Samsung ၏ Galaxy A Series စမတ်ဖုန်းသစ်များအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

06.jpg

Samsung Myanmar မှ အသစ်ထွက်ရှိလာသော Galaxy A Series စမတ်ဖုန်း အသစ်များအား ရန်ကုန်မြို့၊ Junction City တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ ကနဦး မိတ်ဆက်မှုအနေဖြင့် Galaxy A30 နှင့် A50 ဖုန်းများသည် မိုဘိုင်းဖုန်းကဏ္ဍ၏ ဆန်းသစ် တီထွင်မှုများဖြစ်သည့် အကောင်းမွန်ဆုံး ကြည့်ရှုမှုအတွေ့အကြုံ၊ တာရှည်ခံသော ဘက်ထရီ လုပ်ဆောင်ချက်နှင့်အတူ သာမန်မျက်လုံးဖြင့် မြင်တွေ့ရသည့်အတိုင်း အရည်အသွေးမြင့် ဓာတ်ပုံများကို ရိုက်ကူးနိုင်မည့်ကင်မရာ အစရှိသည့် လုပ်ဆောင်ချက်များ ပါဝင်သောကြောင့် ဖုန်းတစ်လုံး၏ အဓိက လိုအပ်ချက်များအား ထည့်သွင်းထားပြီး ဈေးနှုန်း သင့်တင့်သော ဖုန်းအမျိုးအစားများ ဖြစ်ကြပါသည်။

Samsung အနေနှင့် ယနေ့ခေတ် လူငယ်များအချင်းချင်း ဆက်သွယ်ကြသည့် နည်းလမ်းများအပေါ် အခြေခံ၍ Galaxy A series အသစ်ကို တီထွင် ဖန်တီးထားခြင်းဖြစ်သည်။ ယခု A Series အသစ်တွင် အလိုအလျောက် ပူးပေါင်းဆောင်ရွက်သော တုံ့ပြန်မှုများအား အမီလိုက်နိုင်မည့် ကွဲပြားခြားနား၍ စွမ်းဆောင်ရည်ကောင်းများကို ပေးစွမ်းသွားမည် ဖြစ်သည်။ အဆင့်မြှင့်တင်ထားသော Galaxy A Series ကို model နှစ်မျိုးဖြင့် စတင်မိတ်ဆက်သွားမည် ဖြစ်ပါသည်။

Galaxy A50

Galaxy A50 ဖုန်း၏ အဆင့်မြင့်သော ကင်မရာ လုပ်ဆောင်ချက်၊ ကြာရှည်ခံပြီး လျင်မြန်စွာ အားဖြည့်သွင်းနိုင်သော ဘက်ထရီ နှင့် အဆုံးအစမဲ့ U ဖုန်းမျက်နှာပြင်များက သင့်ကို ကမ္ဘာကြီးနှင့် အမြဲချိတ်ဆက်ပေးမည် ဖြစ်သည်။ Ultra Wide Lens နှင့်အတူ သဘာဝပုံရိပ်အားလုံးကို အကန့်အသတ်မရှိ ရိုက်ယူနိုင်မည်ဖြစ်သည်။ “Intelligent Switch” လုပ်ဆောင်ချက်နှင့်အတူ သင်၏ ကင်မရာမှ Wide Shot Mode အသုံးပြုနိုင်မည့် အချိန်ကို ခွဲခြားအကြံပြုပေးမည်ဖြစ်သည်။

25 MP ရှိသော ကင်မရာနှင့် အလင်းရောင်အားကောင်းသော နေ့လည်အချိန်တွင် ကြည်လင် ပြတ်သားသည့် ပုံရိပ်များ ရိုက်ကူးနိုင်မည်ဖြစ်ပြီး အသစ် တီထွင်ဖန်တီးထားသော Lens သည် အမှောင်ထဲတွင် အလင်းရောင်ကို မြင်သာစေပြီး အစက်အပြောက်ထခြင်းများကို လျှော့ချကာ ကြည်လင်သော ရိုက်ချက်များကို ရရှိစေမည်ဖြစ်သည်။ Selfie Camera တွင် ပါဝင်သော Selfie Focus ဖြင့် နောက်ခံကို မှုန်ဝါးစေကာ Portrait ပုံများကို အကောင်းမွန်ဆုံး ရိုက်ကူးနိုင်မည် ဖြစ်သည်။

Galaxy A 50 တွင် On-screen fingerprint ပါရှိသည့်အတွက် လက်အနေအထား ပြောင်းရွှေ့စရာမလိုပဲ ဖုန်းကို လွယ်ကူစွာ ဖွင့်နိုင်မည်ဖြစ်သည်။ Galaxy A50 သည် ပါးလွှာ၍ ချောမွေ့သောဒီဇိုင်းဖြင့် ဖန်တီးထားသောကြောင့် လက်အတွင်း မြဲမြံစွာ ကိုင်တွယ်နိုင်ပြီး အကွေးပုံစံဒီဇိုင်းနှင့် တွေ့မြင်ရမည် ဖြစ်သည်။

Galaxy A30

Galaxy A30 တွင် လျင်မြန်သော အားသွင်းစနစ်ထည့်သွင်းထားပြီး 4000 mAh ဘက်ထရီကို တပ်ဆင်ထားသောကြောင့် အစဉ်အမြဲ သွားလာလှုပ်ရှားနေရသူများအတွက် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၆.၄ လက်မ အရွယ်အစားရှိ Super AMOLED မျက်နှာပြင်ကြောင့် အကောင်းဆုံး ကြည့်ရှုမှု အတွေ့အကြုံနှင့် ဂိမ်းကစားရာတွင် စံထားရလောက်သည့် အကောင်းမွန်ဆုံးသော အတွေ့အကြုံများကို ခံစားရရှိစေမည်ဖြစ်သည်။

