဖြစ်လာအောင် အသွင်ပြောင်းလဲခဲ့ရပါတယ်။

၃။ ဟုချ်ဂျက်မန်း (Hugh Jackman)


မင်းသား ဟုချ်ဂျက်မန်း (Hugh Jackman) က Les Misérables ရုပ်ရှင်ရိုက်ကူးဖို့ပြင်ဆင်ရမှာ (၃၃) ပေါင်အထိ ဝိတ်ချခဲ့ရပြီး The Wolverine ရုပ်ရှင်မှာလည်း မိတ်ကပ်ဖန်တီးမှုမဟုတ်ဘဲ သူ့ခန္ဓာကိုယ်ရဲ့တကယ်ကြွက်သားတောင့်တင်းမှုအစစ်ဖြစ်လာအောင် လေ့ကျင့်ခဲ့သူပါ။

၄။ အန်နာဟဲသဝေး (Anne Hathaway)


မင်းသမီး အန်နာဟဲသဝေးဟာ Les Misérables ရုပ်ရှင်အတွက် (၂၄) ပေါင် ဝိတ်ချခဲ့ရသူပါ။

၅။ ဂျိုနာဟေးလ် (Jonah Hill)


ဂျိုနာဟေးလ်ဟာ Maniac ရုပ်ရှင်အတွက် ကိုယ်အလေးချိန်ကျဆင်းသွားအောင် နေထိုင်စားသောက်ခဲ့ရပါတယ်။

၆။ ခရစ်ဟမ်းစ်ဝေါ့သ် (Chris Hemsworth)


မင်းသားချော ခရစ်ဟမ်းစ်ဝေါ့သ် (Chris Hemsworth) ဟာ In The Heart of the Sea ရုပ်ရှင်ရိုက်ကူးမှု ်အတွက် မမှတ်မိနိုင်တော့လောင်အောင်အထိ (၃၃) ပေါင် ဝိတ်ချနိုင်ခဲ့သူပါ။ ဒီရုပ်ရှင် ပြီးတာနဲ့ Thor: Ragnarok ဇာတ်ရုပ်အတွက် ကိုယ်ခန္ဓာတောင့်တင်းကျစ်လျစ် ပြန်လည်ဆော့ကစားခဲ့ရပါတယ်။

၇။ ခရစ်စ်ပတ် (Chris Pratt)


မင်းသား ခရစ်စ်ပတ် ဟာ Guardians of the Galaxy ရုပ်ရှင်အတွက် ဝိတ်ချပိန်ကျဖို့တစ်ခါ၊ ဘော်ဒီပြန်တက်အောင်တစ်ခါ… အဲဒီလို ကိုယ်အလေးချိန် (၂) မျိုးစွမ်းဆောင်ခဲ့သူပါ။

၈။ အဒမ်ဒရိုင်ဘာ (Adam Driver)


အဒမ်ဒရိုင်ဘာ (Adam Driver) ဟာ Silence ရုပ်ရှင်ရဲ့ဇာတ်ရုပ် အတွက် ပေါင်၅၀ အထိ ဝိတ်ချပြခဲ့ရပါတယ်။

၉။ မတ်ဒေမွန် (Matt Damon)


မင်းသား မတ်ဒေမွန် (Matt Damon) ဟာ The Informant ရုပ်ရှင်ဇာတ်ကားအတွက် ပေါင်၃၀ ဝိတ်တက်ပြီး ဝဖိုင့်လာအောင်နေခဲ့ရပါတယ်။

၁၀။ ယော်ကွင်းဖီနစ် (Joaquin Phoenix)


သရုပ်ဆောင် ယော်ကွင်းဖီနစ် (Joaquin Phoenix) ရဲ့ You Were Never Really Here ရုပ်ရှင်အတွက် အဆီတိုးဝိတ်တက်လာအောင် ပြင်ဆင်ထားပုံကိုမြင်တွေ့ရမှာပါ။

Ref: Brightside “14 Actors Who Had to Overeat or Starve for Their Roles”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top