Galaxy A30 တွင် ချောမွေ့သော ဖုန်းအသုံးပြုမှုအတွေ့အကြုံများကိုဖန်တီးပေးထားပြီး အဆင့်မြင့် ကင်မရာနှစ်လုံးနှင့် Ultra Wide Angle Lens ပါဝင်ရုံသာမက ရိုးရှင်းပြီးလုံခြုံစိတ်ချရသော ကျောဘက်လက်ဗွေရာစနစ်နှင့် Face Unlock စနစ်များကိုလည်း ထည့်သွင်းပေးထားသည်။

Galaxy A Series ၏ ဒုတိယအသုတ်အနေဖြင့် Galaxy A10 နှင့် A20 တို့အား အဆင့်မြင့်သော လုပ်ဆောင်ချက်များကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် သုံးစွဲလိုသူများအတွက် လာမည့်လထဲတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

Samsung သည် Galaxy A Series တစ်ခုလုံးဖြင့် သုံးစွဲသူများအား အဆင့်မြင့်သော စမတ်ဖုန်း လုပ်ဆောင်ချက်များကို ပို၍သင့်တင့်သောဈေးနှုန်းများဖြင့် ရရှိစေနိုင်ရန် ရည်ရွယ်သည်။ Galaxy A30/A50 ဝယ်ယူသူများအနေဖြင့် Premium Care ဝန်ဆောင်မှုဖြစ်သည့် no worry crack (ဝယ်ယူပြီးချိန်မှ ၃ လအတွင်း အရှေ့မှန်ကွဲလျှင် မှန်ပြန်လဲချိန်တွင် ၄၀ ရာခိုင်နှုန်းအထိ သက်သာခွင့် ရရှိမည် ဖြစ်သည်) အစီအစဉ်ကို ခံစားခွင့် ရရှိမည် ဖြစ်သည်။

Galaxy A30/A50 စမတ်ဖုန်းသစ် မိတ်ဆက်မှုနှင့်အတူ Samsung Myanmar သည် Mytelနှင့် ပူးပေါင်းထားသောကြောင့် RAM 4GB နှင့် ROM 64GB ပါဝင်သော Galaxy A30 နှင့် A50 ဝယ်ယူသူများအနေဖြင့် အထူးလက်ဆောင်အဖြစ် လစဉ် ဒေတာ အသုံးပြုမှု 2GB နှင့် Mytel ဖုန်းအချင်းချင်း ခေါ်ဆိုမှု မိနစ်ပေါင်း ၂၀၀ အား ၆ လဆက်တိုက် ရရှိနိုင်မည် ဖြစ်သည်။ 6GB RAM နှင့် 128GB ပါဝင်သော Galaxy A50 ဝယ်ယူသူများအနေဖြင့် အထူးလက်ဆောင်အဖြစ် ဒေတာ အသုံးပြုမှု 3GB နှင့် Mytel ဖုန်းအချင်းချင်း ခေါ်ဆိုမှု မိနစ်ပေါင်း ၃၀၀ အား ၆ လ ဆက်တိုက် ရရှိမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ Samsung ချစ်သူများအနေဖြင့် ကြိုတင်မှာယူလိုပါက မတ်လ ၁၈ ရက်မှ မတ်လ ၂၇ ရက်၊ ၂၀၁၉ အတွင်း နီးစပ်ရာ Samsung အရောင်းဆိုင်နှင့် ရန်ကုန်၊ မန္တလေးမြို့အတွင်းရှိ အရောင်းကိုယ်စားလှယ်ဆိုင်များတွင် စရန်ငွေ ၃၀,၀၀၀ ကျပ်ပေးသွင်း၍ မှာယူနိုင်မည် ဖြစ်သည်။ ကြိုတင် မှာယူသူများအနေဖြင့် မှာယူထားသော ဖုန်းများအား အဆိုပါဆိုင်များတွင် မတ်လ ၂၈ ရက်၊ ၂၀၁၉ မှစတင်၍ သွားရောက်ထုတ်ယူနိုင်သည်။ အထူးအခွင့်အရေးအနေဖြင့် ကြိုတင်မှာယူသူများသည် lucky draw အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပြီး ကံထူးသူ အယောက်နှစ်ဆယ်သည် ဧပြီလပထမအပတ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် Galaxy A Series မိတ်ဆက်ပွဲအခမ်းအနားသို့ စရိတ်ငြိမ်း သွားရောက်ခွင့်ရရှိမည်ဖြစ်သည်။

Galaxy A30 နှင့် A50 စမတ်ဖုန်းများအား မြန်မာနိုင်ငံအဝန်းတွင် မတ်လ ၂၉ ရက်၊ ၂၀၁၉ မှစတင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Galaxy A30 အား အဖြူရောင်၊ အမည်းရောင်နှင့် အပြာရောင်အား လိုင်းအစင်း ရောင်ပြန် ဒီဇိုင်းပုံစံဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Galaxy A50 အား အဖြူ၊ အမည်း၊ အပြာရောင်အား သက်တန့်ရောင် ရောင်ပြန်ပုံစံဒီဇိုင်းဖြင့် ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်သည်။

ဈေးနှုန်းအနေဖြင့် 64 GB Storage နှင့် 4GB RAM ပါဝင်သော Galaxy A30 အား ၃၄၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ 64GB storage နှင့် 4GB RAM ပါဝင်သော Galaxy A50 အား ၄၃၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ 6GB storage နှင့် 128 GB RAM ပါဝင်သော Galaxy A50 အား ၅၁၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီးဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top